သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ပြန်ပေးလက်မှ ဓါးစာခံများ အမေရိကန် ကယ်တင်


ဆိုမာလီ ပြန်ပေးလက်မှ ဓါးစာခံများ အမေရိကန် ကယ်တင်
ဆိုမာလီ ပြန်ပေးလက်မှ ဓါးစာခံများ အမေရိကန် ကယ်တင်

ဆိုမာလီယာလက်နက်ကိုင်တွေ လက်ထဲကနေ အမေရိကန် အထူး စစ်ဆင်ရေးတပ်ဖွဲ့တွေက ကယ်တင်ခဲ့တဲ့ အမေရိကန်နိုင်ငံ သားတယောက်နဲ့ ဒိန်းမတ် နိုင်ငံသား တယောက်တို့ဟာ ဘေးကင်း ရန်ကင်းရှိနေပါပြီလို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေ ကပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာ ဘူခါနန် (Jessica Buchanan) ဟာ ဂျဘူးတီး (Djibouti) ကလို့ဆိုတဲ့ စစ်ဘက်ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေတယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် (Pentagon) က ပြောပါတယ်။ သူဟာ အတိအကျ ထုတ်မပြောတဲ့ ကျန်းမာရေးချို့ယွင်းမှုနဲ့ ကြုံနေရပါတယ်။

ဘူခါနန်နဲ့ သူ့ရဲ့အဖော်ဖြစ်သူ ဒိန်းမတ်နိုင်ငံက အကူအညီပေး လုပ်သား ပေါလ် သီစ်တက်ဒ် (Poul Thisted) တို့ကို ဆိုမာလီယာ အလယ်ပိုင်းမှာ လက်နက်ကိုင်တွေက သုံးလကြာ ဖမ်းဆီးထားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ ညဘက်မှာတော့ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ မိုဂါဒစ်ရှုးမြို့တော် အနောက်မြောက်ဘက်က စခန်းတခုမှာ ရဟတ်ယာဉ်နဲ့ဆင်းပြီ ပြန်ပေးသမားတွေကို ထိပ်တိုက် ရင်ဆိုင်ပြီးတော့ သူတို့ထဲက ကိုးယောက်ထက် မနည်းကို သုတ်သင်ပစ်ခဲ့ပါတယ်။

ပြန်ပေးသမားတွေကို လက်ရဖမ်းဆီးဖို့ တပ်ဖွဲ့ဝင်တွေက ပြင်ဆင်ထားခဲ့တာ ဖြစ်ပေမဲ့ အဲဒီအခွင့်အရေးကို လုံး၀ မရခဲ့ဘူးလို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မိမိနိုင်ငံသားတွေ ဘေးကင်း လုံခြုံရေးအတွက် အစွမ်းကုန် ကြိုးပမ်း အားထုတ်မှာ ဖြစ်ပြီး မိမိနိုင်ငံ သားတွေ ဘေးအန္တရာယ် ကျရောက်အောင် လုပ်သူတွေကို ဥပဒေရှေ့မှောက် အရောက်ပို့မှာ ဖြစ်တယ်လို့ ကယ်ဆယ်ရေး အစီအစဉ် ကြေညာတာမှာ သမ္မ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) က ထည့်ပြောခဲ့ပါတယ်။

XS
SM
MD
LG