သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဗိုလ်မှူးကြီးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူး (အပိုင်း - ၂)


ဦးခင်မောင်ညွှန့် ။ ။ဗိုလ်မှူးကြီးကြည်မောင်က ကျနော်တို့ ရဲ့ ဧရာဝတီတိုင်းမှာ၊ သူက ကျနော်တို့ ရဲ့ တိုင်းမှူးပေါ့ ခင်ဗျာ။ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒါပေမယ့် တိုင်းမှူးနဲ့ ကျနော်တို့ ၊ ဒီတပ်စုမှူး အဆင့်ဆိုတာ အင်မတန်မှ ကွာခြားတာပေါ့ နော်။ သို့ သော်လည်း၊ သူကလည်း ပွင့်ပွင့်လင်းလင်း စကားပြောရင်း ပြုရင်းနဲ့ မှ၊ သူ့ အကြောင်းတွေ ပြောပြ၊ သူ့ ခံစားချက်တွေ ပြောပြပေါ့နော်။ အဲဒီတာ့မှ၊ ကျနော်တို့ က သူတို့ ဆီကနေ၊ အပြင်လောကက လူတွေ မသိ နိုင်တဲ့ အချက်အလက်တွေ ကျနော်တို့  သိလာရတာပေါ့။ ၆၂ ခုနှစ် အာဏာသိမ်းတာတို့ ၊ တပ်ထဲမှာ၊ တော်လှန်ရေး ကောင်စီ အတောအတွင်းမှာ ဖြစ်ပျက်တာတို့ ၊ စီးပွားရေးမူ ကိစ္စတွေ နဲ့ ပတ်သက်ပြီးတော့ အချင်းများကြတာတို့ ၊ နော်။ ဟို၊ ငွေစက္ကူ ရာတန်တွေ၊ ငါးဆယ်တန်တွေ ဒါ သိမ်းတဲ့ကိစ္စတွေ၊ အမျိုးစုံပေါ့ဗျာ၊ နောက်ပြီး ဂျပန်စစ်လျော် ကြေးသွားပြီးတော့ တောင်းတဲ့အခါမှာ၊ ဖြစ်တဲ့ပြဿနာတွေ။ အဲဒါတွေ၊ ကျနော်တို့ သိခဲ့ပြုကြရတာပေါ့။ ဗိုလ်မှူးကြီး ကြည်မောင်က၊ ဘာပြောလဲ ဆိုတော့၊ သူ့ ဧရိယာထဲမှာဘဲ ဒီ ဒီ “အုန်းတောဆွေးနွေးပွဲ” လုပ်တာကိုး၊ လုပ်တော့၊ သူကတိုင်းမှူး ပေါ့ဗျာ၊ တိုင်းမှူးဆို တော့၊ သူက၊ ဗိုလ်နေ၀င်းကတဲ့၊ သူတို့ လုပ်တဲ့ ဒီလမ်းစဉ် ဆိုတာလည်း၊ ကျုပ်က မယုံကြည်ဘူး တဲ့၊ အလကားပဲတဲ့၊ ဒါ၊ လုပ်နည်းလုပ်ဟန်တွေလည်း ကျုပ် မကျေနပ်ဘူးတဲ့။ အဲဒီတော့ ကျုပ်တိုင်းထဲ မှာ လာလုပ်ပေမဲ့၊ ကျုပ်က ဘာမှ Support မပေးဘူး။ မပေးတော့ မပြုတော့၊ နောက်၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး၊ သူ့  ကိုပြောတော၊့ သူကလည်း သိပ်ပြီးတော့ကို ဟိုဟာဖြစ်နေပြီ၊ စိတ်ကလည်း ကုန်နေပြီပေါ့။ အဲဒီအချိန်မှာတော့၊ ဗိုလ်ချုပ်အောင်ကြီးက ထွက်သွားပြီးပြီ၊ ဒုတိယ ထွက်တဲ့လူကတော့ ဗိုလ်မှူးကြီးကြည်မောင်ပေါ့။

