(Zawgyi / Unicode)
ဆုိမာလီယာႏိုင္ငံမွာ သဲကႏၱာရ က်ဳိင္းေကာင္ေတြ တဟုန္ထိုး မ်ားျပား ပ်ံ႕ႏွံ႔လာတာေၾကာင့္ အစိုးရက ႏိုင္ငံေတာ္ အေရးေပၚအေျခအေနတရပ္ကို စေနေန႔က ေၾကညာခဲ့ပါတယ္။
တိုင္းျပည္မွာ စားနပ္ရိကၡာ ဖူလုံမႈ စိတ္မခ်ရ ျဖစ္ေနခ်ိန္မွာ သီးႏွံဖ်က္မယ့္ ဒီ ကႏၱာရ က်ဳိင္းေကာင္ေတြက အဓိကၿခိမ္းေျခာက္မႈ ျဖစ္တယ္လို႔ ဆိုမာလီ စုိက္ပ်ဳိးေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီး Hussein Iid က ဗြီအုိေအ ဆိုမာလီဌာနကို ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း အုံခဲပ်ံသန္းေနတဲ့ က်ဳိင္းေကာင္အုပ္ႀကီးက စုိက္ပ်ဳိးေျမနဲ႔ စားက်က္ ဧက ၂ သိန္းခြဲေလာက္ကို ဖ်က္ဆီးခဲ့တယ္လို႔ ဝန္ႀကီး Iid က ေျပာပါတယ္။
အခု ေနာက္တသုတ္လာမယ့္ က်ဳိင္းေကာင္အုပ္ႀကီးေၾကာင့္ အရင္ထက္ပိုၿပီး ပ်က္စီးဆုံး႐ႈံးမႈ ႀကဳံရလိမ့္မယ္လို႔ သူက သတိေပးထားပါတယ္။ ဒီက်ဳိင္းေကာင္အုပ္စုႀကီးဟာ ပင္လယ္ေကြ႔ေဒသကေန ေရာက္လာတယ္ဆိုတာ ၿဂိဳဟ္တုသတင္းပုံေတြအရ သိရတယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။
သန္းနဲ႔ခ်ီတဲ့ ဆိုမာလီျပည္သူေတြဟာ အခုကတည္းက စာနာမႈ အေထာက္အပံ့ေတြအေပၚ မွီခိုေနရၿပီး က်ဳိင္းေကာင္ေတြ ဒုတိယအသုတ္ က်ေရာက္လာရင္ ပုိမိုႀကီးမားတဲ့ ပ်က္စီးဆုံး႐ႈံးမႈ ႀကဳံရလိမ့္မယ္လို႔ အာဏာပိုင္ေတြက သတိေပးထားပါတယ္။
---------------------------------
(Unicode)
ကျိုင်းကောင်အန္တရာယ် ဆိုမာလီ အရေးပေါ်ကြေညာ
ဆိုမာလီယာနိုင်ငံမှာ သဲကန္တာရ ကျိုင်းကောင်တွေ တဟုန်ထိုး များပြား ပျံ့နှံ့လာတာကြောင့် အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေတရပ်ကို စနေနေ့က ကြေညာခဲ့ပါတယ်။
တိုင်းပြည်မှာ စားနပ်ရိက္ခာ ဖူလုံမှု စိတ်မချရ ဖြစ်နေချိန်မှာ သီးနှံဖျက်မယ့် ဒီ ကန္တာရ ကျိုင်းကောင်တွေက အဓိကခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဆိုမာလီ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး Hussein Iid က ဗွီအိုအေ ဆိုမာလီဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း အုံခဲပျံသန်းနေတဲ့ ကျိုင်းကောင်အုပ်ကြီးက စိုက်ပျိုးမြေနဲ့ စားကျက် ဧက ၂ သိန်းခွဲလောက်ကို ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီး Iid က ပြောပါတယ်။
အခု နောက်တသုတ်လာမယ့် ကျိုင်းကောင်အုပ်ကြီးကြောင့် အရင်ထက်ပိုပြီး ပျက်စီးဆုံးရှုံးမှု ကြုံရလိမ့်မယ်လို့ သူက သတိပေးထားပါတယ်။ ဒီကျိုင်းကောင်အုပ်စုကြီးဟာ ပင်လယ်ကွေ့ဒေသကနေ ရောက်လာတယ်ဆိုတာ ဂြိုဟ်တုသတင်းပုံတွေအရ သိရတယ်လို့ ဝန်ကြီးက ပြောပါတယ်။
သန်းနဲ့ချီတဲ့ ဆိုမာလီပြည်သူတွေဟာ အခုကတည်းက စာနာမှု အထောက်အပံ့တွေအပေါ် မှီခိုနေရပြီး ကျိုင်းကောင်တွေ ဒုတိယအသုတ် ကျရောက်လာရင် ပိုမိုကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု ကြုံရလိမ့်မယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။