{{Zawgyi/Unicode}}
ေတာင္အာဖရိကသမၼတေဟာင္း F. W. de Klerk ဟာ ၾကာသပေတးေန႔မနက္က ကိတ္ပ္ေတာင္းၿမိဳ႕ကေနအိမ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။
ဒီကလပ္ခ္ဟာ လူနည္းစု လူျဖဴေတြကပဲ ႀကီးစိုးခဲ့တဲ့ ေတာင္အာဖရိကမွာ လူမ်ိဳးေရးခြဲျခားအုပ္ခ်ဳပ္ခဲ့တဲ့ ေနာက္ဆုံးသမၼတအျဖစ္နဲ႔ ခြဲျခားမႈအဆုံးသတ္ေရး ဦးေဆာင္လုပ္ေပးခဲ့သူျဖစ္ပါတယ္။
အသားေရာင္ခြဲျခားမႈဆန႔္က်င္ေရး လႈပ္ရွားမႈေတြကို အၾကမ္းဖက္ ႏွိမ္နင္းခဲ့တာေၾကာင့္ သူ႔ကို ေဝဖန္တာေတြရွိသလို အသားေရာင္ခြဲျခားမႈ အဆုံးသတ္ေရး လုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္း လူျဖဴအစိုးရဘက္က သူ႔ကို သစၥာေဖာက္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။
လူမည္းေခါင္းေဆာင္ နယ္လ္ဆင္ မန္ဒဲလားနဲ႔အတူ ၿငိမ္းခ်မ္းေရး ႏိုဘဲလ္ဆုကို ပူးတြဲခ်ီးျမႇင့္ခံခဲ့ရၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၈၅ ႏွစ္ရွိၿပီျဖစ္ပါတယ္။ မန္ဒဲလားကေတာ့ အသက္ ၉၅ ႏွစ္အ႐ြယ္ ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလက ကြယ္လြန္ခဲ့တာပါ။
လူမ်ိဳးေရးနဲ႔အသားအေရာင္ခြဲျခားအုပ္ခ်ဳပ္တဲ့စံနစ္ဆိုးက်င့္သံုးမႈေၾကာင့္ ဆယ္စုနွစ္ေပါင္းမ်ားစြာ ကမၻာ့နိုင္ငံေတြရဲ႕ ပိတ္ဆို႔အေရးယူခံထားရတဲ့ ေတာင္အာဖရိကမွာ မန္ဒဲလားကို (၂၇ နွစ္ၾကာ ထိန္းသိမ္းထားရာကေန) လႊတ္ေပးမယ့္အေၾကာင္း လႊတ္ေတာ္ထဲမွာ ၁၉၉၀ ေဖေဖာ္ဝါရီ ၂ ရက္ေန႔က သမၼတ ဒီကလပ္ခ္က ေၾကညာလိုက္ေတာ့ ႏုိင္ငံတဝန္း စိတ္လႈပ္ရွားတႀကီး ေပ်ာ္ရႊင္ခဲ့ၾကပါတယ္။
=========
{{Unicode}}
တောင်အာဖရိကသမ္မတဟောင်း de Klerk ကွယ်လွန်
တောင်အာဖရိကသမ္မတဟောင်း F. W. de Klerk ဟာ ကြာသပတေးနေ့မနက်က ကိတ်ပ်တောင်းမြို့ကနေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ဒီကလပ်ခ်ဟာ လူနည်းစု လူဖြူတွေကပဲ ကြီးစိုးခဲ့တဲ့ တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားအုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးသမ္မတအဖြစ်နဲ့ ခွဲခြားမှုအဆုံးသတ်ရေး ဦးဆောင်လုပ်ပေးခဲ့သူဖြစ်ပါတယ်။
အသားရောင်ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် သူ့ကို ဝေဖန်တာတွေရှိသလို အသားရောင်ခွဲခြားမှု အဆုံးသတ်ရေး လုပ်ဆောင်ချက်တွေကြောင့်လည်း လူဖြူအစိုးရဘက်က သူ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
လူမည်းခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလားနဲ့အတူ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ပူးတွဲချီးမြှင့်ခံခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပါတယ်။ မန်ဒဲလားကတော့ အသက် ၉၅ နှစ်အရွယ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်ခဲ့တာပါ။
လူမျိုးရေးနဲ့အသားအရောင်ခွဲခြားအုပ်ချုပ်တဲ့စံနစ်ဆိုးကျင့်သုံးမှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ တောင်အာဖရိကမှာ မန်ဒဲလားကို (၂၇ နှစ်ကြာ ထိန်းသိမ်းထားရာကနေ) လွှတ်ပေးမယ့်အကြောင်း လွှတ်တော်ထဲမှာ ၁၉၉၀ ဖေဖော်ဝါရီ ၂ ရက်နေ့က သမ္မတ ဒီကလပ်ခ်က ကြေညာလိုက်တော့ နိုင်ငံတဝန်း စိတ်လှုပ်ရှားတကြီး ပျော်ရွှင်ခဲ့ကြပါတယ်။
#DeKlerk #NelsonMandela #voaburmese #တောင်အာဖရိက #အသားရောင်ခွဲခြားမှု #ဗွီအိုအေမြန်မာပိုင်း
=========