သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စ ပြည်ပစွက်ဖက်မှု တရုတ်ကန့်ကွက်


တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စ ပြည်ပစွက်ဖက်မှု တရုတ်ကန့်ကွက်
တောင်တရုတ်ပင်လယ်ပိုင်နက်ကိစ္စ ပြည်ပစွက်ဖက်မှု တရုတ်ကန့်ကွက်

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုမှာ နိုင်ငံခြားရဲ့ ပါဝင် ပတ်သက်နေတာကို တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒေသတွင်း ပင်လယ်ရေကြောင်း ပိုင်နက်ကို အပြိုင်အဆိုင် အငြင်းပွားနေကြတဲ့ အာရှနိုင်ငံတွေ အနေနဲ့လည်း တာဝန်မဲ့ မှတ်ချက်တွေ မပေးသင့်ဘူး၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ သတိပေးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ် အတွင်းက လူမနေပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိတဲ့ ပါရာဆဲလ် (Paracel) နဲ့ စပရက်လေကျွန်းတွေ (Spratley Islands) ပိုင်ဆိုင်မှု အငြင်းပွားနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ အမေရိကန် ပြည်ထောင်စုက ကူညီမယ် ဆိုတာကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြီးတဲ့နောက်မှာ ဒီနေ့ထုတ် တရုတ်လွတ်မြောက်ရေး တပ်မတော် သတင်းစာကနေ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံနဲ့ရော ဖိလစ်ပိုင်နိုင်ငံနဲ့ပါ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားနေတာကို အင်အားသုံး ဖြေရှင်းမှာ မဟုတ်သလို အင်အားသုံးမယ်လို့လည်း အန္တရာယ်ပြု ခြိမ်းခြောက်မှာ မဟုတ်တဲ့အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီ (Hong Lei) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

တချို့နိုင်ငံတွေက အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိ တာဝန်မဲ့ ပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

စပရက်လေကျွန်းစုကို တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတို့က သူပိုင် ငါပိုင် ပြောဆိုနေကြပြီး ပါရာဆဲလ် ကျွန်းစုကိုတော့ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG