အာရှနိုင်ငံတွေကြား နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ တောင်တရုတ် ပင်လယ်ထဲမှာ နောက်ထပ် ပဋိပက္ခတွေ မဖြစ်အောင် ရှောင်ရှားနိုင်ရေး ဖိလစ်ပိုင်နိုင်ငံရဲ့ အဆိုပြုချက်ကို အရှေ့တောင်အာရှ နိုင်ငံက ရေကြောင်း ကျွမ်းကျင်သူတွေ မနီလာမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
အခုဆွေးနွေးမှုတွေကို အာဆီယံ နိုင်ငံတွေရဲ့ ထိပ်တန်း တာဝန်ရှိသူတွေဆီကို တင်ပြမှာ ဖြစ်ပြီးတော့ ဘာတွေလုပ်သင့်တယ် ဆိုတာကို နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံ မတိုင်ခင် သူတို့က အကြံပေးမှာ ဖြစ်ပါတယ်။
တရုတ်၊ ထိုင်ဝမ် အပြင် အာဆီယံ ၄ နိုင်ငံတို့က သူတို့ပိုင်ကြပါတယ်လို့ ပြောနေတဲ့ ရေပိုင်နက် အငြင်းပွားမှုကြောင့် ဖြစ်နေကြတဲ့ တင်းမာမှုတွေကို အခုလို ဆွေးနွေး အဖြေရှာမှုကနေ လျော့နည်းအောင် လုပ်နိုင်မယ်လို့ အကောင်းဘက်က မျှော်လင့်နေကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဟေဟိုမာ ဘိုင်နေး (Jejomar Binay) က ကျွမ်းကျင်သူတွေကို ပြောပါတယ်။
တောင်တရုတ်ပင်လယ် တခုလုံးကို ပိုင်ဆိုင်ပါတယ်လို့ ပြောနေတဲ့ တရုတ်နိုင်ငံဆီက ၂ ရက်ကြာ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို ကန့်ကွက်မှု ရတယ်လို့ ဖိလစ်ပိုင် သံတမန် ၂ ယောက်က AP သတင်းကို ပြောပါတယ်။