ဦးရော်နီညိမ်း။ ။အဲဒီတုန်းက ဒီ အုန်းတောမှာ လုပ်တယ်ဆိုတာက၊ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီအလုပ်သမားနှီးနှောဖလှယ်ပွဲတွေ လယ်သမားနှီးနှောဖလှယ်ပွဲတွေ၊ ဟိုမှာ ဒီမှာလုပ်တော့၊ အုန်းတောမှာ “တောင်သူ လယ်သမားနှီးနှောဖလှယ်ပွဲ” ၁၉၆၃ ခုနှစ်လုပ်တဲ့ အချိန်မှာ၊ ဗိုလ်မှူးကြီးကြည်မောင်က အဲဒီ သူ့ နယ်မြေ ဒီအနောက် တောင်တိုင်းထဲမှာ၊ အုန်းတောက ရှိပေမယ့်၊ သူက ဘာမှ မလုပ်မကိုင်ပေးခဲ့တဲ့ အတွက်ကြောင့်မို့ လို့ ၊ တော်လှန်ရေး ကောင်စီဥက္ကဌ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အဆင်မပြေဖြစ်တာပေါ့။

ဦးခင်မောင်ညွှန့် ။ ။ဟုတ်တယ်၊ ဟုတ်တယ်။ သူကပြောတာ ကျနော်က ယုံလည်း မယုံဘူး ဗျာတဲ့။ မယုံမပြုဘဲနဲ့  သွားတဲ့ပုံစံတွေကို ကြည့်မရ ပြုမရ ဆိုတော့၊ ကျုပ်က ဘာမှကို Participate မလုပ်ဘူးတဲ့၊ အဲဒီတော့ ကျုပ်ကိုလည်း ချဉ်တာပေါ့ တဲ့။ ချဉ်တော့ပြုတော့၊ ကျုပ်က ဘာပဲဖြစ်ဖြစ်ထွက်လိုက်တယ် တဲ့။ အဲဒီလိုမျိုးပြောတယ်။ အဲဒီတော့ သင်တန်းတွေ ဘာတွေ ပြီးတော့ပြုတော့ပေါ့ ဗျာ။ ကျနော်တို့ လည်း ကျနော်တို့ မိခင်တပ်ရင်း ပြန်ရတာပေါ့။ ဗိုလ်မှူး ကြီးကြည်မောင်ကလည်း သူကလည်း၊ ရန်ကုန်ပြန်ဖို့ ဖန်တီးလာတယ်။ သူက ရန်ကုန်မှာ၊ သူ့ အိမ်၊ (၄၉)လမ်း အိမ် နံပါတ် ဘယ်လောက် ဘယ်လောက် ရေကျော်မှာ၊ အဲဒါ လာပါ ၀င်ပါ၊ ပြုပါ၊ ထွက်ပါ ပြောတော့၊ ကျနော်ကလည်း တပ်ရင်းက မအူပင်မှာ ဆိုတော့၊ ရန်ကုန်ကို ဖြတ်ဖြတ်ပြီးပြန်ရတာကိုး နော်။ ကိုမြင့်ထူးကလည်း၊ သူက သာယာဝတီ မှာဆိုတော့၊ ရန်ကုန်ကို ဘဲ ဖြတ်ပြီးတော့၊ သာယာဝတီသွားရတာကိုး။ အဲဒီတော့ ရန်ကုန်မှာ ကျနော်တို့ ရပ်နားနေ တုန်း၊ တစ်ရက်၊ နှစ်ရက်လောက်ဆို၊ ဗိုလ်မှူးကြီးကြည်မောင်က ကျနော်တို့ သွားသွက်ပြီးတွေ့ ၊ ကျနော်တို့ အခြေ အနေတွေ၊ ပြောကြဆိုကြပေါ့လေ။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ အန်ကယ်၊ ကျနော် ဒီနေရာမှာ တစ်ခုဖြတ်မေးချင်လို့ ။ အန်ကယ်တို့ ၊ အဲဒီတော့ ဗိုလ်မှူး ချုပ်ဟောင်းအောင်ကြီးရယ်၊ ဗိုလ်မှူးကြီးဟောင်းကြည်မောင်ရယ်၊ အန်ကယ်တို့ ရယ်ပေါ့ နော်။ အန်ကယ်တို့ က တပ်ထဲမှာ ဆက်ရှိနေပြီးတော့၊ သူတို့ က အပြင်ရောက်သွားပြီ။ ပူးပေါင်းပြီးတော့၊ စနစ်တကျပေါ့နော်။ လျှို့ ဝှက်တဲ့ အဖွဲ့ အစည်း တစ်ခုမျိုးဖွဲ့ ပြီးတော့၊ ဒီ တိုင်းပြည်အတွက်၊ တစ်ခုခုလုပ်မယ်ဆိုတဲ့ အနေအထား၊ ရှိခဲ့ပါသလား၊ ခင်ဗျ။

ဦးခင်မောင်ညွှန့် ။ ။ဟုတ်ကဲ့ ခင်ဗျ၊ အဲဒါကတော့၊ ဒီလိုရှိတယ် ခင်ဗျ။ အဲဒီအချိန်မှာလည်း MI က၊ တော်တော်ကို၊ သူက ပေါ့နော်။ နေရာတကာမှာပေါ့ ဗျာ၊ နော်။ အင်မတန်မှ သြဇာအာဏာကြီးပြီးတော့၊ ရှိတယ် ပြုတယ်ဆိုတော့၊ နော်၊ တပ်ထဲက လူတွေက အထူးဂရုစိုက်ရတာကတော့ ပေါ့ဗျာ၊ နော်၊ ကိုယ့်အမြင်၊ ကိုယ့်အယူအဆကတော့၊ ကိုယ့် ယုံကြည်ချက်ကတော့ ရှိတာဘဲ။ ဒါပေမဲ့ လှုပ်ရှားမှုတွေမှာတော့၊ အဲဒီတုန်းက ကျနော်တို့ နဲ့  အနီးကပ်ဆုံးရှိနေတဲ့၊ အထူးသဖြင့်ကတော့၊ ဒီ ဗိုလ်မှူးကြီးကြည်မောင်ပေါ့ ဗျာ၊ နော်။ ၁၉၆၄ ခု ပေါ့ဗျာ။ ကုန်ခါနီးပိုင်း အခြေအနေမှာတော့၊ နော်၊ တော်တော်ကိုပေါ့ ဗျာ၊ နော်။ ဟို မြေအောက်လှုပ်ရှားမှုတွေက၊ တော်တော်များများဖြစ်နေပြီ၊ ပြုနေပြီပေါ့ဗျာ၊ နော်။ အဲဒီထဲမှာ၊ ကျောင်းသားလောကမှာလည်း ရှိတယ်။ ကျနော်တို့ ၊ ရဟန်းလောကမှာလည်းရှိတယ်။ အလုပ်သမား လောကမှာလည်း ရှိတယ်။ လယ်သမားလောကမှာလည်း ရှိတယ်။ တပ်ထဲမှာကို၊ အဲဒီလိုပေါ့နော်၊ သူ့ နည်းသူ့ ဟန်နဲ့  ကတော့ ဗျာ။ သူ့ အစုတွေ သူ့ အစုတွေနဲ့  ဖြစ်နေတဲ့ အခြေအနေမျိုးဘဲ။ ပမညတ တို့ ၊ သန့် ရှင်းဖဆပလ၊ တည်မြဲ ဖဆပလ၊ ကျနော်တို့ ၊ ဒီ ဗကပ စသည်ဖြင့်၊ အဲဒါတွေ ကျနော်တို့ က၊ အဲဒီအချိန်မှာ တယ်ပြီးတော့ပေါ့ လေ။ အဲဒါတွေ ကို ကျနော်တို့ မတွက်ကြတော့ဘူး။ ဘာလို့ လဲဆို၊ ဒီ ဒီစစ်အာဏာရှင်စနစ်ကို၊ ကျနော်တို့  Common ဟိုဟာပေါ့ ဗျာ၊ Enemy (ဘုံရန်သူ) ပေါ့ နော်။ ဒီဟာကို၊ ကျနော်တို့ ဘယ်လိုသွားကြမလဲ ဆို တော့၊ အစုတွေ အစုတွေက၊ သူ့ ဟာသူ စည်းရုံးမှုအရ၊ နေရာတိုင်းလိုလိုမှာကို ရှိနေတဲ့အချိန်ပဲ ခင်ဗျ။ နော်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ အဲဒီအခါကျတော့ ဗိုလ်မှူးကြီးကြည်မောင်ကို မဏ္ဍိုင်ပြုပြီးတော့၊ ဗိုလ်ကြီးမြင့်ထူးနဲ့  ဗိုလ်ကြီးခင်မောင်ညွှန့် တို့ ၊ ဒီလိုမျိုး ဆက်စပ်နေတဲ့ အချိန်ကနေပြီး၊ နောက်ဆုံး ဘယ်လိုဖြစ်ပြီးတော့၊ ဒီ အဖမ်းအဆီး ခံရတဲ့ အနေအထားကို ရောက်သွားပါသလဲ၊ ခင်ဗျ။

ဦးခင်မောင်ညွှန့် ။ ။အတိုချုံးပြောမယ် ဆိုရင်တော့နော်၊ အမြင်တူတဲ့လူတွေချင်းဟာ အလိုလိုပေါ့ဗျာ၊ နော်။ စုစု စည်းစည်းလေးတွေ ဖြစ်လာကြတယ်။ အဲဒီလိုရှိတယ်ဆိုတာကိုလည်း၊ ဒီ ဦးနေ၀င်းရဲ့  ပေါ့ဗျာ။ ဒေါက်တိုင်တွေဖြစ်တဲ့၊ ဒီ ထောက်လှမ်းရေးပေါ့ ဗျာ။ အဲတုန်းကတော့၊ ထောက်လှမ်းရေး။ ပထမ၊ ထောက်လှမ်းရေးမှူးကြီးကတော့ ဗိုလ်မှူး ကြီးမောင်လွင်၊ နှုတ်ခမ်းမွှေးကြီးပေါ့ ဗျာ။ နောက်၊ သူ့  အောက်မှာရှိတာက ဒုဗိုလ်မှူးကြီး ချစ်ခင်(လေ)။ ဒုဗိုလ်မှူးကြီး ချစ်ခင်ကတော့၊ တော်တော်လေး၊ သူက တကယ့် ဟို၊ Gentlemanly ဘဲဗျ။ တကယ်တမ်း Involve ဖြစ်ပြီး လုပ်တာ ပြုတာကတော့၊ ကွယ်လွန်သွားပါပြီ။ အဲဒါကတော့ ဟို မျက်မှန်တင်ဦးပေါ့ ဗျာ။ အဲ၊ မျက်မှန်တင်ဦး။ အဲ သူကတော့၊ သူ့ ဆရာ ဗိုလ်နေ၀င်းကလွဲပြီး၊ ဘယ်သူ့ ကိုမှ ဆရာ မတင်ဘူး၊ နော်။ ဗိုလ်ချုပ်နေ၀င်းကလည်း၊ သူ့ ရဲ့ အာဏာ တည် မြဲရေးက၊ ထောက်လှမ်းရေးကို သူက လက်ကိုင်ထားတာဘဲ။ အဲဒီတော၊့ တပ်ထဲမှာပေါ့ ဗျာ။ နောက်ဆုံးအခြေအနေ က၊ ဘယ်လိုတွေဖြစ်လာသလဲဆိုတော့၊ “မဆလ”ပါတီကို ၀င်ရေးမ၀င်ရေးဟာတဲ့၊ မိမိတို့ ရဲ့ ၊ တပ်မတော်သားတွေရဲ့  ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ရမဲ့ကိစ္စပါတဲ့။ အဲဒါကို အတိအကျ အဲဒီလိုကြေညာပြီး၊ နောက်ပိုင်းကျတော့၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်(မဆလ) ပါတီဟာတဲ့၊ အမာခံဟာ တပ်မတော်အမာခံ ဖြစ်တယ်ပေါ့။ အဲဒီတော့ တပ်မတော်ထဲ က၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၀င်ရေး အတွက်ကို၊ အဓိက ဦးဆောင်ပြီးလုပ်ရမယ်ဆိုတော့၊ ဘယ်လိုဖြစ်လာ သလဲဆိုတော့၊ ဟို ၀င်တဲ့လူမရှိဘူးလေ၊ ချဉ်လာတာပေါ့ ဗျာ။ ရိုးရိုးသားသား၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ကြိုးစားချင်တဲ့ Professional Soldierတွေက၊ တပ်ထဲမှာ ဒီလို မကျေနပ်မှုလေးတွေက ဖြစ်လာကြတယ်။ အဲဒီအချိန် အပြင်မှာ ရောက်နေတဲ့၊ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးကြီးကြည်မောင်၊ သူတို့ ကိုပေါ့၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ Expect လုပ်ကြတယ်ပေါ့။ တိုင်းပြည်အတွက်ကို တစ်ခုခုလုပ်နိုင်မလားပေါ့ လေ။ အဲဒီတော့၊ အဲဒီ အပေါ်မှာ လက်ဦးမှုကိုယူပြီး ဗျာ၊ တပ်ထဲကနေတော့၊ ဘာပဲဖြစ်ဖြစ် တော်လှန်ပုန်ကန်ဖို့ တော့ အစီအစဉ် ရှိမယ်၊ ပြုမယ်၊ ဘာမယ်၊ ဆိုတော့၊ သူတို့  ကို ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင်တို့ ကို ဆွဲတဲ့အခါမှာ၊ သူတို့ နဲ့  နီးစပ်ရာ လူတွေရော၊ သူတို့  မသင်္ကာ တဲ့ လူတွေရောပေါ့ ဗျာ။ ထောက်လှမ်းရေးအဆိုက၊ သူတို့ လိုချင်တဲ့လူကို ရဖို့ အတွက်က၊ လူ (၁၀၀၀)ဘဲ ဖမ်းဖမ်း၊ (၅၀၀)ဘဲ ဖမ်းဖမ်းပေါ့ဗျာ၊ ရသလောက် အကုန်လုံးဆွဲသွင်းထား။ နောက်မှ ဒီဟာတွေကို ပြန်ပြီး သူတို့ ဆုံးဖြတ်မယ်၊ ဆိုပြီး တော့မှ၊ လုပ်တယ်။ ကျနော်တို့ တင် မဟုတ်ပါဘူး။ ဒီ.. ဒီစနစ်အပေါ်မှာ မကြိုက်တဲ့လူတွေ၊ သူတို့ မယုံကြည် ရဘူးထင်တဲ့ ဒီ အရာရှိတွေ ရော၊ အကုန်လုံး ဆွဲပြီးတော့ ဖမ်းလိုက်တာပဲ ခင်ဗျ။ ၁၉၆၄ ကုန်ခါနီးပေါ့။ ကုန်လုဆဲဆဲ လောက်မှာ၊ ကျနော်က အမှတ်(၃၈)ခြေလျင်တပ်ရင်း ပေါ့၊ အဲဒါက ပုသိမ်မှာရှိတာ ခင်ဗျ။ ၀ါးယားချောင်း မှာပေါ့။ အဲဒီကို၊ ကျနော်က ပြောင်းရွှေ့ ပြီးတော့ တာဝန်ယူရတယ်။ နောက်ပိုင်းမှာ၊ ကျနော်တို့ သိရတာက၊ ဗိုလ်မှူးချုပ် အောင်ကြီးက၊ အဲဒီမှာ မေမြို့ ကနေ၊ သူ ရန်ကုန်ဆင်းလာမယ်။ ရန်ကုန်ရောက်တဲ့အခါမှာ၊ သူတို့ အချင်းချင်း တိုင် ပင်ပြီးတော့၊ ကျနော့် ဒီပုသိမ်ဘက်ကိုပဲ ဆင်းလာဖို့ ၊ ဒီ အစီအစဉ်လေးရှိတယ်လို့ ၊ ကျနော် နောက်ပိုင်းမှာ သိရတယ်။ အဲဒီအချိန်မှာ၊ ဗိုလ်မှူးကြီးကြည်မောင်ကလည်း၊ ကျနော် အဖမ်းမခံရခင် (၃)ပတ်လောက်အလိုမှာ ထင်တယ်။ သူက လည်း၊ ရန်ကုန်မှာ ရှောင်နေရပြီ။ ပုန်းနေရပြီပေါ့ဗျာ၊ နော်။ နောက်ပိုင်းမှာ သိရတာက၊ ဗိုလ်မှူးချုပ်အောင်ကြီးဟာ၊ အချိန်မှီ ရောက်မလာနိုင်ဘူး။ ဗိုလ်မှူးကြီးကြည်မောင်ကလည်း၊ ရန်ကုန်မြစ်ထဲမှာ သမ္မန်ပေါ်မှာပေါ့ဗျာ၊ နော်။ အဲဒီ လိုဘဲ၊ ပုန်းအောင်းနေရင်းပြုရင်းနဲ့ ၊ တစ်နေ့ မှာတော့၊ အဲဒီလိုဘဲ ကုန်းပေါ်ပြန်အတက်မှာ၊ ထောက်လှမ်းရေးက ဖမ်း မိပြီးတော့ ဆွဲခေါ်သွားတာပေါ့ နော်။ ကျနော်ကလည်း၊ အဲဒီလိုဘဲ။ အဲဒီတုန်းကက၊ ပုသိမ်မှာက၊ ကျနော်တို့ အမှတ် (၄) ထောက်လှမ်းရေးတပ်ရှိတယ်ပေါ့ နော်။ သူတို့  မယုံကြည်ရဘူး ထင်တဲ့ အရာရှိတွေရော၊ ဘာတွေရော၊ အကုန် လုံး ဆွဲပြီးတော့ ဖမ်းလိုက်တာပဲ ခင်ဗျ။ တစ်ခါတည်း၊ သူတို့ ကားနဲ့ ခေါ်သွားပြု သွားပြီးတဲ့နောက်၊ ပုသိမ်ထောင်ကို သွားတာ။ အဲဒီတော့ ထောင်ထဲမှာ ကျနော့်မှာ၊ (၁၄)ရက်လောက်၊ ကြိုးတိုက်ထဲမှာ နေရတယ် ဗျ။ တစ်နေ့ ကျတော့၊ အဲဒါ၊ ကျနော့်ကို တစ်ခါ တည်း၊ အပြင်ကို ဒီလိုပဲခေါ်သွားရော။ လေဆိပ်ခေါ်သွားတာ။ Cessna လေးကလည်း၊ အဲဒီမှာ လေဆိပ်ရောက်တော့ ဆိုက်နေပြီးပြီ၊ အဲဒီ Cessna ပေါ်တက် ဆိုတာနဲ့ ။ အဲဒါနဲ့  ကျနော်တို့ ၊ အဲဒါ ရေကြည်အိုင်ထဲ ရောက်သွားတာ။

ဦးရော်နီညိမ်း။ ။အခုလို ပုသိမ်ထောင်က တဆင့်၊ လေတပ်စစ်လေယဉ် Cessna နဲ့ ၊ ရန်ကုန်က ဗဟိုထောက်လှမ်း ရေးတပ် ရေကြည်အိုင် အကျဉ်းထောင်ကို၊ အပို့ ခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့် ဟာ၊ ကလောင်အမည် “မောင်စည်သာ”နဲ့ ၊ ၁၉၇၀ ခုနှစ် အစောပိုင်းက “ရှုထောင့်”ဂျာနယ်မှာလည်း၊ စာရေးသားခဲ့ဖူးပြီးတော့၊ ဗိုလ်ကြီးမြင့်ထူး ရေကြည်အိုင်မှာ နှိပ်စက်ညှင်းပန်းခံရပြီး ကျဆုံးသွားခဲ့ရတဲ့အကြောင်းကိုလည်း၊ “သပြေတစ်ခက် ကြွေရက်ကယ်စော” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၊ အခုအခါ မြန်မာ့တပ်မတော်နဲ့ တစ်ခြားသော စစ်ရေးစစ်ရာတွေကို အဓိကထား ဖော်ပြနေတဲ့၊ “စည်းလုံးခြင်းရဲ့ အင်အား” ဆိုတဲ့ internet website ပေါ်မှာလည်း၊ အခန်းဆက် ရေးသားခဲ့ပါတယ်။ သူနဲ့ အတူ၊ အဲဒီအချိန်ကလည်း၊ ရေကြည်အိုင်မှာအကျဉ်းကျနေတဲ့ ကွယ်လွန်သူ NLD ခေါင်းဆောင်၊ စာရေးဆရာ မောင်သော်က (သို့ မဟုတ်) ရေတပ်အရာရှိဟောင်း ဗိုလ်မှူးဘသော် တို့ ဟာ၊ ဗိုလ်ကြီးမြင့်ထူးလည်း ရေကြည်အိုင်ထဲ ရောက်လာခဲ့ပြီ ဆိုတာ၊ ရိပ်မိ သိရှိခဲ့ရပါတယ်။ ဦးခင်မောင်ညွှန့် နဲ့ မေးမြန်းဆွေးနွေးပြောဆိုထားတာတွေကို၊ ဆက်ပြီး တင်ဆက်လိုက် ပါတယ် ခင်ဗျာ။

ဦးခင်မောင်ညွှန့် ။ ။ ပထမ ကျနော်တို့ ပေါ့လေ၊ စိတ်ဓါတ်ရေးရာအနေနဲ့ ရော၊ ကိုယ်ခန္ဓာအရ သော်လည်းကောင်း ပေါ့ နော်၊ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းတဲ့ ငရဲခန်းတွေမှာ၊ နေခဲ့စဉ်ကတော့၊ ဘယ်သူဘယ်ဝါ ရှိတယ်ဆိုတာ၊ ဘာမှမသိဘူး။ အဲဒီလို နောက်ဆုံးမှာပေါ့။ ကျနော်လည်း၊ အဲဒီမှာ Hunger Strike လုပ်တာပဲ။ တော်တော်ကြာတယ် ခင်ဗျ၊ နောက်ဆုံး ဒီကောင်ကိုတော့၊ တို့ ဆက်ပြီးညှင်းလို့ လည်းမရတော့ဘူး။ ဆက်ပြီးတော့လည်း၊ ဒီကောင် ဖေါ် တော့မှာမဟုတ်ဘူး၊ မပြုတော့ဘူးဆိုပြီးတော့ ဖြစ်တဲ့အခါမှာ၊ cell အခန်း (ရေကြည်အိုင်ထဲက သီးသန့် နေရာမှာ၊ အပြင်းအထန်ညှင်းပန်းနှိပ်စက်ရန် အထူးပစ္စည်းကိရိယာများဖြင့်၊ မျက်မှန်/လန်ဘား ဒုဗိုလ်မှူးကြီးတင်ဦး၏ အစီ အစဉ်ဖြင့်၊ စီမံဆောက်လုပ်ထားသော၊ တဦးချင်းကို အပြင်းအထန်ညှင်းပန်းနှိပ်စက်သည့် ငရဲခန်းများ) ကနေ၊ နောက်ဆုံး ကျနော့်ကို ရေကြည်အိုင်ထောင်မကြီးထဲ ပြန်ပြီးတော့ ပို့ လိုက်တာဘဲ။ ကျနော်နဲ့ အနီးကပ်ဆုံးနေရာက ပေါ့လေ။ အခုတော့။ ကွယ်လွန်သွားတဲ့ ရဲဘော်သုံကျိပ်ဝင် ဗိုလ်မှူးအောင် ပေါ့။ ဟိုးအစွန်ဆုံးက၊ ဗိုလ်မှူးကြီးချစ်မြိုင်၊ သူပြီးတော့ ဦးနု။ ညာဘက်အစွန်ဆုံးမှာတော့၊ သူတို့ ထောက်လှမ်းရေးကဘဲ။ ကျနော်တို့  War Office ကဘဲ။ သူက အဲဒီအချိန်မှာ ဇင်းမယ်(ချင်းမိုင်)မှာ၊ ကျနော်တို့ စစ်သံမှူး ချာလီသိန်းရွှေ ဆိုတာ၊ ဒုဗိုလ်မှူးကြီး အဆင့် ခင်ဗျ။ အလယ် တန်းမှာတော့ ကျနော်တို့ ဗိုလ်မှူးကြီးတင်မောင်(စာရေးဆရာ မြတ်ထန်)၊ နော်။ အဲဒီတုန်းကတော၊့ သူက တပ်မဟာ မှူးပေါ့ ခင်ဗျာ။ တပ်မဟာ(၁၂)မှာ၊ သူက မအူပင်မှာ တာဝန်ယူသွားတာ၊ သူရှိတယ်။ နောက် ဗိုလ်မှူးကြီးကျော်မြင့် ခင်ဗျ။ နောက်ပြီးတော့ ဦးကျော်ငြိမ်း (ဖဆပလ-တည်မြဲ ခေါင်းဆောင်)။ နောက်ပြီးတော့၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ် လက်ျာရဲ့ ကြယ်ငါးပွင့် ကုမ္မဏီ မှာလုပ်သွားတဲ့ဒုဗိုလ်မှူးကြီး မျိုးအောင်ခင်ဗျ၊ နောက်ကျနော်တို့ လေတပ်က ဗိုလ်ကြီး ခင်အောင်လှ။ သူ့ မိန်းမနဲ့ သူနဲ့ က၊ အတူတူ အဖမ်းခံရတာဗျ၊ ဒါပေမယ့် ခွဲ ချုပ်ထားတာပေါ့ နော်။ သူပြီးတော့မှ ဟို ဘက်ထဲက ၀င်းမှာက၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်းခင်ဗျ၊ တရားသူကြီးချုပ် ဦးမြင့်သိန်း။ နောက်ပြီးတော့၊ အဲဒီ တုန်းက သာသနာရေးဝန်ကြီး ဦးဝင်း (ပထစခေါင်းဆောင်ဟောင်း၊ ခေတ်ပြိုင်ဂျာနယ်ကို တည်ထောင်ခဲ့သည့် ကွယ် လွန်သူ ဦးတင်မောင်ဝင်း၏ ဖခင်) ပေါ့နော်။ နောက်ပြီးတော့ ကွယ်လွန်သွားတဲ့ ကျနော်တို့ ကျိုက်မရော ဦးသွင် (ဗိုလ်ချုပ်သွင်)၊ နောက် ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်) ၊ ဗိုလ်မင်းခေါင်ရှိတယ်။ နောက်၊ သမ္မတကြီး မန်းဝင်းမောင်။ အဲဒီပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့ဗျာ၊ နော်။

ဦးရော်နီညိမ်း။ ။ နောက်သတင်းပတ် မေလ (၉) ရက်နေ့ ၊ တနင်္ဂနွေနေ့ မနက်မှာတော့၊ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့် ပြောပြတဲ့၊ ဗိုလ်ကြီးမြင့်ထူး ရေကြည်အိုင်အကျဉ်းစခန်းထဲမှာ ကျဆုံးသွားခဲ့ရပုံ၊ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ပေးပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG