သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိသားစု ပြန်လည် ဆုံဆည်းခွင့်ပြုဖို့ ကိုရီးယား ၂ နိုင်ငံ သဘောတူ


ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မျဉ်း
ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မျဉ်း
ကိုရီးယားစစ်ပွဲဖြစ်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်တွေကတည်းက တကွဲတပြား စီဖြစ်ခဲ့ကြတဲ့ မိသားစုတွေ ပြန်လည် ဆုံစည်းကြတဲ့ အစီအစဉ် ပြန်လည် စတင်ကြဖို့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ သဘောတူလိုက်ကြပါပြီ။

၂ နိုင်ငံနယ်စပ်က ပန်မွန်ဂျုံရွာလေးမှာ ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲမှာ အခုလို သဘောတူခဲ့ကြတာလို့ တောင်ကိုရီးယား ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးကပြောဆိုလိုက်တာပါ။ မိသားစုတွေပြန်လည်တွေ့ဆုံပွဲ ကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ Mount Kumgang အပန်းဖြေ စခန်းမှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ် တယ်လို့ဆိုပါတယ်။

အခုလိုမျိုး အစီအစဉ်အရ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကွဲကွာနေတဲ့ မိသားစုဝင်ပေါင်း ၁၈၀၀၀ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပြီးဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ မနှစ်က အလားတူအစီအစဉ်ကို ၂ ဘက်စလုံးက သဘောတူခဲ့ပေမဲ့ မြောက်ကိုရီးယား ဘက်က နောက်ဆုံး အချိန်ကျမှ တောင်ဘက်က ရန်လိုတဲ့ အပြုအမူကြောင့်လို့ အပြစ်တင်ပြီး ဖျက်သိမ်းလိုက်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာတော့ မြောက်ကိုရီးယားဘက်က ပြန်လည်ဆုံစည်းရေး
အထမြောက်အောင် တွန်းအားပေးပြောဆိုခဲ့တယ်လို့ တောင် ကိုရီးယားကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lee Duk-haeng ကပြောပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မယ့်အချိန်နဲ့ အခုပြန်လည်ဆုံစည်းရေး အစီအစဉ်နဲ့ တိုက်ဆိုင်နေ တာကြောင့် မြောက်ကိုရီးယား ဘက်က အရင်ကလိုဘဲ ဖျက်သိမ်းဖို့ နောက်ထပ် အခွင့်ကောင်းဖြစ်နိုင်တယ်လို့ အများကစိုးရိမ်နေကြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင်မှုဟာ ကိုရီးယားကျွန်းဆွယ်ပိုင်နက်ကိုကျူးကျော်တာလို့ မြောက်ကိုရီးယားက ရှုမြင်နေပြီး စစ်ရေးလေ့ကျင့်တာတွေမလုပ်ဖို့ သတိပေးနေပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီယားကတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ခုခံကာကွယ်ဖို့လိုအပ်တာကြောင့် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ပြောနေပါတယ်။
XS
SM
MD
LG