သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်သလား (အပိုင်း-၂)


စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ်(၁)က ကျောင်းဆင်းခဲ့တဲ့၊ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွန့်က၊ “လက်နက်ကိုင်တော်လှန်ရေး”ကို သူ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်း ပြန်လည်သုံးသပ်ချက်တွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ပြောပြထားပါ တယ်။ ဒီတပတ်မှာ “မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်သလား” ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြချက်(ဒု တိယပိုင်း)ကို ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။၁၉၆၀ရွေးကောက်ပွဲအကြိုကာလ အာဏာရဖဆပလပါတီကြီးရဲ့ တည်မြဲအုပ်စုက ဆိုရှယ်လစ်ခေါင်းဆောင်တွေနဲ့နီး စပ် တဲ့ မြန်မာ့တပ်မတော်ရဲ့စစ်ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ အဲဒီစစ်ခေါင်းဆောင်တွေဟာ သူတို့ထောက်ခံတဲ့ပါတီ အနိုင်ရရေးကိုသာ လုပ်ကိုင်ခဲ့တာဖြစ်ပြီးတော့၊ ဒီကနေ့လက်ရှိတပ်မတော်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကတော့ ၁၉၆၀ခုနှစ်က အဲဒီ ဆိုရှယ်လစ်အုပ်စုနဲ့နီးစပ် တဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ထက် ပိုမိုဆိုးရွားတယ်လို့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ်(၁)က ဆင်းခဲ့တဲ့ ဗိုလ်ကြီး ဟောင်းဦးခင်မောင်ညွှန့်က ဆိုပါတယ်။ အခုအခါမှာ မနေ့တစ်နေ့ကမှ တပ်ကရာထူးတွေကို စွန့်လွှတ်လိုက်ပြီးတော့ လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ဝန်ကြီးရာထူးတွေကိုတော့ မစွန့်လွှတ်နိုင်ဘဲ ဆက်ပြီးရယူထားတဲ့အပြင်၊ ရွေးကောက်ပွဲဝင်ဘို့ နိုင်ငံရေးပါတီပါ ထောင်လိုက် တဲ့ အလယ်အလတ်တန်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အပေါ်ကနေ ချုပ်ကိုင်ထားတဲ့ လက်တစ်ဆုပ်စာ ထိပ်တန်းစစ်ခေါင်းဆောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ၁၉၆၀ရွေးကောက်ပွဲအကြိုကာလထက် ပိုပြီး ဆိုးတယ်လို့ ဦးခင်မောင်ညွှန့်က ပြောပါတယ်။ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းရဲ့ ထိပ်ဆုံးကခေါင်းဆောင်နဲ့ သူ့ရဲ့ နောက်လိုက် တစ်စုကို လက်နက်ကိုင်တော်လှန်ပုန်ကန်မှ ရတော့မမယ်ဆိုတဲ့ ယုံကြည်မှု တွေဖြစ်ပေါ်လာစေတဲ့ တဖြည်းဖြည်းစုပေါင်းလာသော အကြောင်းအရင်းတွေထဲမှာ ၁၉၆၀ခုနှစ်ရွေးကောက်ပွဲအကြိုကာလ တပ်မတော်အ တွင်းအဖြစ်အပျက်တွေက ထိပ်ဆုံးက ပါဝင်ခဲ့တယ်လို့ ဦးခင်မောင်ညွှန့်က အခုလို ပြောပါတယ်။

ဦးခင်မောင်ညွှန့်။ ။ စစ်ရုံးကတော့ ညွှန်ကြားချက်ထုတ်တာကတော့ ဒီရွေးကောက်ပွဲဟာ မိမိရဲ့ ယုံကြည်ချက်အတိုင်း အဖွဲ့အစည်း တွေကို လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်၊ ဒီထဲမှာ ဘာမှ တပ်မတော်ကပါဘို့ မလိုဘူးလို့ အဲဒီ လို ညွှန်ကြားချက်တော့ စာတွေပေတွေနဲ့ ထုတ်တာပဲ။ ဒါပေမယ့် ရွေးကောက်ပွဲနီးလာတဲ့အချိန်ကျတော့ ဖြစ်လာတာက ဘယ်လိုဖြစ်လာလဲဆိုတော့ ဒါလည်း တည်မြဲတပ်မှူးကြီးတွေ ပေါ့၊ အထူးသဖြင့်တော့ အဲဒီတုန်းက တပ်မဟာတွေတော်တော်များများမှာ ဦးစီးနေကြတာက တည်မြဲတပ်မှူးကြီးတွေကိုး။ သူတို့က အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ကို ညွှန်ကြားချက်ထုတ်တဲ့အခါမှာ အထူးသဖြင့် တပ်ရင်းမှူးကို လိပ်မူပြီးတော့ပေါ့ ဗျာ၊ တပ်ရင်းမှူးက လည်း အဲဒါကို တပ်ရင်းမှာရှိတဲ့ Officer Conference ပေါ့နော်၊ တပ်ရင်းမှူးရဲ့အစည်းအဝေးမှာ ဒီ Message ကိုဖတ်တာပဲ။ "ဒီ ၁၉၆၀ ရွေးကောက်ပွဲဟာ ဒို့အတွက် အင်မတန်မှအရေးကြီးတယ်၊ အဲဒီတော့ လူမသတ်နဲ့၊ မီးမရှို့နဲ့၊ မုဒိန်းမကျင့်နဲ့ ကျန်တဲ့ဟာ လုပ်နိုင်တယ်၊ နောက်ပြီးတော့ ဒီစာကိုလည်း တပ်ရင်းမှူးက ဖတ်ပြီးလို့ရှိရင် အမြန်ဆုံးဖျောက်ဖျက်ပစ်ပါ" ဆိုပြီး အဲဒီလို တစ်ခါတည်း Command ပေး တာပေါ့နော်။ အဲလိုဟာမျိုး ညွှန်ကြားတယ်ဆိုတော့၊ ဒါကလည်း တော်တော်ကို စိတ်ထဲမှာဗျာ၊ တော်တော်ကိုခံစားရပြီးတော့၊ ဟာ..ဘယ်လို ပါလိမ့်ပေါ့နော်။ တပ်မတော်က ဘယ်နှယ့် ကြားနေရမယ်လို့လည်း ပြောတယ်၊ ကိုယ်ကြိုက်နှစ်သက်တဲ့ဟာကို မဲပေးနိုင်တယ်လို့လည်း ပြောတယ်။ ဒီလိုပြောပြီး အခုကျတော့မှ ဒီလိုဖြစ်ပါလားဆိုပြီး အဲဒီဟာတွေမှာလည်း ကျနော်တို့အများကြီးခံစားရပါတယ်။ နောက်တစ်ခုက တော့နော်၊ ၆၂ ခုနှစ် အာဏာသိမ်းတာပေါ့ဗျာ။ 7th Julyအရေးအခင်းမှာလည်း တပ်ထဲမှာရှိတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေပေါ့နော်၊ တော်တော် စိတ် မသက်မသာဖြစ်ခဲ့ပါတယ်။ ကျနော် ကိုယ်၌ကိုကလည်း တော်တော်ခံစားခဲ့ရပါတယ်။ ၁၉၆၃ မှာတော့ တစ်ပါတီ အာဏာရှင်စနစ်ပေါ့ဗျာ၊ ဗမာပြည်မှာ တစ်ပါတီပဲဖြစ်ရမယ်ဆိုပြီးတော့ ဒါကတော့ သိပ်လွန်လွန်းသွားပြီးပေါ့နော်။ ၁၉၆၄မှာတော့ အများသိတဲ့အတိုင်း ငွေစက္ကူသိမ်း တာတို့ ပြည်သူပိုင်သိမ်းတာတို့ လုပ်တော့ အကုန်လုံးဟာ တပ်မတော်က သူ့ရဲ့ကျွမ်းကျင်တဲ့ကဏ္ဍမဟုတ်ဘဲ ဝင်ရောက်ပြီးချုပ်ကိုင်တဲ့အ တွက်ကြောင့် မှောင်ခိုစနစ်ကြီးပေါ်လာတယ် ခင်ဗျ။ မှောင်ခိုနဲ့အတူ bribery and corruption ပေါ့နော်။ ပြည်သူလူထု ဘယ်လောက်ထိ ဆင်းရဲဒုက္ခရောက်ပြီး ဘယ်လိုခံစားနေရတယ်၊ မျက်မြင် ကျနော်တို့တွေ့ရတော့ ဒါတော့ မဟုတ်တော့ဘူး။ မကောင်းတဲ့ ခေါင်းဆောင်ကို တော့ ဖယ်ရှားပစ်ဖို့ဟာက၊ ဒီခေါင်းဆောင်ဟာ ဘယ်ကိုအခြေခံပြီးလာသလဲ၊ တပ်မတော်ကို အခြေခံ လာသလား၊ တပ်ထဲကလူတွေမှာ တာဝန်ရှိတယ်။ အဲဒီတော့ မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားဖို့ဟာက၊ ဒီ ခေါင်းဆောင်ဟာ တပ်ကလာတယ်ဆိုရင်၊ သူ့ကို ဖယ်ရှားဘို့ ဟာ၊ တပ်ကလူတွေရဲ့ တာဝန်ပဲခင်ဗျ။

ဦးရော်နီညိမ်း။ ။ တပ်မတော်ခေါင်းဆောင်တွေ စစ်အာဏာသိမ်းပြီးတော့ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ တိုင်းပြည်ခေါင်းဆောင် တက် လုပ်နေကြတာဟာ၊ မသင့်လျှော်ဘူးလို့ယုံကြည်လာသူ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ဟာ တပ်တွင်းပုန်ကန်ရန်ကြံစည်မှုနဲ့အဖမ်းခံခဲ့ရ ပြီးတဲ့နောက် ရေကြည်အိုင်က ထောက်လှမ်းရေးတပ်ရဲ့ အကျဉ်းထောင်မှာ နေ့စဉ် နှိပ်စက်ညှင်းပန်းမှုမျိုးစုံအောက်မှာ (၄)နှစ်နီးပါး နေခဲ့ရပါ တယ်။ ၁၉၆၉ခုနှစ် ပြန်လွတ်လာပြီးတဲ့နောက်၊ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ လက်နက်ကိုင်တော်လှန် ရေးမှာ သွားရောက်ပူးပေါင်းခဲ့ရတဲ့ အကြောင်းအရင်းတွေကို အခုလိုပြောပြပါတယ်။

ဦးခင်မောင်ညွှန့်။ ။ ၁၉၆၉ ခု၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ကျနော် ရေကြည်အိုင်ကနေ လွတ်လာပါတယ်။ ထွက်လာပြီးတဲ့နောက် တိုင်းပြည်အခြေအနေ ကျနော်ကြည့်တယ်။ တိုင်းပြည်က တော်တော်ကို အခြေနေဆိုးသွားပြီ ခင်ဗျ။ မှောင်ခိုစနစ်ကြီးကလည်း သိပ်ကိုကြီး ထွားသွားပြီ။ နေရာတကာမှာလည်း စစ်သားစစ်ဗိုလ်ကပဲ အုပ်စိုးနေတယ်၊ နောက်တစ်ခုကလည်း ဦးနေဝင်းက တိုင်းပြည်ကို သူ့ရဲ့အဓိက ဒေါက်တိုင်ဖြစ်တဲ့ စစ်စုံထောက်ပေါ့လေ Military Intelligence နဲ့အုပ်ချုပ်နေတယ်ဆိုတာ သိသိသာသာ ပေါ်လာပြီ။ မြေပေါ်မှာလည်း သူ တည်ထောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ခုကလွဲပြီး ကျန်တဲ့ဟာတွေ ဘာမှမရှိတော့ဘူး။ အဲဒီတော့ အနေအထားအရ ကြည့်မယ် ဆိုရင်တော့ အဲဒီအချိန်မှာ ဦးနုကလည်း ပြည်ပထွက်သွားပြီးတဲ့နောက် မကြာခင်ဘဲ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရကို သူ Resistance Struggle ပေ့ါ နော်၊ တော်လှန်တိုက်ခိုက်မှပဲ ရမယ်ဆိုပြီးတော့၊ အဲဒီမှာသူက ပါလီမန်ဒီမိုကရေစီပါတီ တည်ထောင်ပါတယ်။ နောက်ပြီး တော့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကိုလည်း ဖွဲ့စည်းပါတယ်။ မြေပေါ်မှာက ဖိနှိပ်မှုက သိပ်ကြီးတယ်။ မြေပေါ်မှာနိုင်ငံရေးလုပ်ရှား မှုလည်း မလုပ်နိုင်ဘူး။ မြေအောက်လုပ်နေတာကလည်း အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ နော်၊ အဲဒီလောက်ပဲ ရှိမယ်ခင်ဗျ။ အဲဒီ တော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအရေးအတွက် လုပ်မယ့်လူတွေက မြေပေါ်မှလုပ်နေလို့ အကြောင်းမထူးတော့ဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်(လ်)၊ အဲဒီတော့ ကျနော်တို့က ဒီလိုသုံးသပ်လို့ရတာပေါ့။အန်ကယ်(လ်) ရွေးစရာလမ်း မရှိဘူး။ ကိုယ်က တိုင်းပြည်အတွက်လည်း လုပ်မယ်ဆိုတော့၊ ပြည်ပထွက်ပြီးတော့ ဒီ လက်နက်ကိုင် တော်လှန်ရေးကိုပဲ ရွေးချယ်လိုက်ရတယ်ပေါ့ အန်ကယ်လ်။

ဦးခင်မောင်ညွှန့်။ ။ ဟုတ်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် မြေအောက်တော်လှန်ရေး လုပ်နိုင်တယ်ပဲ ထားဦး။ အဲဒီ အခြေအ နေက လုပ်နိုင်မယ့်ဟာက ကန့်သတ်မှုက Very Limited ပဲဗျ။ ထိရောက်မှုကလည်း အင်မတန်မှ နည်းတယ်။ အဲဒီတော့ သေချာလုပ်လ့ို လို့ရှိရင် ကျနော်တို့ ရင်ဆိုင်ရမှာက၊ သူက တပ်ကြီးတစ်ခု လုံးကို လှည့်စားထားပြီးတော့ ခုတုံးလုပ်ထားတာကိုး။ အဲဒီတပ်ကို ကျနော်တို့ က ရင်ဆိုင်ရမယ်ဆိုတော့ ကျနော်တို့မှာ အားရှိဖို့လိုတယ်။ အားရှိဖို့လိုတယ်ဆိုတော့၊ ကျနော်တို့ဟာ ပြည်ပထွက်ပြီးမှ လုပ်မှပဲပေါ့နော်။ အပြင်မှာ ကျနော်တို့ အင်အားစုဆောင်းရမယ် ပေါ့နော်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အန်ကယ်(လ်)တို့ အပြင်ထွက်တဲ့ဟာကို ကျနော်တို့ ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့ ဒီအ တိုင်း ဒီအတိုင်းတော့ ထွက်မှာမဟုတ်ဘူး ကိုယ်ယုံကြည်အားထားလောက်တဲ့ ဒီပုဂ္ဂိုလ်တွေဟာ၊ တော်လှန်ရေးတစ်စုံတစ်ခုကို ဦးဆောင်နေ တယ်ဆိုတာ အန်ကယ်(လ်) မြင်လို့ပေါ့။

ဦးခင်မောင်ညွှန့်။ ။ မှန်ပါတယ်။ အဲဒီတုန်းက ပါလီမန်ဒီမိုကရေစီပါတီနဲ့ ပြည်ချစ်တပ်မတော်ထဲမှာ ကျနော်တို ပါတီဥက္ကဌကြီးက ဦးနုပေါ့ ခင်ဗျ။ နောက်ပြီးတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၊ ရဲဘောသုံးကျိပ်ဝင် ဗိုလ်မှူးအောင် ပေါ့။ ကျနော်တို့နဲ့မရှေးမနှောင်းမှာပဲ အတူတူထွက်တာ။ သူက နည်းနည်းလေးစောပြီးတော့၊ ကျနော်က နည်းနည်း ရက်ပိုင်းလောက်ပဲ ခွါပြီးတော့ ကျနော်က ထွက်လာတာပါ။ နောက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဟောင်းပေါ့ ခင်ဗျာ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီးလကျ်ာ ပေါ့၊ ဗိုလ်လကျာ်ကတော့ ဗိုလ်ချုပ်ကြီး လကျ်ာအနေနဲ့ သူက ပြည်ချစ်တပ်မ တော်ရဲ့ စစ်ဦးစီးချုပ်အနေနဲ့ တာဝန်ယူတယ်၊ နောက်ပြီးတော့ ကျနော်တို့ ခေတ်ကပေါ့လေ၊ ဗိုလ် ချုပ်ကြီး စောကြာဒိုး ပေါ့ ခင်ဗျာ၊သူတို့ ရှိပါတယ် ခင်ဗျာ။ သြစတြေးလျကနေလာပြီးတော့ တပ်ထဲမှာ လာတာဝန်ယူတဲ့ ဗိုလ်မှူးကြီးခင် မောင်မြင့်တို့ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အခုကျနော်တို့က ပြန်စဉ်းစားကြည့်တဲ့ အခါကျတော၊ အန်ကယ်(လ်)တို့ မတိုင်ခင်ပေါ့ နော်၊ တပ် မတော်ကို မကျေနပ်တာ မဟုတ်ဘူး၊ တပ်မတော်ခေါင်းဆောင်တွေ မဟုတ်တာလုပ်ကို မကျေနပ်တဲ့အတွက် အန်တုရင်ဆိုင်ဖို့ကြိုးစားခဲ့မှု၊ အန်ကယ်(လ်)တို့အရင် ရှိခဲ့ဖူးပါသလား ခင်ဗျ။ ၁၉၄၈ခုနှစ် မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင် တပ်မှူးကြီးတွေ တောခိုတာနဲ့တော့၊ နှိုင်းယှဉ် လို့မရဘူးပေါ့။ အဲဒါကတော့ သူတို့က ပါတီအဖွဲ့အစည်းစနစ်တကျနဲ့၊ နောက် သူတို့ကလည်း၊ အများစုဖြစ်နေတယ်။ ပြည်တွင်းမှာလည်း နိုင်ငံရေးအခြေအနေက သူတို့ကိုထောက်ခံတဲ့ ပြည်သူလူထုအများစုကြီးကလည်း ရှိနေတယ်၊ အဲဒီတော့ သူတို့က အကာအကွယ်စနစ်တ ကျနဲ့ တော်လှန်ပုန်ကန်တာဖြစ်တဲ့အတွက်ကြောင့် အန်ကယ်(လ်)တို့လို တစ်ဦးချင်းတစ်ယောက်ချင်း စွန့်စားတဲ့လူတွေလောက် အန္တရာယ် မကြီဘူးလို့၊ အခု ကျနော်တို့က ပြန်ကြည့်ကြည့်မိပါတယ်။

ဦးခင်မောင်ညွှန့်။ ။ ၁၉၆၅ မှာပေါ့နော် ကျနော်တို့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ADC (Aid de Camp)ပေါ့ ခင်ဗျာ၊ ကိုယ်ရေးအရာရှိလို့လည်း ခေါ်လို့ရပါတယ်။ ဗိုလ်ကြီးကျော်စွာမြင့် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သူက ဘယ်လို ကြံစည်ခဲ့ပါသလဲ ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ သူက အမှန်တော့ Christianဘာသာဝင်ထဲမှာမှ သူက Roman Catholic ဘာသာဝင်ကိုး။ ဘာသာရေးကို သူ က တော်တော်လေးကို အလေးအမြတ်ထားတဲ့လူ ဖြစ်တယ်ဆိုတော၊့ သူက နိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးရာတွေနဲ့ပတ်သက်ပြီးတော့ ဒီစနစ် ကို သူမကြိုက်တာပေါ့လေ။ မကြိုက်တော့ အထူးသဖြင့် စနစ်ကိုပုံဖေါ်တဲ့ ဦးနေဝင်းပေါ့လေ။ အဲဒီအပေါ်မှာသွားပြီးတော့ သူက Focus ဖြစ် သွားတာပေါ့လေ။ ၁၉၆၄မှာ ဗမာပြည်မှာ ပြည်သူပိုင်တွေလုပ်တော့၊ ကျနော်တို့ နိုင်ငံခြားကနေ ဟိုး တော်တာ်ကြာကြာ ကတည်းကပါပဲ၊ Missionary School တွေ ရှိကြတယ်ခင်ဗျ။ ရန်ကုန်မှာ Saint Paul တို့ Saint Falomငna တို့ English Methodistတို့ စသည်ဖြင့်၊ မန္တလေးမှာလည်း Saint Peter စသည်ဖြင့်ပေါ့။ တခြားမြို့တွေမှာလည်း ရှိပါ တယ်။ သူတို့လုပ်နေတာ ကြာပြီခင်ဗျ၊ ဒီကျောင်းတွေဟာ ဘာပဲဖြစ်ဖြစ်၊ သူတို့ ဘာသာရေး အခြေခံတယ်ဆိုပေမယ့် ကျနော်တို့မငြင်းနိုင်တာတစ်ခုက အဲဒီကျောင်းကထွက်တဲ့လူတွေဟာ အင်္ဂလိပ် စာမှာကော ဘာကောပေါ့ ဗျာ၊ တော်တော်လေးကို သူတို့က အစိုးရကျောင်းတွေထက် သာတယ်ပေါ့၊ အဲဒီတော့ ဒီကျောင်းတွေကို သိမ်း လိုက်တဲ့အခါမှာ၊ ဗိုလ်ကြီးကျော်စွာမြင့်နဲ့အင်မတန်နီးစပ်တဲ့ ဘာသာရေးဘုန်းကြီးရဲ့ ကျောင်းကို ပြည်သူပိုင်အလုပ်ခံလိုက်ရတဲ့ အခါမှာ သူ မခံမရပ်နိုင်ဖြစ်တယ်။ အဲဒီ မခံမရပ်ဖြစ်တာထက် အဲဒီဘုန်းကြီးတွေကို တခါတည်း အတင်းပြန်ပို့တာတို့ တချို့ဘုန်းကြီးတွေကို ခေါ်ယူစစ် ဆေးတာတို့စသည်ဖြင့် ဒါတွေဖြစ်လာတော၊့ သူ သည်းညည်းမခံ နိုင်တော့ဘူး။ ဒါဆိုလို့ရှိရင် အဓိကခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်း ကို ရှင်းလင်းပစ်တာဟာ၊ တိုင်းပြည်အတွက် ပြောင်းနိုင်မယ်လို့ သူယုံကြည်တယ်၊ အဲဒီအချိန်မှာလည်း သူနဲ့ မြေအောက်တော်လှန်ရေး အ ဖွဲ့တစ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ကျနော် သိရတယ်။ သူ့အကြံအစည်က ဗိုလ်ချုပ်နေဝင်းကို အဆိပ်ခတ်ပြီးတော့ သုတ်သင်ဘို့ ပေါ့လေ။ သူက စီစဉ်ပါတယ်။ စီစဉ်ပေမယ့် တကယ်တမ်းလုပ်ရမယ့်အချိန်မှာ သူက Second Thought လို ဟာမျိုး ပြန်ဝင်လာပြီးတော့၊ နောက်ပြီး နီးနီးကပ်ကပ်နေခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်နေတော့ ပြန်ပြီးတော့ ထောက်ရှုတာတို့ သနားတာတို့၊ ကျနော်တို့စစ်စကားနဲ့ပြောမယ် ဆိုရင် Decisive မဖြစ်တာပါပဲ။ Decisive မဖြစ်တော့ မလုပ်ဖြစ်ဘူးပေါ့ဗျာ။ မလုပ်ဖြစ်ဘူး ဆိုတော့ သူ့ဟာက တစ်နေ့မဟုတ်တစ်နေ့ကျ ရင်လည်း ပေါ်လိမ့်မယ်ဆိုတော့၊ အဲဒါ သူက တောခိုသွားတာပဲပေါ့ နော်။ တော်လှန်ရေးထဲ ကျနော်ရောက်လာပြီးမှ သိရတာကတော၊့ သူ ထိုင်းနိုင်ငံရောက်ပြီးမှ ထိုင်းနိုင်ငံမှာလည်း ကြာကြာမနေပါဘူး။ အဲဒီကနေမှ သြစတြေလျ ပေါ့လေ၊ နောက်ဆုံး ကျနော်တို့ကြားရတဲ့ သတင်းကတော့ သြစတြေလျမှာပဲ သူကွယ်လွန်သွားတယ် လို့ကျနော်တို့သိရပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အခုအခါ ပြည်ပအခြေစိုက် “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ရဲ့ ဥက္ကဌအဖြစ်တာဝန်ယူဆောင် ရွက်နေတဲ့ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ နောက် သီတင်းပတ် ဇူလိုင်လ(၄)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အစီအစဉ်မှာ “မကောင်းတဲ့ ခေါင်း ဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင်လုပ်နိုင်သလား” ဆိုတဲ့ ဆွေးနွေးခန်းအပိုင်း(၃)ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါခင်ဗျား၊ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG