သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀င္စတန္ခ်ာခ်ီ ေမြးတဲ့ Blenheim နန္းေတာ္က ေရႊအိမ္သာ အခိုးခံရ


အခုိးခံလိုက္ရသည့္ ေရႊအိမ္သာ။ (ၾသဂုတ္ ၃၀၊ ၂၀၁၇)

ၿဗိတိန္ႏုိင္ငံက ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္း၀င္ Blenheim နန္းေတာ္ရဲ႕ အႏုပညာ ျပခန္းတခုထဲက ၁၈ ကာရက္ေရႊနဲ႔ လုပ္ထားတဲ့ အိမ္သာတလံုးကို စေနေန႔က ေဖာက္ထြင္းသူတစုက ခိုးယူခဲ့လို႔ ေရေတြလွ်ံက်ခဲ့ပါတယ္။

အီတလီအႏုပညာရွင္ Maurizio Cattelan ရဲ႕ America လို႔ နာမည္ေပးထားတဲ့ ေရႊအိမ္သာက တခ်ိန္ကေတာ့ အေမရိကန္ျပည္ေထာင္စု နယူးေယာက္က Guggenheim ျပတိုက္မွာ ျပသခဲ့တာျဖစ္ၿပီး အေမရိကန္သမၼတ Donald Trump ကို ငွားရမ္းဖို႔လည္း ကမ္းလွမ္းခဲ့ဖူးပါတယ္။

အဂၤလန္အေရွ႕ေတာင္ပိုင္း Oxfordshire ခ႐ုိင္က ၁၈ ရာစုေခတ္ ျပတိုက္အိမ္ႀကီးမွာ အႏုပညာရွင္ Cattelan ရဲ႕ လက္ရာေတြကို ၾကာသပေတးေန႔က စတင္ျပသခဲ့တာ ျဖစ္ၿပီး သူ႔လက္ရာ ေရႊအိမ္သာ ခိုးယူခံရမႈနဲ႔ ပတ္သက္ၿပီး အသက္ ၆၆ ႏွစ္အရြယ္ အမ်ိဳးသားတဦးကို ဖမ္းဆီးထားပါတယ္။

သူခိုးေတြက ျပတိုက္အိမ္ႀကီးထဲကို ညပိုင္းမွာ ေဖာက္ထြင္း၀င္ေရာက္ခဲ့ၿပီး မနက္ခင္း ၄ နာရီ ၅၀ မိနစ္ေလာက္မွာ ျပန္ၿပီး ထြက္ခြာသြားၾကေၾကာင္း၊ ေဖာက္ထြင္းမႈအတြင္း တစံုတေယာက္မွ ဒဏ္ရာရခဲ့တာ မရွိေၾကာင္း ေဒသခံရဲအဖြဲ႔က ေျပာဆိုထားပါတယ္။

ျပတိုက္မွာ ျပသထားတဲ့ ေရႊနဲ႔လုပ္ထားတဲ့ တန္ဖိုးႀကီးအိမ္သာ ခိုးယူခံရတာျဖစ္ေၾကာင္း ရဲစံုစမ္းေရးမွဴး Jess Milne ကလည္း ေျပာပါတယ္။ အေဆာက္အဦ ေရပိုက္လိုင္းနဲ႔ ဆက္ထားတဲ့ ေရႊအိမ္သာ ျဖဳတ္ၿပီး ခိုးယူခံရတာေၾကာင့္ အပ်က္အစီးေတြရွိၿပီး ေရေတြလည္း လွ်ံက်ခဲ့ေၾကာင္း၊ ေဖာက္ထြင္းခိုးယူသူတစုက အနည္းဆံုး ကားႏွစ္စီးေလာက္ သံုးခဲ့တယ္လို႔ ယူဆေၾကာင္း၊ အခုအခ်ိန္ထိေတာ့ ခိုးယူခံရတဲ့ အႏုပညာလက္ရာ ေရႊအိမ္သာကို ျပန္မေတြ႔ေသးေၾကာင္းနဲ႔ ေဖာက္ထြင္းသူေတြကို အေရးယူႏုိင္ဖို႔ စံုစမ္းေနေၾကာင္းလည္း ေျပာပါတယ္။

ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႔ UNESCO ရဲ႕ ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း၀င္ Blenheim နန္းေတာ္ကိုေတာ့ အေၾကာင္းထူးတခုေၾကာင့္ဆိုၿပီး စေနေန႔မနက္က အမ်ားျပည္သူ ၀င္ေရာက္ၾကည့္႐ႈခြင့္ ပိတ္ခဲ့ေပမယ့္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။

၁၂ ဆက္ေျမာက္ Marlborough ၿမိဳ႕စားႀကီးနဲ႔ မိသားစုေနထိုင္ရာ ဒီ Blenheim နန္းေတာ္က ၿဗိတိန္ေခါင္းေဆာင္ေဟာင္း ဝင္စတန္ခ်ာခ်ီ ဖြားျမင္ခဲ့ရာအိမ္လည္း ျဖစ္ပါတယ္။

--------------------------

[Unicode Version]

၀င်စတန်ချာချီ မွေးတဲ့ Blenheim နန်းတော်က ရွှေအိမ်သာ အခိုးခံရ

ဗြိတိန်နိုင်ငံက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် Blenheim နန်းတော်ရဲ့ အနုပညာ ပြခန်းတခုထဲက ၁၈ ကာရက်ရွှေနဲ့ လုပ်ထားတဲ့ အိမ်သာတလုံးကို စနေနေ့က ဖောက်ထွင်းသူတစုက ခိုးယူခဲ့လို့ ရေတွေလျှံကျခဲ့ပါတယ်။

အီတလီအနုပညာရှင် Maurizio Cattelan ရဲ့ America လို့ နာမည်ပေးထားတဲ့ ရွှေအိမ်သာက တချိန်ကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်က Guggenheim ပြတိုက်မှာ ပြသခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ Donald Trump ကို ငှားရမ်းဖို့လည်း ကမ်းလှမ်းခဲ့ဖူးပါတယ်။

အင်္ဂလန်အရှေ့တောင်ပိုင်း Oxfordshire ခရိုင်က ၁၈ ရာစုခေတ် ပြတိုက်အိမ်ကြီးမှာ အနုပညာရှင် Cattelan ရဲ့ လက်ရာတွေကို ကြာသပတေးနေ့က စတင်ပြသခဲ့တာ ဖြစ်ပြီး သူ့လက်ရာ ရွှေအိမ်သာ ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားပါတယ်။

သူခိုးတွေက ပြတိုက်အိမ်ကြီးထဲကို ညပိုင်းမှာ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး မနက်ခင်း ၄ နာရီ ၅၀ မိနစ်လောက်မှာ ပြန်ပြီး ထွက်ခွာသွားကြကြောင်း၊ ဖောက်ထွင်းမှုအတွင်း တစုံတယောက်မှ ဒဏ်ရာရခဲ့တာ မရှိကြောင်း ဒေသခံရဲအဖွဲ့က ပြောဆိုထားပါတယ်။

ပြတိုက်မှာ ပြသထားတဲ့ ရွှေနဲ့လုပ်ထားတဲ့ တန်ဖိုးကြီးအိမ်သာ ခိုးယူခံရတာဖြစ်ကြောင်း ရဲစုံစမ်းရေးမှူး Jess Milne ကလည်း ပြောပါတယ်။ အဆောက်အဦ ရေပိုက်လိုင်းနဲ့ ဆက်ထားတဲ့ ရွှေအိမ်သာ ဖြုတ်ပြီး ခိုးယူခံရတာကြောင့် အပျက်အစီးတွေရှိပြီး ရေတွေလည်း လျှံကျခဲ့ကြောင်း၊ ဖောက်ထွင်းခိုးယူသူတစုက အနည်းဆုံး ကားနှစ်စီးလောက် သုံးခဲ့တယ်လို့ ယူဆကြောင်း၊ အခုအချိန်ထိတော့ ခိုးယူခံရတဲ့ အနုပညာလက်ရာ ရွှေအိမ်သာကို ပြန်မတွေ့သေးကြောင်းနဲ့ ဖောက်ထွင်းသူတွေကို အရေးယူနိုင်ဖို့ စုံစမ်းနေကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် Blenheim နန်းတော်ကိုတော့ အကြောင်းထူးတခုကြောင့်ဆိုပြီး စနေနေ့မနက်က အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

၁၂ ဆက်မြောက် Marlborough မြို့စားကြီးနဲ့ မိသားစုနေထိုင်ရာ ဒီ Blenheim နန်းတော်က ဗြိတိန်ခေါင်းဆောင်ဟောင်း ဝင်စတန်ချာချီ ဖွားမြင်ခဲ့ရာအိမ်လည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG