သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sonia Gandhi တို့ သားအမိ တရားစွဲခံရမှု အာမခံရ


အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ Sonia Gandhi နဲ့ သားဖြစ်သူ Rahul တို့ကို နယူးဒေလီတရားရုံးက စနေနေ့မှာ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

Rahul ရဲ့ အဘေးတော်သူ အိန္ဒိယနိုင်ငံ ပထမဆုံးဝန်ကြီးချုပ် Jawaharlal Nehru ၁၉၃၈ ခုနှစ်က ထူထောင်ခဲ့တဲ့ National Herald သတင်းစာကို ၂၀၀၈ ခုနှစ်မှာ အစိုးရက ပိတ်ပစ်ခဲ့ပေမဲ့ သူတို့ ၂ ဦးက ဒီသတင်းစာတိုက်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို တရားမဝင် ရယူထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့အမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ အထင်ရှားဆုံး မိသားစုရဲ့ မိသားစုဝင်တွေကို အခုလို တရားစွဲဆိုခဲ့သူကတော့ လက်ရှိဝန်ကြီးချုပ် Narendra Modi ရဲ့ BJP ပါတီဝင်တဦးဖြစ်တဲ့ Subra manian Swamy ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်တွေကိုတော့ ဂန္ဒီမိသားစုက ငြင်းဆိုထားပြီး၊ ဒါဟာ လက်ရှိအာဏာရ BJP ပါတီရဲ့ သူတို့အပေါ် အငြိုးနဲ့ စွပ်စွဲတာဖြစ်ကြောင်း ပြောပါတယ်။ အရင်ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း က Sonia Gandhi အတွက် အာမခံပေးခဲ့သလို သမီးဖြစ်သူ Priyanka Vadra က သူ့အကိုအတွက် အာမခံပေးခဲ့တာပါ။ အာမခံငွေက တယောက်ကို ၇၅၄ ဒေါ်လာ ဖြစ်ပါတယ်။

XS
SM
MD
LG