ဦးရော်နီညိမ်း။ ။ လူကုန်ကူးခံရသလိုလိုနဲ့ လေတပ်သားဖြစ်လာခဲ့ရတဲ့ ဆောင်းပါးရှင်မြင့်မို(ရ်)ဟာ၊ ပျဉ်းမနား-မိုးညိုက တပ်သား သစ်တွေအတွက် လေ့ကျင့်ရေးတပ်မှာ၊ အခြေခံစစ်ပညာတွေ ပထမဆုံးသင်ယူခဲ့ရပါတယ်။ အဲ့ဒီကနေ၊ လေတပ်ရဲ့ မိတ္ထီလာ “မြေပြင် အတတ်သင် လေတပ်စခန်း”ထဲက၊ စက်မှုလက်မှုအတတ်သင်ကျောင်း(စလက)မှာ သင်တန်းဆက်တက်ခဲ့ရပါတယ်။ (စလက)မှာ သင်တန်း ပြီးသွားတော့၊ တပ်မတော်(လေ)လက်အောက်ခံ ဘယ်ဒေသက လေတပ်စခန်းတွေမှာ တာဝန်ကျမယ်ဆိုတာဆိုတာ စောင့်ဆိုင်းနေရတဲ့ ကာလအတွင်းမှာ၊ တပ်ထဲကနေထွက်ပြေးသူတွေ ရှိနေတဲ့အကြောင်း တွေအပါအဝင်၊ သူ့ရဲ့အတွေ့အကြုံတွေကို၊ ပြီးခဲ့တဲ့ မေလ(၃၀)ရက် တနင်္ဂနွေနေ့ “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍ၊ “လေတပ်သားတစ်ဦး၏ ဘဝကောက်ကြောင်း - အပိုင်း(၁)” မှာ ထုတ်လွှင့်ခဲ့ ပြီးဖြစ်ပါတယ်။ အခုတခါတော့၊ “စည်းလုံးခြင်းရဲ့ အင်အား” internet website ပေါ်က၊ ဆောင်းပါးရှင် မြင့်မို(ရ်)ရဲ့ ဆောင်းပါးတွေကို အခြေခံပြီး၊ “လေတပ်သားတစ်ဦး၏ ဘဝကောက်ကြောင်း - အပိုင်း(၂)”ကို၊ ဒီသီတင်းပတ်မှာ တင်ဆက်လိုက်ပါ တယ်။ ဗီအိုအေဝိုင်းတော် သား ကိုရန်နိုင်က၊ လေတပ်သားတစ်ဦးအဖြစ် ပါဝင်အားဖြည့်ကူညီထားပါတယ် ခင်ဗျာ။
လေတပ်သားတစ်ဦး။ ။ အဲဒီလို မိခင်ကျောင်းတော်ကြီး (စလက)ကို၊ သံချောင်းမခေါက် နှုတ်မဆက်ပဲ၊ ကသုတ်ကရက်နဲ့ ရုတ်တ ရက်ထွက်ခွာ၊ တပ်ပြေးအဖြစ် ဘဝတပါးကို ပြောင်း ေ့ရွှသွားသူ တစ်ယောက်ရှိလာတိုင်း၊ (စလက)တပ်မှူးအဆက်ဆက်ဟာ၊ တပ်ပြေး ရဲဘော်တစ်ယောက်စီရဲ့ ပြန်မရတော့တဲ့ စစ်ဝတ်စုံအတွက်၊ အပြင်က စစ်ပစ္စည်းမှောင်ခိုဈေးကနေ၊ ပြန်ဝယ်ထည့်ကြရပါတယ်။ ကာလ ပေါက်ဈေး အနည်းဆုံး ကျပ်နှစ်သောင်းစီနဲ့ အစားဝယ် ပြီး၊ တပ်ထောက်ဌာနကို အလျော်ပေး နေကြရပါတယ်။ ကိုယ့် အိတ်ထဲကတော့ စိုက်လျော်ကြရတာတော့ မဟုတ်ပါဘူး။ အဲဒီလိုအလျော်အစားကိစ္စတွေထဲ မှာ၊ ဈေးအကြီးဆုံးက တပ်သားသစ်ရဲ့ တန်ဘိုးပါ။ လေတပ်ရဲ့ တပ်တွေဟာ သတ်မှတ်ပေးထားတဲ့ခွဲတမ်းအရ တစ်လကို တပ်သားသစ်(၁၀)ယောက်နှုန်းစု ဆောင်းပြီးကြောင်း၊ ကကလေ(ခေါ်) ကာကွယ် ရေးဦးစီးချုပ်(လေ) ရဲ့ရုံးကို၊ လစဉ် တပ်သားသစ် စာရင်းပို့ရပါတယ်။ ဒီခွဲတမ်းအတိုင်း တပ်သားသစ် ရှာမရ ရင်၊ ဒဏ်ကြေးအဖြစ် တပ် သားသစ် တစ်ယောက်စာကို ကျပ်တစ်သိန်းနှုန်းနဲ့၊ တပ်တွေက ပေးလျှော်ကြရပါတယ်။ တစ်လလုံး တစ်ယောက်မှ မစုနိုင်ရင် ကက(လေ) ကို၊ ကျပ်(၁ဝ)သိန်း ဒဏ်ကြေး ပေးသွင်းပေတော့ ပဲ။ ကျနော်ဟာ ဒီနည်းနဲ့၊ လေတပ်မှာ၊ “ကျပ်တစ်သိန်းတန် တပ်မတော်သားကြီး” ဖြစ် လာခဲ့တာပါ။ ဒီနည်းနဲ့တောင် တပ်သားသစ် လိုက်ဆွဲလို့ မရကြဘူးဆိုရင်တော့၊ နားအေးပါးအေး ဒဏ်ကြေးပဲ သွင်းလိုက်ကြတာပေါ့ဆိုပြီး၊ တရားမဝင် လေယာဉ် ဆီရောင်းရငွေတွေကို ရှယ်ယာမခွဲကြပဲ၊ တပ်မှူးတွေ၊ အုပ်မှူးတွေ နဲ့ စခန်းမှူးတွေ၊ အချင်းချင်းညှိပြီး၊ ကက(လေ) ကို တစ်တပ်ကို တစ်လအတွက် ကျပ်(၁၀) သိန်းစီ ပို့တဲ့အလုပ်ပဲ လုပ်ကြည့်ခဲ့ကြပါ သေးတယ်။ ဒါပေမဲ့ ကျနော်တို့ လေတပ်မှာ “စိန်မျက် ခုံး”လို့ ချစ်စနိုးခေါ်ကြတဲ့၊ တပ်မတော်(လေ)ချုပ်၊ စနေသား ဦးမြတ်ဟိန်းရဲ့ နှစ်ပြားမတန်အောင် ဆူပူကြိမ်းမောင်းတာ ခံကြရတာကြောင့်၊ တပ်မှူးတွေ၊ အုပ်မှူးတွေနဲ့ စခန်းမှူးတွေဟာ၊ တစ်လကို အနည်းဆုံး တပ်သား သစ်တစ်ယောက် ကိုတော့၊ မရ ရတဲ့ နည်းနဲ့၊ ကျနော့်လို “တစ်သိန်းတန်တပ်သားသစ်”တွေ စုဆောင်းနေကြရပါတယ်။
“မြေပြင် အတတ်သင် လေတပ်စခန်း” က၊ အမှတ်တရတခုကို ဘယ်တော့မှ မမေ့နိုင်တာက၊ ကျနော်တို့ သင်တန်းသားတွေ၊ စခန်းလုံခြုံရေး အတွက် ကင်းတာဝန် ကျတုံးကပါ။ နိုင်ငံခြားစစ်ကားတွေထဲမှာ၊ တပ်တွေရဲ့အဝင်ဂိတ်တွေမှာ စနစ်တကျ စစ်ဆေးနေတာတွေ/ မသင်္ကာ ဖွယ် ထွက်ပြေးတဲ့လူတွေတွေ့ရင် ပစ်ကြ ခတ်ကြတာတွေကို မြင်ဘူးနေလို့ ၊ တပ်အဝင်ဂိတ်ကို စပြီး ကင်းစောင့်ရတဲ့နေ့က၊ ကျနော်ဟာ အရမ်းကို တက်ကြွနေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ၊ လေတပ်စခန်းလုံခြုံရေး ကင်းစောင့်စစ်သည်ဟာ၊ သေနတ်လုံးဝ ကိုင်ခွင့်မရပဲ၊ ကင်းစောင့်ကြရတာပါ။ နိုင်ငံခြားစစ်ကားထဲကလို ဂိတ်မှာ စစ်ဆေးဖို့ မဆိုထားနဲ့၊ တစ်နေ့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ယောက် ကို စစ်ဆေးတာတောင် အဆင်မပြေခဲ့ပါဘူး။ သူက ဆိုင်ကယ်ဦးထုပ်လည်း မဆောင်း၊ အင်္ကျ ီ လည်ဟိုက် ဘောင်းဘီဖင်ကြပ်နဲ့၊ ဆံပင် တွေကလည်း ဆေးဆိုးထားတဲ့အရောင်တွေနဲ့မို့၊ “ဘယ်သွားမလို့လဲ၊ ဘယ်ကလာတာလဲ”လို့ မေးလိုက်တာမှာ၊ ဒီအမျိုးသမီးက အရာရှိ ကတော် ဖြစ်နေလို့၊ “ငါ့တောင် မသိဘူးလား ဟဲ့”ဆိုပြီး၊ ကျနော် ပါးရိုက်ခံလိုက်ရပါတယ်။ အဲဒီက စပြီး၊ တပ်အဝင်ဂိတ်မှာ ကင်းစောင့် ရပြီဆိုရင်၊ ဘယ်သူလာလာ တံခါးမောင်းတံကို ဖွင့်တဲ့ပိတ်တဲ့ အလုပ်ကိုပဲ၊ လုပ်ပါတော့တယ်။
ဒီလိုနဲ့ သင်တန်းဆင်းသူတွေ၊ တာဝန်ကျရာ တပ်အသီးသီးကို သွားရမဲ့ တပ်မတော်မှတ်တမ်းရုံးက အပိုင်း(၂)အမိန့်ထွက်လာတော့၊ ကျနော် ကံကောင်းပြီး၊ တပ်မတော်(လေ)ရဲ့ နေချင်စရာအကောင်းဆုံးလို့ ဆိုကြတဲ့၊ မိတ္ထီလာ ရှမ်းတဲ (လကသ F 7 ကြားဖြတ်တိုက်လေယာဉ် အုပ် ကို ကိုရာက်ပါတယ်။ လေတပ် သင်္ချိုင်းလို့ ခေါ်ကြတဲ့၊ လျှပ်စစ်မီးမရှိ ရေရှားလှတဲ့၊ ဝေးလံခေါင်ဖျား (ဟလခ) ခေါ် ဟုမ္မလင်းနဲ့ (မလခ) ခေါ် (ဘိတ်)က လေတပ်စခန်းဌာနချုပ် အသစ်နှစ်ခု ကတော့၊ ဘယ်သူမှ မသွားချင်ကြတဲ့နေရာတွေပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးသန်းရွှေက မြေပုံပေါ်မှာတွေ့တဲ့ ဒုတိယကမ္ဘာစစ်လက် ကျန် လေယာဉ်ပြေးလမ်းတို ရှိတဲ့နေရာတွေကိုပါ၊ လေတပ်စခန်းဌာန ချုပ်တွေ လိုက်ဖွင့်ခိုင်းနေလို့၊ ကျနော်တို့ တပ်မတော်(လေ)ချုပ်က စိတ်ညစ်ညစ်နဲ့လိုက် လုပ်နေရတယ်လို့၊ စီနီယာတွေ ဆီက ကြားဘူးပါ တယ်။ ဟုမ္မလင်းလေတပ်စခန်းဟာ ဖွင့်ခဲ့တာ (၆)နှစ်ကျော်လာခဲ့ပေမဲ့၊ ခုထိ လျှပ်စစ်မီးမရှိတာကြောင့် ကြိုး လိုင်းတယ်လီဖုံးစနစ်မရှိပဲ၊ ကက(လေ)နဲ့ ဂြိုလ်တုဖုံးနဲ့ပဲ ဆက်သွယ်နေရပြီးတော့၊ လေတပ်စခန်းဆိုပေမဲ့၊ Bell (၂၀၅)ရဟတ်ယာဉ်နှစ်စီးကိုပဲ ဟန်ပြထား ထားပါတယ်။ တပ်မတော်(လေ)ချုပ်ဟာလည်း စခန်းထဲမှာ ဆင်ရိုင်းတွေပါ ဝင်ထွက်ကျက်စားနေကြတဲ့ ဒီလေတပ်စခန်းဆီကို၊ (၆)နှစ်အတွင်းမှာ တစ်နာ ရီခရီးစဉ်အဖြစ် မျက်နှာပူပူနဲ့ တစ်ခေါက်ပဲရောက်လာဘူးတယ်လို့၊ စီနီယာတွေက ပြောကြပါတယ်။
မြန်မာပြည်တောင်ဘက်အစွန်မှာ၊ စစ်သဘောအရ ထားသင့်လို့ထားတယ်ဆိုတဲ့ (မလခ) ခေါ် ဘိတ်လေတပ်စခန်းမှာ၊ လျှပ်စစ်မီးကတော့ မထားသင့်လို့ ခုထိ မထားသေးတာလားလို့ မေးစရာဖြစ်နေပါတယ်။ မြန်မာပြည်မြောက်ဘက်အစွန်က (နလခ) ခေါ် မြစ်ကြီးနားလေတပ် စခန်းဌာနချုပ်ဟာလည်း ထူးမခြားနားပါ။ လေသူရဲတွေကို မွေးထုတ်ပေးနေတဲ့ လေယာဉ်မောင်းသင်ကျောင်း ကို၊ မိတ္ထီလာကနေ မြစ်ကြီး နားကိုေ့ရွှပြီး၊ အသံထက်မြန်တဲ့ အမ်(မ်)အိုင်ဂျီ(၂၉) တိုက်လေ ယာဉ်တွေပါ ပို့ထားခဲ့တာ၊ (၄)နှစ်လောက်ရှိနေပါပြီ။ အရာရှိတွေရော စစ် သည်တွေပါ၊ ရေနဲ့လျှပ်စစ်မီးအခြေအနေတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးနေကြရပါတယ်။ ရာသီဥတုဆိုးတဲ့ မြစ်ကြီးနားနဲ့ အမောင်း သင်ဆဲလေသူရဲလောင်းတွေနဲ့ ဘယ်လိုမှ မအပ်စပ်လို့၊ ပီတီ(၆) အမောင်းသင်လေယာဉ်တွေ ခဏခဏ ပျက်ကျကြပြီး၊ လေသူရဲလောင်း အရာရှိငယ်တွေ လေသူရဲတောင်ပံ ရင်ဘတ်မှာ မတပ်ရသေးခင်၊ သေဆုံးရပေါင်းလည်း များနေပါပြီ။ နလခရဲ့ မိသားစုတွေ အားထားရာ မြစ်ဆုံက မြစ်ရေဟာလည်း၊ ဗိုလ်ချုပ်မှူးကြီး အားထားနေတဲ့ မြစ်ဆုံစီမံကိန်းကြောင့်၊ နောက်ကျိပြီး ရေနီတွေပဲထွက်နေပါပြီ။ တခြား လေ တပ်စခန်းအသစ်တွေဖြစ်ကြတဲ့ ပုသိမ်လေတပ်စခန်းဌာနချုပ်(ပလခ)နဲ့ မကွေးလေတပ်စခန်းဌာနချုပ်(ကလခ)တို့ကတော့၊ ကျောထောက် နောက်ခံမြို့ တွေက အခြေအနေမဆိုးလို့၊ လေတပ်အရာရှိစစ်သည်တွေအတွက် အတော်အသင့်အဆင်ပြေတယ်ဆိုတာတောင်၊ လျှပ်စစ်မီး ပျက်တာကတော့ ကျန်တဲ့ လေတပ် စခန်းဌာနချုပ်တွေနဲ့ သူမသာကိုယ်မသာပါပဲ။
(စလက)မှာတုံးက သင်တန်းလာပေးတဲ့ ဗိုလ်ကြီးတစ်ယောက်ရဲ့ သြဝါဒကို ကျနော်မှတ်မိနေတာ တစ်ခုရှိပါတယ်။ “မင်းတို့ မြေပြင် အတတ် သင်လေတပ်စခန်း က၊ အရာရှိစစ်သည်တွေဟာ မင်းတို့ဆီက ရဟတ်ယာဉ်တွေလိုပဲ၊ နှေးနှေးကွေးကွေးနဲ့ ပြောင်ပြောင်လက်လက် မရှိ ကြဘူး။ ကြားဖြတ်တိုက်လေယာဉ် အုပ်နဲ့ ကတော့ ကွာပါ့ကွာ။ ဟိုက သူတို့ရဲ့ တိုက်လေယာဉ်တွေလိုပဲ၊ သွက်သွက်လက်လက်နဲ့ တောက် တောက်ပပ ရှိကြတယ်။ အေးလေ၊ ဆီစားနှုန်းချင်းမှ မတူကြပဲ ကွာ” ဆိုပြီး၊ ပြောဘူးပါတယ်။ အဲ့ဒီတုန်းက၊ သူ ဘာဆိုလိုမှန်း မသိခဲ့ရပါ ဘူး။ အခု ကျနော်ကိုယ်တိုင်၊ ကြားဖြတ်တိုက် လေယာဉ်အုပ်(လကသ)ကို ရောက်မှ၊ သဘောပေါက်သွားခဲ့ပါတယ်။ ဆီစားနှုန်းများတဲ့ တိုက် လေယာဉ်တွေက၊ ရဟတ်ယာဉ်တွေထက် လေယာဉ်ဆီ တရားမဝင်ရောင်းတဲ့နှုန်းကလည်း ပိုပြီးမြင့်မားတာကြောင့်၊ ကျနော်တို့ရဲ့ F 7ကြား ဖြတ်တိုက်လေယာဉ်အုပ်မှာ၊ ဘယ်သူ့ကိုကြည့်ကြည့်၊ သစ်လွင်တောက်ပနေကြပါတယ်။ ဒီတပ်ကို ရောက်ရောက်ချင်းနေ့က၊ စက်မှုလက်မှု အရာရှိတို့၊ တပ် ရေးဗိုလ်ကြီးတို့ကို သတင်းပို့ပြီးတော့၊ ဒီတပ်ရဲ့တပ်မှူးဖြစ်တဲ့ အုပ်မှူးဆီကို ဆက်ပြီးသတင်းပို့ရပါတယ်။ လေသူရဲတွေ ဘက်ခြမ်းက လေ အေးစက်တွေနဲ့ အခန်းတွေ၊ ကွန်ပျူတာတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ စာရေးမလှလှလေးတွေကို ဖြတ်ကျော်ပြီး၊ ရုံးခန်း ကြီးတခုထဲကိုရောက် တော့၊ နိုင်ငံ ခြားရုပ်ရှင်တွေထဲက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထိုင်ကြတဲ့ ဆုံလည်ကုလား ထိုင်ကြီးမှာထိုင်နေတဲ့ ကျနော်တို့ F 7ကြား ဖြတ်တိုက်လေယာဉ်အုပ်ရဲ့ အုပ်မှူး ကို တွေ့ရပါတယ်။ လေတပ်တစ်တပ်ရဲ့ တပ်မှူးဆိုလို့၊ (စလက)မှာတုံးက အလ ကားနေရင်း ကျနော် တို့သင်တန်းသားတွေကို လာလာပြီး ဆူပူကြိမ်းမောင်း မြက်ပေါက်ခိုင်းနေတဲ့ စွပ်ကျယ်လက်ပြတ်နဲ့ တပ်မှူးကိုပဲ မြင်ခဲ့ဘူးတဲ့ ကျနော်ဟာ၊ အခု ဆုံလည်ကုလားထိုင်ပေါ်ကနေ ဂြိုလ်တုစလောင်းတီဗီကြည့်နေတဲ့ စတိုင်ကျကျ ကျနော်တို့ရဲ့ တိုက်လေ ယာဉ်အုပ်မှူးကို တွေ့လိုက်ရ တော့၊ ကျနော်ပါ သွေးကြီးချင်သလိုလို၊ ခြေဖျားထောက်ချင်သလိုလို ဖြစ်သွားခဲ့ပါတယ်။ အုပ်မှူးက ကျနော့် ကို တစ်ချက်ပဲကြည့်ပြီး၊ “ကောင်လေးကို လိုတာတွေ ကြည့်လုပ်ပေးလိုက်”လို့ တပ်ရေးဗိုလ်ကြီးကို အမိန့်ပေးလိုက်ပါတယ်။ တပ်ရေး ဗိုလ် ကြီးက၊ ကျနော့်ကို အနောက်ဘက်ခြမ်းကို ပြန်ခေါ်သွားပြီးတော့ စက်မှု လက်မှုဘက်က ဗိုလ်မှူးဆီကို အပ်လိုက်ပါတယ်။ “ အစ်ကိုကြီး၊ ဒီ ရဲဘော်သစ်ကို ယူနီဖေါင်းရော အပေါ်အောက်တဆက်ထဲOverhaulဝတ်စုံရော အသစ်တွေ ချုပ်ပေး လိုက်ပါ။ နေတာစားတာ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးလိုက်ပါ” ဆိုပြီး ဗိုလ်ကြီးက ဗိုလ်မှူးကို ပြောသွားပါတယ်။ အစ်ကိုကြီးလို့ ခေါ်တာကလွဲရင်၊ သူ ပြောသွားသမျှ ဟာ အမိန့်ပေးသွား တာမို့၊ ဒီတိုက်လေယာဉ်အုပ်မှာ ဗိုလ်ကြီးက ဗိုလ်မှူးကို အမိန့်ပေးလို့ရသလားလို့ ၊ ကျနော် ဇဝေဇဝါဖြစ်သွားပါသေး တယ်။ ဒီတိုက်လေ ယာဉ်အုပ်ရဲ့ တရားမဝင်လေယာဉ်ဆီရောင်းလို့ရတဲ့ ငွေတွေကအစ၊ ဒီတစ်တပ်လုံးရဲ့ အတွင်းရေးအားလုံးကို၊ အုပ်မှူး က တပ်ရေးဗိုလ်ကြီး ကို အာဏာကုန်လွဲှအပ်ထားတာမို့၊ ကျနော်တို့တစ်အုပ်လုံးက သူ့ကို “သခင်တပ်ရေး”လို့ ၊ ကွယ်ရာမှာ ခေါ်ကြတာကို၊ နောက်မှ ကျနော်သိ လိုက်ရပါတယ်။ ကျနော်တောင်၊ ကိုယ့်ရဲ့ စက်မှုလက်မှုက အရာရှိတွေထက်၊ “သခင် တပ်ရေး”ကို တည့်အောင်ပေါင်း၊ သူခိုင်းတဲ့ သူ့ကိုယ် ရေးကိုယ်တာကိစ္စတွေကိုလုပ်ပေးနဲ့၊ “သခင်တပ်ရေး”ရဲ့ အရှိန်အဝါအောက်မှာ အလုပ်ကို အချောင်ခို တတ်လာပါတယ်။
ဒီလိုနဲ့ ကျနော်တို့ (လကသ)ရဲ့ လေယာဉ်ပြေးလမ်းထိပ်က၊ စပါးတို့ ပြောင်းတို့ ပဲတို့စိုက်တဲ့၊ ကျနော်တို့အုပ်မှာ၊ “မြောက်တော”လို့ခေါ်တဲ့ စိုက်ခင်းဆီကို ကျနော် ပြောင်းခဲ့ရပြန်ပါတယ်။
ဦးရော်နီညိမ်း။ ။ လေတပ်စက်မှုလက်မှုပညာရပ်တွေကို သင်ကြားတတ်မြောက်လာခဲ့တဲ့၊ ဆောင်းပါးရှင်မြင့်မို(ရ်)ဟာ သူတို့ လေ ယာဉ်အုပ်ရဲ့ သက် သာချောင်ချိရေးစိုက်ခင်းပျိုးခင်းတွေကို ရောက်ရှိသွားခဲ့ရပုံ၊ ဒီစိုက်ခင်းဟာ တပ်ရဲ့ သက်သာချောင်ချိရေးအတွက် ဟန် ပြထားရှိတာသာဖြစ်ပြီးတော့၊ တကယ့် သက်သာချောင်ချိရေးကို အရာရှိစစ်သည်တွေအတွက် ဘယ်လိုစီမံလှုပ်ရှားကြရသလဲဆိုတာတွေနဲ့၊ တပ်မတော်လေရဲ့ လျှမ်းလျှမ်းတောက် F 7ကြားဖြတ် တိုက်လေယာဉ်အုပ်က စက်မှုလက်မှုစစ်သည်တစ်ယောက်ရဲ့အတွေ့အကြုံတွေကို “လေတပ်သားတစ်ဦးရဲ့ ဘဝကောက်ကြောင်း” နောက်ဆုံးပိုင်း အပိုင်း(၃) မှာ ဆက်ပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ် ဇွန်လ(၁၃)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ စောင့် မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။