တောင်အာဖရိကနိုင်ငံက အိုလံပစ်အပြေးသမား Oscar Pistorius ကို လူသတ်မှုနဲ့ ရဲက စွဲချက် တင်လိုက်ပါတယ်၊ သူ့ရဲ့ နေအိမ်မှာ အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက်မှာ ခုလို ရဲက သူ့ကို စွဲချက်တင်လိုက်တာလဲဖြစ်ပါတယ်၊ Pretoria မှာရှိတဲ့ Pistorius ရဲ့ နေအိမ်ထဲကို အပြင်က အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားတဲ့ လက္ခဏာ မတွေ့ရတဲ့အတွက် တခြား သံသယဖြစ်စရာလူ မရှိဘူးလို့ တောင်အာဖရိကရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးနဲ့ Pistorius ၂ ယောက်တည်းပဲ အိမ်ထဲမှာ ရှိကြတယ်လို့ ပြောပြခဲ့တာပါ၊ သေဆုံးသူဟာ Oscar Pistorius ရဲ့
ချစ်သူ Reeva Steenkamp ဖြစ်တယ်လို့ ဒေသခံသတင်းတွေက ပြောပါတယ်။ သေနတ်ပစ်
ခတ်တဲ့အချိန်မှာ သူတို့အိမ်ထဲက ရန်ဖြစ် အော်ဟစ်သံတွေကို အိမ်နီးချင်းတွေ
ကြားရတယ်ဆိုတာကို ရဲက အတည်ပြုပါတယ်။
ခြေထောက် ၂ ဖက်လုံး ပြတ်နေတဲ့ အသက် ၂၆ နှစ်အရွယ် Pistorius ဟာ ပြီးခဲ့တဲ့
August လက လန်ဒန် အိုလံပစ်မှာ ဝင်ရောက်အပြေးပြိုင်ခဲ့လို့ Olympic
သမိုင်းတွင်ခဲ့သူပါ၊ သံပြားကို ကွေးထားတဲ့ပုံစံ အဆင်မြင့် ခြေတုတပ်ပြီး
ပြေးခဲ့လို့ သူ့ကို Blade Runner လို့ လူသိများခဲ့ပါတယ်၊