သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှားကျွန်းစုတွေတလျှောက်မှာ နေထိုင်ကြတဲ့ လူသန်းပေါင်းများစွာဟာ ဒီကနေ့ ရှားရှားပါးပါး နေအပြည့်ကျပ်တာကို တွေခွင့်ရကြပါတယ်။

ဗုဒ္ဓဟူးနေ့ အရုဏ်တက်ပြီးချိန်လေးမှာ ကမ္ဘာဂြိုဟ်နဲ့နေအကြား လမင်းကြီး စပြီးဝင်သွားတာကို ပြည်နယ် ၁၂ ခုနဲ့ မတူညီတဲ့ အချိန်သတ်မှတ်ချက် ရှိတဲ့ ဒေသတွေကလူတွေဟာ အားကစားရုံတွေ၊ စိုက်ခင်းတွေ နဲ့ တောင်ကုန်းတွေပေါ် ကနေ စောင့်ကြည့်ကြ တာပါ။ နှစ်မိနစ်ကြာ နေကျပ်သွားတဲ့ အမှောင်ဖုံးချိန်လေးအတွင်း နေကျပ်ရာလမ်းကြောင်းတလျှောက်က ရွာတွေမှာ ဆုတောင်းပွဲ တွေ၊ ဘာသာရေးဝတ်ပြုပွဲတွေ လုပ်ကြပါတယ်။

အမေရိကန်အာကာသအေဂျင်စီ NASA က သိပ္ပံပညာရှင်တွေအပါအ၀င် ကမ္ဘာတ၀န်းက လူထောင်ပေါင်းများစွာ ဟာလည်း နေကျပ်တာကို စောင့်ကြည့် ကြပါတယ်။ NASA သိပ္ပံပညာရှင်တွေကတော့ Maluku ကျွန်း ကနေ စောင့်ကြည့်ကြတာပါ။ အင်ဒိုနီး ရှားနိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေ မှာတော့ ကောင်းကင်မှာ တိမ်ဖုံးနေတာကြောင့် နေကျပ်တာကို အပြည့်အ၀ မတွေ့ကြရပါဘူး။

အာရှတိုက်က တချို့နေရာတွေ၊ သြစတြေးလျနိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာထဲ ကနေပြီးတော့လည်း နေကျပ်တာကို တစိတ်တပိုင်း တွေ့ ကြရပါတယ်။

ဒီ့မတိုင်ခင် အပြည့်အ၀နေကျပ်တာကို လွန်ခဲ့တဲ့တနှစ် ဒီလမှာပဲ နော်ဝေးနိုင်ငံ၊ အာတိတ် Svalbard ကျွန်းတွေပေါ်ကနေ တွေ့ခဲ့ ကြရတာပါ။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ နောက်တကြိမ် နေကျပ်မှာဖြစ်ပြီး အဲဒီအချိန်ကျရင်တော့ အမေရိကန်ပြည်ထောင်စုကနေ တွေ့မြင်ကြရပါလိမ့်မယ်။

XS
SM
MD
LG