သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်တွင်း အာစီယံနဲ့ တရုတ်ပူးတွဲစစ်ရေးလေ့ကျင့်မည်


တရုတ်နိုင်ငံက သူပိုင်အဖြစ် သတ်မှတ်ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်ပြင် ဧရိယာ
တရုတ်နိုင်ငံက သူပိုင်အဖြစ် သတ်မှတ်ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်ပြင် ဧရိယာ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ကြား ပထမဆုံး အကြိမ် အဖြစ် တရုတ်နိုင်ငံတောင်ဖက် ပင်လယ်ပြင်မှာ ရှေ့သီတင်းပတ်ထဲ ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ဖို့ စီစဉ်ထား ပါတယ်။ အမေရိကန်နဲ့ ပူးတွဲလေ့ကျင့်မယ့် အစီအစဉ်ကိုလည်း ရှေ့နှစ်ထဲ ကျင်းပသွားဖို့ ဒီနေ့ပဲ သဘောတူခဲ့ကြတာပါ။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကနေ ဒေသတွင်း ရေတပ်ဖွဲ့တွေကြား ယုံကြည်စိတ်ချမှုတွေ တည်ဆောက် နိုင်မှာ ဖြစ်ကြောင်းလည်း စင်္ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောပါတယ်။ မြန်မာနိုင်ငံ လည်း အဖွဲ့ဝင် ဖြစ်တဲ့ အာဆီယံ ၁၀ နိုင်ငံက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာတော့ စစ်ရေး လေ့ကျင့်မယ့် အစီအစဉ်ဟာ အသင်းဝင်နိုင်ငံတွေက ရေတပ်ဖွဲ့တွေနဲ့ တရုတ်ရေတပ်၊ အမေရိ ကန် ရေတပ်ဖွဲ့တွေကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှု ပိုမိုအားကောင်းလာစေမှာ ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် နေရာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် ဒေသတွင်း လုံခြုံရေး ညီလာခံအတွက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ အတူ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့ စင်္ကာပူ နိုင်ငံမှာ ရောက်ရှိနေကြတာပါ။ အမေရိကန်ကာကွယ်ရေး ဝန်ကြီးကတော့ တရုတ်နိုင်ငံနဲ့ အပြုသဘောဆောင် ဆက်ဆံရေးကို ထိန်းထားနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောဆိုခဲ့ပေမဲ့ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင် တရုတ် ပင်လယ်ပြင်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ အပေါ် စိုးရိမ်ကြောင်းလည်း ပြောဆိုထားပါတယ်။

ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံနဲ့ အာဆီယံ ရေတပ်ဖွဲ့တွေ ပူးတွဲလေ့ကျင့်မှုအတွင်းမှာတော့ ရေကြောင်း ဆိုင်ရာ လုံခြုံရေး၊ ဆေးဖက်ဆိုင်ရာ အရေးပေါ် အကူအညီပေးရေး၊ ရှာဖွေ ကယ် ဆယ်ရေး လေ့ကျင့်မှုတွေ ပါဝင်မှာပါ။ တောင်တရုတ်ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်း ပွားနေတဲ့ ကိစ္စတွေကို ရှောင်ရှားတဲ့အနေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်ခဲ့တာလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို စင်္ကာပူကာကွယ်ရေးဝန်ကြီးက ဖြေကြားရာမှာတော့ နိုင်ငံတွေ အားလုံးအနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လွတ်လပ်စွာ ရေကြောင်းသွား လာခွင့် ရှိသလို၊ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ပိုင်ခွင့် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG