သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆိုမာလီမွာ အေသခံဗုံးခဲြမႈေၾကာင့္ နာမည္ေက်ာ္သတင္းသမား ေသဆုံး


ဆုိမာလီယာႏုိင္ငံ Mogadishu ၿမိဳ႕ ေျမပုံ။

(Zawgyi / Unicode)

ဆိုမာလီယာႏုိင္ငံ ၿမိဳ႕ေတာ္ Mogadishu မွာ စေနေန႔က စားေသာက္ဆိုင္တခုအတြင္း အေသခံဗံုးခြဲသမားရဲ႕ ေဖာက္ခြဲမႈေၾကာင့္ Al-Shabaab စစ္ေသြးႂကြအဖြဲ႔ကို ျပင္းျပင္းထန္ထန္ ေဝဖန္ေလ့ရွိတဲ့ နာမည္ႀကီး သတင္းသမားတဦး ေသဆံုးခဲ့ရပါတယ္။

တိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ျဖစ္ေၾကာင္း Al-Shabaab အဖြဲ႔က ေၾကညာခဲ့တာပါ။ တိုက္ခိုက္မႈအတြင္း ႏိုင္ငံပိုင္ Mogadishu ေရဒီယိုဌာန ဒါ႐ိုက္တာ Abdiaziz Mohamud Guled ေသဆံုးေၾကာင္းလည္း တာဝန္ရွိသူေတြက အတည္ျပဳပါတယ္။ ဆုိမာလီယာ အမ်ိဳးသား႐ုပ္သံလႊင့္ဌာန ဒါ႐ိုက္တာ Sharmarke Mohamed Warsame နဲ႔ ကားေမာင္းသမားတဦးပါ ဒဏ္ရာရခဲ့ၾကပါတယ္။

ဆိုမာလီယာႏိုင္ငံ သတင္းနဲ႔ျပန္ၾကားေရး ဒုဝန္ႀကီး Abdirahman Yusuf Omar က Mohamud Guled ေသဆံုးရတာဟာ ႏိုင္ငံအတြက္ ရဲရင့္တဲ့သူတဦး ဆံုး႐ႈံးမႈအျဖစ္ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

သူဟာ သူ႔မိတ္ေဆြနဲ႔ ညစာစားၿပီး စားေသာက္ဆိုင္ကေန သူ႔ကားဆီ ျပန္လာခ်ိန္မွာ အေသခံဗံုးခြဲသမားက ကားျပတင္းေပါက္နား ကပ္လာၿပီး အနီးကပ္ ဗံုးေဖာက္ခြဲခဲ့တာ ျဖစ္ေၾကာင္းလည္း ရဲတပ္ဖဲြ႔ ေျပာခြင့္ရသူက ေျပာဆိုုခဲ့တာပါ။ သူဟာ ဆိုမာလီယာအစိုးရက ဖမ္းမိတဲ့ Al-Shabaab အဖြဲ႔ဝင္လို႔ သံသယရွိသူေတြနဲ႔ ေတြ႔ဆံုေမးျမန္းခန္းေတြနဲ႔ နာမည္ႀကီးသူျဖစ္ၿပီး သူ႔ကိုလုပ္ႀကံဖို႔ ကာလအေတာ္ၾကာကတည္းက ႀကိဳးစားေနတာလို႔ ဆိုမာလီယာႏိုင္ငံမွာ ၂၀၀၇ ခုႏွစ္ကၿပီး အၾကမ္းဖက္လႈပ္ရွားေနတဲ့ Al-Shabaab အဖြဲ႔က ေျပာပါတယ္။

နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔ (RSF) ကေတာ့ ဆိုမာလီယာႏိုင္ငံဟာ အာဖရိကတိုက္မွာ သတင္းသမားေတြအတြက္ အႏၲရာယ္အႀကီးဆံုး ႏိုင္ငံတႏိုင္ငံ ျဖစ္ေနၿပီး ၂၀၁၀ ကေန အခုအခ်ိန္အထိ အသတ္ခံရတဲ့ သတင္းသမား ၅၀ ေက်ာ္ေနၿပီလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဆိုမာလီမှာ အသေခံဗုံးခွဲမှုကြောင့် နာမည်ကျော်သတင်းသမား သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော် Mogadishu မှာ စနေနေ့က စားသောက်ဆိုင်တခုအတွင်း အသေခံဗုံးခွဲသမားရဲ့ ဖောက်ခွဲမှုကြောင့် Al-Shabaab စစ်သွေးကြွအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ နာမည်ကြီး သတင်းသမားတဦး သေဆုံးခဲ့ရပါတယ်။

တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း Al-Shabaab အဖွဲ့က ကြေညာခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း နိုင်ငံပိုင် Mogadishu ရေဒီယိုဌာန ဒါရိုက်တာ Abdiaziz Mohamud Guled သေဆုံးကြောင်းလည်း တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဆိုမာလီယာ အမျိုးသားရုပ်သံလွှင့်ဌာန ဒါရိုက်တာ Sharmarke Mohamed Warsame နဲ့ ကားမောင်းသမားတဦးပါ ဒဏ်ရာရခဲ့ကြပါတယ်။

ဆိုမာလီယာနိုင်ငံ သတင်းနဲ့ပြန်ကြားရေး ဒုဝန်ကြီး Abdirahman Yusuf Omar က Mohamud Guled သေဆုံးရတာဟာ နိုင်ငံအတွက် ရဲရင့်တဲ့သူတဦး ဆုံးရှုံးမှုအဖြစ် ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

သူဟာ သူ့မိတ်ဆွေနဲ့ ညစာစားပြီး စားသောက်ဆိုင်ကနေ သူ့ကားဆီ ပြန်လာချိန်မှာ အသေခံဗုံးခွဲသမားက ကားပြတင်းပေါက်နား ကပ်လာပြီး အနီးကပ် ဗုံးဖောက်ခွဲခဲ့တာ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။ သူဟာ ဆိုမာလီယာအစိုးရက ဖမ်းမိတဲ့ Al-Shabaab အဖွဲ့ဝင်လို့ သံသယရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေနဲ့ နာမည်ကြီးသူဖြစ်ပြီး သူ့ကိုလုပ်ကြံဖို့ ကာလအတော်ကြာကတည်းက ကြိုးစားနေတာလို့ ဆိုမာလီယာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကပြီး အကြမ်းဖက်လှုပ်ရှားနေတဲ့ Al-Shabaab အဖွဲ့က ပြောပါတယ်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကတော့ ဆိုမာလီယာနိုင်ငံဟာ အာဖရိကတိုက်မှာ သတင်းသမားတွေအတွက် အန္တရာယ်အကြီးဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပြီး ၂၀၁၀ ကနေ အခုအချိန်အထိ အသတ်ခံရတဲ့ သတင်းသမား ၅၀ ကျော်နေပြီလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG