သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက ANC ပါတီ ညွန့်ပေါင်းဖွဲ့ရနိုင်ခြေများ


တောင်အာဖရိကရွေးကောက်ပွဲမဲများ ရေတွက်နေစဉ် (မေ ၃၁၊ ၂၀၂၄)
တောင်အာဖရိကရွေးကောက်ပွဲမဲများ ရေတွက်နေစဉ် (မေ ၃၁၊ ၂၀၂၄)

တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အာဖရိကန် အမျိုးသား ကွန်ဂရက်ပါတီ ANC ပါတီက မဲအများစု မရတဲ့အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့ရမဲ့ အလားအလာများနေပါတယ်။ မဲရလာဒ် ၆၁.၂ % ရေတွက်ပြီးချိန်မှာ ANC ပါတီက ၄၁.၉ % သာအနိုင်ရထားတာ ဖြစ်ပါတယ်။

ဘယ်ပါတီတွေ ညွန့်ပေါင်းဖွဲ့မလဲဆိုတာလည်း နိုင်ငံရေးပါတီတွေကြား ဆွေးနွေးပြောနေကြပါတယ်။ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအနေနဲ့ စတင်ခဲ့တဲ့ သမိုင်းဝင် ANC ပါတီဟာ ၁၉၉၄ ခုနှစ်ထဲက နှစ်ပေါင်း ၃၀ လုံး ရွေးကောက်ပွဲတွေမှာ အများစု အနိုင်ရခဲ့ပြီး တောင်အာဖရိကနိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ ပါတီဖြစ်ပါတယ်။

အသားအရောင်ခွဲခြားမှု အဆုံးသတ်ပြီးနောက် ပထမဆုံးသမ္မတဖြစ်ခဲ့သူ Nelson Mandela ဦးဆောင်ခဲ့တဲ့ ANC ပါတီဟာ လက်ရှိအချိန်အထိ အင်အားအကြီးဆုံး နိုင်ငံရေးပါတီဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်လက်မဲ့ပြဿနာ၊ လျှပ်စစ်မီးပြတ်တောက်မှုစတဲ့ အခြေအနေတွေ ကျဆင်းလာတဲ့အပေါ် ပြည်သူတွေရဲ့ အားပေးထောက်ခံမှု လျော့နည်းလာပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ရွေးကောက်ပွဲတုန်းတော့ ၅၇.၅ % နဲ့ အများစုမဲ အနိုင်ရခဲ့ရာကနေ သိသိသာသာ ကျဆင်းသွားတာဖြစ်ပါတယ်။ စီးပွားရေးကို ဦးစားပေးတဲ့ ဒီမိုကရက်တစ် မဟာမိတ် ပါတီ DA က ၂၃ % နဲ့ ဒုတိယ မဲအများဆုံး ရထားပြီး၊ ရာထူးက ဆင်းပေးခဲ့ရတဲ့ သမ္မတဟောင်း Jacob Zuma ဦးဆောင်တဲ့ MK ပါတီသစ်က ၁၁.၇ % ရထားပါတယ်။ အထူးသဖြင့် သမ္မတဟောင်း Zuma ရဲ့ ဇာတိ KwaZulu-Natal မှာ အရင်က ANC ရခဲ့တဲ့ ထောက်ခံမဲတွေကို MK ပါတီက ရရှိလိုက်တာြဖစ်ပါတယ်။

တောင်အာဖရိကမှာ တတိယအကြီးဆုံး ပါတီဖြစ်တဲ့ မာ့စ်ဝါဒီ စီးပွား လွတ်လပ်ခွင့် တိုက်ဖျက်သူများအဖွဲ့ EFF ပါတီကိုပါ ကျော်လွန်ပြီး MK ပါတီ က ထောက်ခံမဲ ပိုရခဲ့တာပါ။ EFF ပါတီ ကတော့ ၉.၅ % ရရှိထားပါတယ်။ အမတ်နေရာ ၄၀၀ ရှိတဲ့ လွှတ်တော်မှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ သူတို့အနိုင်ရတဲ့ မဲရလဒ်အရေအတွက်ပေါ် မူတည်ပြီး အမတ်နေရာ အနည်းအများ ကွာခြားမှာဖြစ်ပြီး အဲ့ဒီနောက် လွှတ်တော်က သမ္မတသစ်ကို ရွေးကောက် တင်မြှောက်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG