သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း


ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူး မြို့နယ်အတွင်းက စာသင်ကျောင်းတွေ ကို သွားရောက်စဉ်။
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာ လို့ ဆိုးလ်တက္ကသိုလ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တက္ကသိုလ်ဝင်းထဲမှာ ကျင်းပမယ့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မယ့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ယူဖို့အတွက် စီစဉ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင်ဘွဲ့ယူဖို့အပြင် ဇန်နဝါရီလ ၂၉ရက်ကနေ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ အယ်လ်ပို်င်းမြို့မှာ ကျင်းပမယ့် ၂၀၁၃ခုနှစ် ဆောင်းရာသီ ပြုံချမ်းအထူးအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံကို ငါးရက်ကြာ အလည်အပတ်သွားရောက်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG