သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ပြဿနာ အမြန်ဆုံး ဖြေရှင်းဖို့ အင်ဒိုနီးရှား တိုက်တွန်း


တောင်တရုတ်ပင်လယ် ပြဿနာ အမြန်ဆုံး ဖြေရှင်းဖို့ အင်ဒိုနီးရှား တိုက်တွန်း

တောင်အာရှ ပင်လယ်ပြင်အတွက် လိုက်နာရမယ့် စည်းမျဉ်းတခုကို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တရုတ်အကြားမှာ အလျှင်အမြန် သဘောတူညီချက် တခုရဖို့ လုပ်ရမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မနေ့က ပြီးဆုံးခဲ့တဲ့ အရှေ့တောင်အာရှ ဒေသ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် အစည်းအဝေး အတွင်းမှာ ဒီကိစ္စကို အသေးစိတ် ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က ပြောပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝဖွယ်ရှိတဲ့ အပိုင်းတွေမှာ သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုတွေ မဖြစ်ရအောင် အခုလို စည်းမျဉ်းတခုထားရေး သဘောတူညီချက်ရဖို့ အာဆီယံ တိုင်းပြည်တွေနဲ့ တရုတ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ ၉ နှစ်ကြာအောင် ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို လျှင်လျှင်မြန်မြန်နဲ့ အဆုံးသတ် အဖြေထုတ်နိုင်ဖို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေက ဆွေးနွေး သဘောတူညီခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီပြဿနာမျိုးတွေကို ပြဿနာကြုံတဲ့ နှစ်နိုင်ငံကြားချင်း ဆွေးနွေးမလား၊ ဒါမှမဟုတ် နိုင်ငံအများပါပြီး ဆွေးနွေးမလား ဆိုတဲ့အပေါ်မှာ အာဆီယံနဲ့ တရုတ်အကြားမှာ သဘောတူညီမှုမရ အငြင်းပွားနေရပါတယ်။

တောင်အာရှပင်လယ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG