သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ၂ နိုင်ငံ ဆွေးပွဲပြန်စမည်


မြောက်ကိုးရီးယားထိပ်တန်းခေါင်းဆောင် Hwang Pyong So နဲ့အဖွဲ့ တောင်ကိုရီးယားက အာရှအားကစားပွဲတော်ပိတ်ပွဲ အခမ်းအနားသို့လာစဉ်။
မြောက်ကိုးရီးယားထိပ်တန်းခေါင်းဆောင် Hwang Pyong So နဲ့အဖွဲ့ တောင်ကိုရီးယားက အာရှအားကစားပွဲတော်ပိတ်ပွဲ အခမ်းအနားသို့လာစဉ်။

လပေါင်းအတန်ကြာရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေပြန်ပြီးစတင်ဖို့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူညီခဲ့ကြပါတယ်။ အောက်တိုဘာလကုန်နှောင်းပိုင်းနဲ့ နိုဝင်ဘာလအစောပိုင်းလောက်မှာ ဆွေးနွေးပွဲတွေစတင်ဖို့ စီစဉ်ထားတာပါ။

တောင်ကိုးရီးယားနိုင်ငံ Incheon မြို့ကို မြောက်ကိုးရီးယားထိပ်တန်းခေါင်းဆောင် Hwang Pyong So ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ စနေနေ့မှာ မမျှော်လင့်တဲ့ခရီးစဉ်အဖြစ ်ရောက်လာခဲ့ပြီးတဲ့နောက် အခုလို နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြန်စဖို့ ဖြစ်လာတာပါ။ မြောက်ကိုးရီးယားကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုးရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihi-jae ကတွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုးရီးယားအထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ အခုလို တောင်ကိုးရီးယားကိုလာရောက်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာဖို့ အတူတကွဆောင်ရွက်သွားမှာဖြစ်တယ်လို့ Ryoo Kihi-jae ကပြောပါတယ်။

မြောက်ကိုးရီးယားကိုယ်စားလှယ်ခေါင်းဆောင် Hwang Pyong So ဟာ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un ပြီးရင် နံပါတ် (၂) နေရာမှာ ရှိနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်သားဦးရေ တသန်းကျော်ရှိနေတဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့ နိုင်ငံရေးအရာရှိလည်းဖြစ်ပါတယ်။

နောက်ကိုယ်စားလှယ်နှစ်ဦးကတော့ အာဏာရပါတီ အလုပ်သမားပါတီရဲ့အတွင်းရေးမှူး အဖွဲ့ဝင်နှစ်ဦးဖြစ်ပါတယ်။ မြောက်ကိုးရီးယား ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ဟာ Incheon မြို့မှာ စနေနေ့ကကျင်းပတဲ့ အာရှအားကစားပွဲတော်ပိတ်ပွဲအခမ်းအနားကို တက်ရောက်ဖို့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG