သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ် မြန်မာဘဏ်စာရင်းတွေပိတ် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်

အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တွေ အပ်နှံထားတဲ့ ဒေါ်လာ တသန်းကျော်ကို ထုတ်သွင်းခွင့် ပိတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်က ပြောဆိုတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းမှာ ရေးသားထားပါတယ်။

Sonali ဘဏ်ဟာ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံက MFTB ဘဏ်နဲ့ MICB ဘဏ်တွေ Account ဖွင့်ထားတာကို လက်ခံနေတာကြောင့် ဒက်ကာမှာရှိတဲ့ အမေရိကန် သံရုံးက သတိပေးခဲ့ပါတယ်။ အဲဒီနောက် အပ်နှံထားတဲ့ ဒေါ်လာ တသန်းနဲ့ နှစ်သိန်းကို ထုတ်သွင်းခွင့် မပေးတော့ကြောင်း Sonali ဘဏ်ရဲ့ ဦးဆောင်အုပ်ချုပ်ရေးမှုး Md Afzal Karim က ပြောဆိုတာကို The Daily Star သတင်းမှာ ရေးသားထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူပုဂ္ဂိုလ် ၈၀ လောက်နဲ့ လုပ်ငန်း ၃၀ လောက်အပေါ် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ထားပါတယ်။ အမေရိကန်အစိုးရ အရေးယူ ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် MICB ဘဏ်တွေနဲ့ ဆက်လက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရေးယူမယ်လို့ အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။

အဲဒီဘဏ် ၂ ခုနဲ့ ချိတ်ဆက်လုပ်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ငွေအသွင်းအထုတ်တွေကို ဩဂုတ်လ ၅ ရက်နေ့မှာ ရပ်ဆိုင်းဖို့ အမေရိကန်ဘဏ္ဏာရေးဌာန အချိန်သတ်မှတ်ခဲ့ပြီး စောင့်ကြည့်သွားမယ့်အကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စင်္ကာပူနိုင်ငံရဲ့ အဓိက ဘဏ်ကြီးတခုဖြစ်တဲ့ United Overseas Bank UOB ကလည်း မြန်မာနိုင်ငံနဲ့ ဘဏ်ချင်း ချိတ်ဆက် လုပ်ဆောင်နေတဲ့ လုပ်ငန်း အားလုံးကို ရပ်ဆိုင်းတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ် မြန်မာဘဏ်စာရင်းတွေပိတ်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG