သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေစွမ်းအင်သုံးလေယာဉ် ကာလီဖိုးနီးယားရောက်ပြီ

နေစွမ်းအင်သုံးလေယာဉ်
နေစွမ်းအင်သုံးလေယာဉ်

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ သူ့ရဲ့ ကမ္ဘာတလွှား ခရီစဉ်အတွင်း အစွန့်စားရဆုံး ပျံသန်းမှုဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကို ၅၆ နာရီ အောင်အောင်မြင်မြင် ဖြတ်သန်း ပျံသန်းပြီးနောက် အမေရိကန်ပြည်ထောင်စု ပစိဖိတ်ကမ်းရိုးတန်း ကာလီဖိုးနီးယားပြည်နယ်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းတာမှာ အရေးပေါ် ဆင်းသက်နိုင်တဲ့နေရာ မရှိတာကြောင့် အန္တရာယ်ရှိတဲ့ ပျံသန်းမှုဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 ဟာ စနေနေ့ည သန်းခေါင်မတိုင်မီလေး ကာလီဖိုးနီးယားပြည်နယ် Silicon Valley က Moffett Airfield လေဆိပ်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ စနေနေ့ အစောပိုင်းမှာတော့ စောင့်ကြည့်သူတွေ မြင်ရဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့က Golden Gate တံတားပေါ်မှာ ပံျသန်းပြခဲ့တာပါ။ ဒါပေမယ့် လေတိုက်နှုန်း လျော့နည်းသွားတဲ့ ညအချိန် မတိုင်ခင်အထိ လေထဲမှာ ပျံဝဲနေခဲ့ပါတယ်။ Silicon Valley မှာ ခရီးတထောက် ဆင်းသက်ရတာက ကမ္ဘာတပတ် ခရီးစဉ်ကို ဆက်ဖို့အတွက် အထောက်အပံ့ ဖြစ်စေ တယ်လို့ လေယာဉ်မှူး Bertrand Piccard က ပြောပါတယ်။

လေယာဉ်ဟာ တနာရီကို ၄၅ ကီလိုမီတာနှုန်း အတော်လေး နှေးကွေးတဲ့နှုန်းနဲ့ ပျံသန်းနေပြီး နေရောင်ခြည် အားကောင်းတဲ့အခါမှာတော့ အမြန်နှုန်းကို နှစ်ဆလောက် မြှင့်ပြီး ပျံသန်းပါတယ်။ Solar Impulse 2 လေယာဉ်ဟာ အမေရိကန်ပြည်ထောင်စုတဝန်းကိုဖြတ်ပြီး နယူးယောက်ပြည်နယ်ကို ပျံသန်းမှာဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဥရောပ ဒါမှမဟုတ် မြောက်အာဖရိကကိုဦးတည်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး တော့ ၂၀၁၅ ခုနှစ် မတ်လမှာ ခရီးစဉ်စတင်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု Abu Dhabi မြို့တော်ကို ပြန်သွားမှာပါ။

နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 ရဲ့ ကမ္ဘာတပတ် ပျံသန်းမှုခရီးစဉ်အတွင်း မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၀၁၅ ခုနှစ် မတ်လ တတိယပတ်အတွင်း ခရီးတထောက် ရပ်နားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG