သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ပြဿနာ အမေရိကန် ဘက်လိုက်မည်မဟုတ်


Honor guards stand next to the coffins of Georgian servicemen who were recently killed in Afghanistan, in Tbilisi, Georgia. Three Georgian soldiers serving with the NATO-led force in Afghanistan were killed in an insurgent attack on a base in Helmand province.

တောင်တရုတ်ပင်လယ်တွင်း နယ်မြေ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ နိုင်ငံအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အမေရိကန် ထိပ်တန်း သံတမန်တဦးက မေတ္တာရပ်ခံလိုက်ပါတယ်။

တောင်တရုတ်ပင်လယ် ဒေသရဲ့ အချုပ်အချာ အာဏာပိုင်မှုကို တောင်းဆိုကြတဲ့ တရုတ်ပြည်အတွက် လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံအတွက် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအတွက် လည်းကောင်း အမေရိကန်က ရပ်တည်မှာ မဟုတ်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

၃ နိုင်ငံစလုံးက တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်ခွင့်အတွက် တောင်းဆိုနေကြပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဖိလစ်ပိုင် အနေနဲ့ အကူအညီလိုရင် ပေးမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မီးလောင်ရာ လေပင့် မလုပ်လိုတဲ့အကြောင်း၊ ဒီနယ်မြေအတွင်းမှာ ငြိမ်းအေးမှုနဲ့ တည်ငြိမ်မှုကို အလေးအနက် ထိန်းသိမ်းထားလိုကြောင်း မစ္စတာ ကမ့်ပ်ဘဲလ်က ပြောကြားပါတယ်။

အမေရိကန် ပြည်နယ်တခုဖြစ်တဲ့ ဟာဝိုင်ယီမှာ မစ္စတာ ကမ့်ပ်ဘဲလ်က တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကွီကျန်ဂိုင်း (Cui Tiankai) နဲ့ စနေနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

တောင်တရုတ်ပင်လယ်ထဲက တရုတ်ပိုင် ကျွန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဆန့်ကျင် တောင်းဆိုနေတဲ့ နိုင်ငံတွေဟာ မီးနဲ့ ကစားနေကြတာပဲလို့ မစ္စတာ ကွီကျန်ဂိုင်းက ပြောခဲ့ပါတယ်။

အမေရိကန် အနေနဲ့ ဆန့်ကျင်ဘက် အနေအထားမှာ ရှိနေမှာ မဟုတ်ဘူးလို့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာ ကွီက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG