သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုမားလီးယားၿမဳိ႕ေတာ္ ကားဗံုးခြဲတိုက္ခိုက္မႈ လူ ၇၀ ေက်ာ္ ေသဆံုး


ကားဗုံးေပါက္ကြဲမႈျဖစ္အၿပီး ျမင္ကြင္း။ (ဒီဇင္ဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

ဆိုမားလီးယားႏုိင္ငံ၊ ၿမိဳ႕ေတာ္ မိုဂါဒစ္႐ွဴး အေနာက္ေတာင္ပိုင္းက လူ႐ႈပ္တဲ့ လမ္းဆုံတခုမွာ ကားတစီးနဲ႔ ဗုံးခြဲတုိက္ခိုက္ခဲ့တာေၾကာင့္ ေသဆံုးသူ ၇၆ ဦးထက္မနည္း ရွိၿပီး ဒဏ္ရာရသူ ၅၀ ေက်ာ္တယ္လို႔ မိုဂါဒစ္႐ွဴးၿမိဳ႕ Aamin လူနာတင္ယာဥ္ဌာနက ေျပာပါတယ္။

အစိုးရအရာရွိတခ်ဳိ႕ကေတာ့ ေသဆံုးသူ ၉၀ ေလာက္ထိရွိတယ္လို႔ ေျပာေနတာေၾကာင့္ ေသဆံုးသူအေရအတြက္က တိုးလာမယ့္ပံု ရွိပါတယ္။

Afgoye ၿမိဳ႕ကလာတဲ့ ကားေတြ အ၀င္အထြက္လုပ္တဲ့ လမ္းဆုံက လုံၿခဳံေရးဂိတ္အနီးမွာ ကားတစီးကို ဗုံးခြဲတုိက္ခုိက္ခဲ့တာ ျဖစ္တယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။

ခုေပါက္ကြဲသြားတဲ့ကားက ထရပ္ကားတစီး ျဖစ္တယ္လို႔လည္း တာ၀န္ရွိသူတေယာက္က အတည္ျပဳ ေျပာဆိုပါတယ္။

ေပါက္ကြဲေရးပစၥည္းေတြ အျပည့္တင္လာတဲ့ အဲဒီထရပ္ကားက ကားေတြ လမ္းေၾကးေကာက္တဲ့ဂိတ္ကို ဦးတည္တိုက္ခိုက္ခဲ့တာ ျဖစ္တယ္လို႔ အေစာပိုင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အခင္းျဖစ္တဲ့ ေနရာတခုလုံးမွာ ေသဆုံးသြားတဲ့လူေတြနဲ႔ ခႏၶာကုိယ္ အစိတ္အပုိင္းေတြ ျပန္႔က်ဲေနတာကို ေတြ႔ခဲ့ရတယ္လုိ႔လည္း မ်က္ျမင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

ဒီတုိက္ခုိက္မႈအတြက္ ဘယ္သူကမွ သူတို႔လက္ခ်က္အျဖစ္ ေျပာဆိုတာ မရွိေသးပါဘူး။ ဒါေပမယ့္လည္း အယ္လ္ခုိင္းဒါး အၾကမ္းဖက္အုပ္စုနဲ႔ ဆက္စပ္ေနတဲ့ အယ္လ္ရွာဘတ္ အဖြဲ႔ကေတာ့ အလားတူ တုိက္ခိုက္မႈမ်ိဳးေတြကို အရင္တုန္းက လုပ္ခဲ့ဖူးပါတယ္။

-----------------------------------

(Unicode)

ဆိုမားလီးယားမြို့တော် ကားဗုံးခွဲတိုက်ခိုက်မှု လူ ၇၀ ကျော် သေဆုံး

ဆိုမားလီးယားနိုင်ငံ၊ မြို့တော် မိုဂါဒစ်ရှူး အနောက်တောင်ပိုင်းက လူရှုပ်တဲ့ လမ်းဆုံတခုမှာ ကားတစီးနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၇၆ ဦးထက်မနည်း ရှိပြီး ဒဏ်ရာရသူ ၅၀ ကျော်တယ်လို့ မိုဂါဒစ်ရှူးမြို့ Aamin လူနာတင်ယာဉ်ဌာနက ပြောပါတယ်။

အစိုးရအရာရှိတချို့ကတော့ သေဆုံးသူ ၉၀ လောက်ထိရှိတယ်လို့ ပြောနေတာကြောင့် သေဆုံးသူအရေအတွက်က တိုးလာမယ့်ပုံ ရှိပါတယ်။

Afgoye မြို့ကလာတဲ့ ကားတွေ အဝင်အထွက်လုပ်တဲ့ လမ်းဆုံက လုံခြုံရေးဂိတ်အနီးမှာ ကားတစီးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ခုပေါက်ကွဲသွားတဲ့ကားက ထရပ်ကားတစီး ဖြစ်တယ်လို့လည်းတာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

ပေါက်ကွဲရေးပစ္စည်းတွေ အပြည့်တင်လာတဲ့ အဲဒီထရပ်ကားက ကားတွေ လမ်းကြေးကောက်တဲ့ဂိတ်ကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့ နေရာတခုလုံးမှာ သေဆုံးသွားတဲ့လူတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေတာကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမယ့်လည်း အယ်လ်ခိုင်းဒါး အကြမ်းဖက်အုပ်စုနဲ့ ဆက်စပ်နေတဲ့ အယ်လ်ရှာဘတ် အဖွဲ့ကတော့ အလားတူ တိုက်ခိုက်မှုမျိုးတွေကို အရင်တုန်းက လုပ်ခဲ့ဖူးပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG