သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနယ်စပ်က ရုရှားတပ်တချို့ပြန်ရုပ်


ခရိုင်းမီးယားဒေသအတွင်း ရုရှားနိုင်ငံတော်အလံနဲ့ ရုရှားစစ်သား။
ခရိုင်းမီးယားဒေသအတွင်း ရုရှားနိုင်ငံတော်အလံနဲ့ ရုရှားစစ်သား။
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနယ်စပ်က တပ်တချို့ကို တနင်္လာနေ့မှ စပြီးပြန်ဆုတ်နေပါတယ်။ ရုရှားအနေနဲ့ မကြာခင်က သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသကို ဝန်ကြီးချုပ်စေလွှတ်ပြီး ကျယ်ပြန့်တဲ့စီးပွားရေးချောင်လည်မှု ကတိတွေသွားပေးချိန်မှာ ခုလိုတပ်တချို့ ရုပ်သိမ်းခဲ့တာပါ။

ဒီတပ်ဆုတ်မှု အသေးစိတ် ရှင်းရှင်းလင်းလင်း မဖြစ်သေးပေမဲ့ ရုရှားနဲ့ယူကရိန်း နှစ်ဘက်လုံးက အရာရှိတွေကတော့ တင်းမာတဲ့နယ်စပ်နေရာတွေကနေ တပ်တချို့ ပြန်ရုပ်ခဲ့တာကိုတော့ အတည်ပြုပေးခဲ့ကြပါတယ်။

ရုရှားဘက်ကတော့ ဒီတပ်ဆုတ်မှုမှာ အင်အား ၅၀၀ ကနေ ၇၀၀ အထိရှိတဲ့ တပ်ရင်းတခုကို ဆုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ ရုရှားအနေနဲ့ တပ်အင်အား စုစုပေါင်း ၄ သောာင်း ချထားတယ်လို့ အမေရိကန်အရာရှိတွေက ခန့်မှန်းထားပါတယ်။

ခုလိုအချိန်မှာ ရုရှား ဝန်ကြီးချုပ် Dmitri Medvedev အနေနဲ့ ကက်ဘိနက် ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ဦးဆောင်ပြီး မတ်လဆန်းမှာ ယူကရိန်းဆီက သိမ်းခဲ့တဲ့ ဒီခရိုင်းမီးယား ပင်နီဆူလာအတွင်းက မြို့ကြီးတွေကို သွားရောက်ကြည့်ရှုနေပါတယ်။

ယူကရိန်းမြို့တော် Kyiv မှာတော့ အစိုးရ အာဏာပိုင်တွေက ရုရှားဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို ကန့်ကွက်နေကြပါတယ်။ ဒီခရီးစဉ်ဟာ သံတမန်ထုံးစံကို ရိုင်းရိုင်းစိုင်းစိုင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဒီကန့်ကွက်သူတွေက ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီ ရုရှားဝန်ကြီးချုပ်ရဲ ခရီးစဉ်ကို တရားဝင် ကန့်ကွက်ကြောင်း စာပို့ခဲ့ရာမှာ ဒီခရီးစဉ်ဟာ အခြားနိုင်ငံတခုရဲ့ နယ်မြေကို ဝင်ရောက်တာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
XS
SM
MD
LG