သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ခြားစက်ရုံကို စစ်နယ်မြေ သတ်မှတ် ဖို့ မြောက်ကိုရီးယား ကြိမ်းဝါး


တောင်ကိုရီးယားနိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံ Kaesong စက်မှုဇုံကို တင်ပို့နေတဲ့ ကုန်တင်ကားများကို တွေ့ရစဉ်။
တောင်ကိုရီးယားနိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံ Kaesong စက်မှုဇုံကို တင်ပို့နေတဲ့ ကုန်တင်ကားများကို တွေ့ရစဉ်။
တောင်နဲ့မြောက်ကိုရီးယားနိုင်ငံတွေအကြား တင်းမာမှုတွေ တိုးမြင့် ဖြစ်ပေါ်နေ တာကြောင့် နှစ်နိုင်ငံ ပြန်လည် ရင်ကြားစေ့နိုင်ရေး သင်္ကေတအဖြစ် နောက်ဆုံး လက်ကျန်အဖြစ် တည်ရှိနေသေးတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်း လုပ်ဆောင်ရေး အစီအစဉ်တွေကို ထိခိုက်လာနေပါတယ်။

နှစ်နိုင်ငံ နယ်ခြားဒေသမှာ ပူးတွဲ ဖွင့်လှစ်ထားတဲ့ Kaesong စက်မှုဇုံ မှာ တောင်ကိုရီးယားဖက်က ပြောထားတဲ့အတိုင်း စစ်ဆေးမှုတွေ တင်းကြပ် လုပ်ဆောင် လာမယ်ဆိုရင် အဲဒီ စက်မှုဇုံကိုပိတ်ပြီး စစ်ဖက်ဇုံ အဖြစ် ပြန်ပြောင်းပစ်မယ် လို့ မြောက်ကိုရီးယားဖက်က သတိပေးထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံက မနှစ်က နိုဝင်ဘာလအတွင်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂက တိုးချဲ့ ပြစ်ဒဏ် ချမှတ်လိုက်တာကြောင့် ဒီ စက်မှုဇုံဒေသကို တင်သွင်းနေတဲ့ စက်မှုပစ္စည်းတွေနဲ့ တခြား ကုန်ပစ္စည်းတွေကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အခုသီတင်းပတ် အစောပိုင်းမှာ ကြေငြာလိုက်တဲ့အပေါ် မြောက်ကိုရီးယားဖက်က အခုလို တုန့်ပြန်လာတာပါ။

ကုလသမဂ္ဂရဲ့ အဲဒီ တိုးချဲ့ ပြစ်ဒဏ် ချမှတ်တဲ့အပေါ် မြောက်ကိုရီးယားဖက်က ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး နောက်ထပ် ဒုံးကျည်နဲ့ နြူကလီးယား စမ်းသပ် ပစ်လွှတ် မှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရလည်း မြောက်ကိုရီးယားအနေနဲ့ မကြာခင် ရက်ပိုင်းအတွင်း အဲဒီ စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG