သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကသမ္မတ ဗုဒ္ဒဟူးနေ့ ညနေကစ ရာထူးနုတ်ထွက်


 တောင်အာဖရိက သမ္မတ Jacob Zuma
တောင်အာဖရိက သမ္မတ Jacob Zuma

ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ တောင်အာဖရိက သမ္မတ Jacob Zuma ဟာ ဗုဒ္ဓဟူးနေ့ ညနေကစပြီး သမ္မတရာထူးကနေ နှုတ်ထွက်သွားပါပြီ။

သမ္မတရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေးနေတဲ့ အာဏာရ ANC ပါတီက နှုတ်ထွက်မိန့် ထုတ်ပြန်ခဲ့တဲ့ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ် သမ္မတ Zuma ဟာ သမ္မတတာဝန် ထမ်းဆောင်နေတာ သက်တမ်း ၉ နှစ်ရှိပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ခေါင်းဆောင် Jacob Zuma က သူ့ကို နုတ်ထွက်ဖို့ ANC က ပြောဆိုတာဟာ တရားမမျှတဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ANC ဟာ ပါတီရဲ့ လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ မလိုက်နာဘူးလို့လည်း ပြောပါတယ်။ ပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူပေမယ့် သူဟာ စည်းကမ်းလိုက်နာတဲ့ ပါတီအဖွဲ့ဝင်တဦးအဖြစ် အမြဲရှိနေမှာ ဖြစ်သလို သူ သမ္မတရာထူးက နှုတ်ထွက်ခဲ့တဲ့ နောက်ပိုင်းမှာလည်း တောင်အာဖရိကပြည်သူတွေနဲ့ ANC ပါတီအတွက် ဆက်ပြီးတာဝန်ထမ်းဆောင်မှာ ဖြစ်ကြောင်းပြောပါတယ်။

ANC ပါတီ လက်ရှိဥက္ကဌ Cyril Ramaphosa ကို တောင်အာဖရိက နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကြာသပတေး ဒါမှမဟုတ် သောကြာနေ့မှာ လွှတ်တော်က ရွေးချယ်နိုင်ဖွယ်ရာ ရှိပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း စီးပွားရေး တိုးတက်မှု နှေးကွေးနေတာနဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေနဲ့ နံမယ်ဆိုးရှိနေတဲ့ အတွက် သူ့ကို ရာထူးကဖယ်ရှားဖို့ ANC ပါတီက ဆုံးဖြတ်ခဲ့တာပါ။ အဂတိလိုက်စားမှု စွပ်စွဲချက်တွေထဲမှာ သြဇာကြီးတဲ့ Gupta မိသားစုရဲ့ လွှမ်းမိုးမှုအရ ဝန်ကြီးတွေကို ခန့်အပ်ခဲ့မှု အပြင် သမ္မတက သူ့ရဲ့ ပုဂ္ဂလိကပိုင် အိမ်ယာ ပြုပြင်မွမ်းမံဖို့ အတွက် ပြည်သူပိုင်ငွေ ဒေါ်လာ သန်း ၂၀ သုံးခဲ့တယ်ဆိုတာလည်း ပါဝင်ပါတယ်။

တောင်အာဖရိကသမ္မတ ဗုဒ္ဒဟူးနေ့ ညနေကစ ရာထူးနုတ်ထွက်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG