သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တင်းမာမှု အမေရိကန် စိုးရိမ်


Mullen
Mullen

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဟာ တွက်ချက်မှုလေးတခု လွဲချော်သွားတာနဲ့ကို အခြေအနေ ပိုပြီး ဆိုးသွားနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုက စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန် စစ်ဘက် ထိပ်တန်းအရာရှိကြီးတဦးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံဆီ သူသွားခဲ့တဲ့ ခရီးစဉ်ဟာ အကျိုးရှိခဲ့တယ်လို့ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူလန်က တိုကျိုမြို့မှာ သောကြာနေ့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ စစ်အင်အား တည်ဆောက်မှုအပေါ် စိုးရိမ်တယ်ဆိုတာကို အမေရိကန်က ဆက်ပြီး ပြောဆိုသွားချင်တယ်ဆိုတာကိုတော့ သူက အရိပ်အယောင်ပြ ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို သူ ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ပြောထားပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေကလည်း အဲဒီဒေသတခုလုံး ဒါမှမဟုတ် တစိတ်တပိုင်းကို ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။ အဲဒီပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများရှိနေမယ်လို့ ယူဆကြပါတယ်။

သူတို့ပိုင်ဆိုင်တယ်လို့ပြောထားတဲ့ ပင်လယ်ရေပြင်ပိုက်နက်ထဲကို တရုတ်တို့က ထပ်ခါတလဲလဲ ကျူးကျော် ဝင်ရောက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက စောဒကတက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တချို့မှာဆိုရင် တရုတ် စစ်ရေယာဉ်တွေတောင် ပါတယ်လို့ အဲဒီနိုင်ငံတွေကဆိုပါတယ်။

XS
SM
MD
LG