သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့မြောက် ကိုရီးယားစစ်ရေး တင်းမာမှု လျော့ကျ


တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး Hong (ဝဲ) နဲ့ တောင်ကိုရီးယားဆိုင်ရာ မြောက်ကိုရီးယား အကြီးတန်းအရာရှိ Kim Yang Gon ကို ဆွေးနွေးပွဲအပြီး တွေ့ရတဲ့မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၅)
တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး Hong (ဝဲ) နဲ့ တောင်ကိုရီးယားဆိုင်ရာ မြောက်ကိုရီးယား အကြီးတန်းအရာရှိ Kim Yang Gon ကို ဆွေးနွေးပွဲအပြီး တွေ့ရတဲ့မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၅)

မြောက်ကိုရီးယားက စစ်ရေးအရ အသင့်အနေအထားပြင်ထားတာကို လျှော့ချလိုက်ပြီလို့ တောင်ကိုရီးယားက ဒီကနေ့ပြောပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာနေတဲ့အခြေအနေကို လျှော့ချဖို့ နှစ်ဘက် သဘောတူပြီးတဲ့နောက် အခုလို လျှော့ချလိုက်တာပါ။

အင်္ဂါနေ့က သဘောတူညီချက်ရပြီးတဲ့နောက် မြောက်ကိုရီးယားက သူတို့အဆိုအားဖြင့် တစိတ်တပိုင်း စစ်ပွဲအခြေအနေအဖြစ် သတ်မှတ်ထားတာကို ပြန်ရုပ်လိုက်ပြီလို့ တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုတာပါ။ တောင်ကိုရီးယားဘက်ကလည်း အပြန်အလှန်အားဖြင့် စစ်ဘက် အသင့်အနေအထားကို ပြန်လျှော့ချလိုက်တယ်လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ မြေမြျုပ်မိုင်းတလုံးပေါက်ကွဲတာကြောင့် တောင်ကိုရီးယားစစ်သားနှစ်ဦး ဒဏ်ရာရခဲ့တဲ့အပေါ် စိတ်မကောင်းတဲ့အကြောင်း သဘောတူညီချက်ထဲမှာ မြောက်ကိုရီးယားက ပြောထားပါတယ်။ တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားဘက်ကို ဝါဒဖြန့် ထုတ်လွှင့်တာတွေ ပိတ်ပေးလိုက်ပါတယ်။ စစ်အေးကာလအအတွင်း သီးခြားစီကွဲကွာနေကြတဲ့ မိသားစုတွေ ပြန်လည်ပေါင်းရေးကိစ္စကို စက်တင်ဘာလမှာ ပြန်ပြီး စတင်မယ်လို့ နှစ်ဘက်လုံးကပြောပါတယ်။

ဆက်ဆံရေးတိုးတက်စေဖို့အတွက် ဆိုးလ် ဒါမှမဟုတ် ပြုံယမ်းမှာ ဆွေးနွေးပွဲတွေ မကြာခင် ပြန်စဖို့လည်း သဘောတူထားကြပါတယ်။ တောင်ကိုရီးယား စစ်သင်္ဘောတစင်းကို ၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့မှာ မြောက်ကိုရီးယားက နှစ်မြှုပ်ပစ်ခဲ့ချိန်ကတည်းက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကိစ္စ အခုလုပ်မယ့် ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်တယ်လို့ တောင်ကိုရီးယားက ဒီကနေ့ အရိပ်အမြွက်ပြောပါတယ်။

XS
SM
MD
LG