သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ ေရပိုင္နက္အျငင္းပါြးတဲ႔ အင္ဒိုနီးရွား အေမရိကန္ဘက္ ပိုယိမ္း


INDONESIA-CHINA/North Natuna ပင္လယ္ျပင္မွာစစ္ေရးေလ့က်င့္ေနတဲ့ အင္ဒိုနီးရွားေရတပ္။ ေအာက္တိုဘာ ၁၊၂၀၂၁။

(Zawgyi)

ပိုင္နက္ဆိုင္ရာ အျငင္းပြား ေရျပင္အေရးမွာ တ႐ုတ္ဘက္ကတိုးၿပီး ဖိအားေပးလာတာနဲ႔ အတူဘဲတျခားေသာ အေရွ႕ေတာင္ အာရွမွာ အဓိကက်တဲ႔ ႏိုင္ငံမ်ား နည္းတူ အင္ဒိုနီးရွား ႏိုင္ငံဟာလည္း စစ္ေရး ဆက္ဆံမႈမွာ အေမရိကန္ဘက္ကို ယိမ္းလာေၾကာင္း သံုးသပ္သူေတြကေျပာပါတယ္။ Ralph Jennings ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

အင္ဒိုနီးရွားႏိုင္ငံရဲ႕ Natuna ကြ်န္းစုရဲ႕ ေျမာက္ပိုင္းမွာ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕ တူးေဖာ္မႈကိုရပ္ဖို႔ ၿပီးခဲ႔တဲ႔ႏွစ္ကုန္ပိုင္း ဒီဇင္ဘာလထဲမွာ တ႐ုတ္ကေေတာင္းဆိုခဲ႔တာပါ။ အဲဒီ ေဒသဟာဆိုရင္တာင္တ႐ုတ္ပင္လယ္ျပင္ရဲ႕ ေတာက္ဘက္ အစြန္ဆံုးမွာတည္ရွိၿပီး အင္ဒိုနီးရွားအစိုးရကေတာ့ North Natuna ပင္လယ္ျပင္လို႔ ေခၚဆိုတာ ျဖစ္ပါတယ္။

ကြ်န္းစုအနီးက အင္ဒိုနီးရွား ေရနံတူးေဖာ္ေရးလုပ္ကြက္အနီးမွာ ဇူလိုင္နဲ႔ ၾသဂုတ္လအတြင္းမွာေတာ့ တ႐ုတ္ရဲ႕ တရားဥပေဒ စိုးမိုးေရးဆိုင္ရာ ေရယာဥ္ေတြကင္းလွည့္ခဲ႔ၿပီး အင္ဒိုနီးရွားရဲ႕ သီးသန္႔ စီးပြားေရးဇံု အတြင္းမွာလည္းတ႐ုတ္ သုေတသနသေဘာၤက ပင္လယ္ၾကမ္းျပင္ သုေတသနလုပ္ခဲ႔ေၾကာင္း အေမရိကန္ အေျခစိုက္ Asia Maritime Transparency Initiative က ေျပာပါတယ္။

တ႐ုတ္ကအရင္ သမိုင္းေၾကာင္းမွတ္တမ္းေတြကို ကိုးကားၿပီးစတုရန္း ကီလိုမီတာ ၃ ဒသမ ၅ သန္း က်ယ္၀န္းတဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္ရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ကို တ႐ုတ္ကသူပိုင္တယ္လို႔ ေျပာဆိုေနတာပါ။ အေရွ႕ေတာင္ အာရွ ၄ ႏိုင္ငံနဲ႔ ထိုင္၀မ္တို႔ကလည္း တ႐ုတ္ဘက္က ပိုင္ဆိုင္တယ္လို႔ ေျပာဆိုထားတဲ႔ ေဒသေတြရဲ႕ တစိတ္တပိုင္း ဒါမွမဟုတ္လည္း အားလံုးကိုသူတို႔ ပိုင္ဆိုင္ေၾကာင္း ေျပာဆိုေနၾကတာပါ။ ေရနံ၊ သဘာ၀ဓာတ္ေငြ႕၊ ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းေတြနဲ႔ ပင္လယ္ ငါးဖမ္း လုပ္ငန္းတို႔ အတြက္ပင္လယ္ကို အေလးထား ေနၾကတာျဖစ္ပါတယ္။

Military exercises

အင္ဒိုနီးရွားတပ္ဖြဲ႔ေတြနဲ႔ အေမရိကန္ စစ္တပ္တို႔ၾကား ႏွစ္စဥ္ က်င္းပေနတဲ႔ Garuda Shield စစ္ေရးေလ႔က်င့္မႈေတြမွာ ဒီႏွစ္ အတြက္ေတာ့ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံထိ တိုးခ်ဲ႕မယ့္ အေၾကာင္း ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း အင္ဒိုနီးရွားစစ္တပ္က ေၾကညာခဲ႔ပါတယ္။ ဒီထဲမွာ ၾသစေၾတးလ်၊ ကေနဒါ၊ ဂ်ပန္၊ မေလးရွား၊ စကာၤပူနဲ႔ ၿဗိတိန္ ႏိုင္ငံတို႔လည္း ပါ၀င္ပါတယ္။

ၾသဂုတ္လ ၁ ရက္ကေန ၁၄ ရက္ေန႔ထိ က်င္းပမယ့္ ဒီႏွစ္ စစ္ေရးေလ႔က်င့္မႈဟာဆိုရင္ အင္ဒိုနီးရွားမွာလုပ္တဲ႔ အႀကီးမားဆံုး စစ္ေရးေလ႔က်င့္မႈ ျဖစ္ေၾကာင္း GBP Aerospace & Defence သတင္း၀က္ဘ္ဆိုက္က ေဖာ္ျပပါတယ္။

အျငင္းပြား ပင္လယ္ျပင္မွာ တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈေတြ ထြက္ေပၚလာခ်ိန္မွာ အင္ဒိုနီးရွား ဘက္က အေမရိကန္နဲ႔ တျခားေသာအေနာက္ မဟာမိတ္ေတြကို စစ္ေရး ေထာက္ကူသူေတြအျဖစ္ ပိုၿပီးသေဘာထားလာေနတယ္လို႔ သံုးသပ္သူေတြက ေျပာပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ New South Wales တကၠသိုလ္က ဂုဏ္ထူးေဆာင္ ႏိုင္ငံေရးသိပၸံ ပါေမာကၡ Carl Thayer က အခုလို ေျပာပါတယ္။

ဒီအခ်က္ေၾကာင့္လည္း အင္ဒိုနီးရွားက အေမရိကန္နဲ႔ တျခားေသာ ႏိုင္ငံေတြကိုအခုလို ရႈျမင္လာတာျဖစ္ၿပီး အထူးသျဖင့္ အေမရိကန္ကိုေတာ့ တန္ျပန္ခ်ိန္ညႇိမႈ သေဘာမ်ိဳး ျဖစ္ပါတယ္။

ႏိုင္ငံရဲ႕ ေရေၾကာင္းသြားလာမႈဆိုင္ရာ လံုျခံဳေရးနဲ႔ ႏိုင္ငံရဲ႕ ေရျပင္ နယ္နိမိတ္ကို အကာအကြယ္ေပးေရး ဆိုင္ရာမွာ ပိုၿပီး ခိုင္မာအားေကာင္းေစမႈ အပါအ၀င္ ျပည္တြင္းနဲ႔ ႏိုင္ငံျခားေရး မူဝါဒေတြကို ေျပာင္းလဲၿပီး အိႏၵိယ သမုဒၵရာနဲ႔ ပစိဖိတ္သမုဒၵရာၾကားမွာ အင္ဒိုနီးရွားဟာ ကမ ၻာတလႊား ေရေၾကာင္း သြားလာမႈ အခ်က္အခ်ာ ျဖစ္လာမယ္လို႔ သမၼတ Joko Widodo က ၂၀၁၄ ခုႏွစ္အတြင္းမွာ ေျပာဆိုခဲ႔တာပါ။

အဲဒီေနာက္ပိုင္းမွာေတာ့ ကြ်န္းေပါင္း ၁၇,၅၀၀ ေက်ာ္နဲ႔ ဖြဲ႔စည္းထားတဲ႔ အင္ဒိုနီးရွား ႏိုင္ငံရဲ႕ ကမ္းေျခေစာင့္ တပ္က တ႐ုတ္ အပါအ၀င္ တျခားေသာ ႏိုင္ငံေတြက တရားမ၀င္ ငါးဖမ္းသေဘာၤေတြကို ေမာင္းထုတ္တာေတြ၊ သိမ္းယူတာေတြလုပ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ေႏွာင္းပိုင္းမွာေတာ့ တပ္ဖြဲ႔၀င္ ၁,၀၀၀ ေက်ာ္နဲ႔ အေျခစိုက္ စခန္းကို Natuna ကြ်န္းစုမွာ ဖြင့္လွစ္ခဲ႔ပါတယ္။ Oh Ei Sun ဟာ စကာၤပူ ႏိုင္ငံတကာ ဆက္ဆံေရး အင္စတီက်ဴက အႀကီးတန္း ပညာရွင္ ျဖစ္ပါတယ္။

"အင္ဒိုနီးရွားနဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံစလံုးက သူတို႔ရဲ႕ သီးသန္႔ စီးပြားေရး ဇုန္ေတြမွာ နယ္ေျမေတြ ထပ္ေတြနဲ႔ ကိစၥကို ေျဖရွင္းတာမွာ ပိုၿပီး ျပင္းထန္လာတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒါေၾကာင့္လည္း ဒီကေန႔ ဒီအခ်ိန္မွာ ဆိုရင္ ထိပ္တိုက္ေတြ႕မႈမ်ိဳး ပိုၿပီး ေတြ႕လာပါတယ္။"

Chinese reaction

စစ္ေအးေခတ္က ၿပိဳင္ဘက္ေတြ ျဖစ္တဲ႔ တ႐ုတ္နဲ႔ အေမရိကန္ဟာ ဒီကေန႔မွာေတာ့ မဟာအင္အားႀကီး ၿပိဳင္ဘက္ေတြ ျဖစ္ပါတယ္။

အင္ဒိုနီးရွားက အေမရိကန္ဘက္ကို ယိမ္းလာတဲ႔ အေပၚ တ႐ုတ္ဘက္က နည္းနည္းေတာ့ စိုးရိမ္ႏိုင္တယ္လို႔လည္း Oh ကေျပာပါတယ္။ အင္ဒိုနီးရွားဟာ အေမရိကန္နဲ႔ အျပည့္အ၀ တသားတည္းျဖစ္ေနတာ မဟုတ္သလို ယူကရိန္းႏိုင္ငံတြင္း စစ္ပြဲ အေရးနဲ႔ ပတ္သက္ၿပီးလည္း ႐ုရွားကို ျပစ္တင္ ရႈတ္ခ်မထားေၾကာင္း သူက ေထာက္ျပပါတယ္။

ဒီႏွစ္ အတြင္း အင္ဒိုနီးရွားနဲ႔ အေမရိကန္တို႔ရဲ႕ Garuda Shield စစ္ေရး ေလ႔က်င့္မႈကို တိုးခ်ဲ႕မယ့္ ကိစၥကိုလည္း တ႐ုတ္ အစိုးရဘက္က မွတ္ခ်က္ေပးေျပာဆိုမႈ မရွိေသးပါဘူး။ အင္ဒိုနီးရွားအေနနဲ႔လည္း တ႐ုတ္ ႏိုင္ငံကို ႏွစ္စဥ္ ေဒၚလာ ၁၆ ဒသမ ၈ တန္ဖိုးရွိ ပို႔ကုန္တင္ပို႔ရာထိပ္တန္းႏိုင္ငံအျဖစ္ အေလးထားသလို ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆံုးႏိုင္ငံလည္း ျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံတြင္းမွာ အေမရိကန္ရဲ႕ အခန္းက႑ အားေကာင္းလာမယ့္ အေရးကို အင္ဒိုနီးရွား မူဆလင္ လူထုက ကန္႔ကြက္ႏိုင္တယ္လို႔လည္း ဂ်ာကာတာက Bina Nusantara တကၠသိုလ္ ႏိုင္ငံတကာ ဆက္ဆံေရးဌာန ကထိက တဦး ျဖစ္သူ Paramitangrum က ေျပာပါတယ္။

ႏိုင္ငံတြင္းက မူဆလင္ အစြန္းေရာက္ အဖြဲ႔အစည္းေတြနဲ႔ အေမရိကန္က ပူးေပါင္းေဆာင္ရြက္မႈကို ျဖတ္ေတာက္မယ့္ အေၾကာင္း တရားေရး ဌာနက ေျပာပါတယ္။ ဒါဟာဆိုရင္ အေမရိကန္ ျပည္ေထာင္စုက အင္ဒိုနီးရွားနဲ႔ အျပန္အလွန္ ဆိုတာထက္ စစ္ေရး ဆက္ဆံမႈ ပိုၿပီး ခိုင္မာဖို႔ အတြက္ဘဲ ခ်ဥ္းကပ္ ေဆာင္ရြက္ခ်က္လို႔လည္း သူမက ေျပာပါတယ္။

"တ႐ုတ္ အေနနဲ႔ ဘာမွ မလုပ္သမွ် ကာလပတ္လံုး ဒါမွမဟုတ္လည္း သူတို႔ဟာ အင္အားေကာင္းသူေတြအျဖစ္ ေဖာ္ျပတဲ႔ ေၾကညာခ်က္ေတြ မထုတ္ရင္ ဒါမွမဟုတ္လည္း သူတို႔ရဲ႕ အင္အားကို ျပသတာမ်ိဳး မလုပ္ဘူးဆိုရင္ေတာ့ အင္ဒိုနီးရွား အတြက္ေရာ အင္ဒိုနီးရွား ျပည္သူေတြ အတြက္ေတာ့ အဆင္ေျပပါလိမ့္မယ္။"


Wider trend in Asia
တ႐ုတ္ကို သတိေပးတဲ႔ အေနနဲ႔ အေမရိကန္ ေရတပ္ရဲ႕ စစ္သေဘာၤေတြ ေစလႊတ္ေနတဲ႔ ကိစၥကိုေတာ့ ပင္လယ္ျပင္aရပိုင္နက္ အျငင္းပြားမႈမွာ ပါ၀င္ ပတ္သက္ေနတဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြက အသီးသီး ေထာက္ခံထားၾကတယ္လို႔လည္း ကြ်မ္းက်င္သူေတြက ဗြီအိုေအကို ေျပာပါတယ္။

(Unicode)

ပိုင်နက်ဆိုင်ရာ အငြင်းပွား ရေပြင်အရေးမှာ တရုတ်ဘက်က တိုးပြီး ဖိအားပေးလာတာနဲ့ အတူဘဲ တခြားသော အရှေ့တောင် အာရှမှာ အဓိကကျတဲ့ နိုင်ငံများ နည်းတူ အင်ဒိုနီးရှား နိုင်ငံဟာလည်း စစ်ရေး ဆက်ဆံမှုမှာ အမေရိကန်ဘက်ကို ယိမ်းလာကြောင်း သုံးသပ်သူတွေက ပြောပါတယ်။ Ralph Jennings ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ Natuna ကျွန်းစုရဲ့ မြောက်ပိုင်းမှာ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ တူးဖော်မှုကို ရပ်ဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာ လထဲမှာ တရုတ်က တောင်းဆိုခဲ့တာပါ။ အဲဒီ ဒေသဟာ ဆိုရင် တောင်တရုတ် ပင်လယ်ပြင်ရဲ့ တောက်ဘက် အစွန်ဆုံးမှာ တည်ရှိပြီး အင်ဒိုနီးရှား အစိုးရကတော့ North Natuna ပင်လယ်ပြင်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ကျွန်းစု အနီးက အင်ဒိုနီးရှား ရေနံ တူးဖော်ရေး လုပ်ကွက် အနီးမှာ ဇူလိုင်နဲ့ သြဂုတ်လ အတွင်းမှာတော့ တရုတ်ရဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ရေယာဉ်တွေ ကင်းလှည့်ခဲ့ပြီး အင်ဒိုနီးရှားရဲ့ သီးသန့် စီးပွားရေးဇုံ အတွင်းမှာလည်း တရုတ် သုတေသန သဘောၤက ပင်လယ်ကြမ်းပြင် သုတေသန လုပ်ခဲ့ကြောင်း အမေရိကန် အခြေစိုက် Asia Maritime Transparency Initiative က ပြောပါတယ်။

တရုတ်က အရင် သမိုင်းကြောင်း မှတ်တမ်းတွေကို ကိုးကားပြီး စတုရန်း ကီလိုမီတာ ၃ ဒသမ ၅ သန်း ကျယ်ဝန်းတဲ့ တောင်တရုတ် ပင်လယ်ပြင်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်က သူ ပိုင်တယ်လို့ ပြောဆိုနေတာပါ။ အရှေ့တောင် အာရှ ၄ နိုင်ငံနဲ့ ထိုင်ဝမ်တို့ကလည်း တရုတ်ဘက်က ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ဒေသတွေရဲ့ တစိတ်တပိုင်း ဒါမှမဟုတ်လည်း အားလုံးကို သူတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတာပါ။ ရေနံ၊ သဘာ၀ ဓာတ်ငွေ့၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ ပင်လယ် ငါးဖမ်း လုပ်ငန်းတို့ အတွက် ပင်လယ်ကို အလေးထား နေကြတာ ဖြစ်ပါတယ်။

Military exercises

အင်ဒိုနီးရှား တပ်ဖွဲ့တွေနဲ့ အမေရိကန် စစ်တပ်တို့ကြား နှစ်စဉ် ကျင်းပနေတဲ့ Garuda Shield စစ်ရေး လေ့ကျင့်မှုတွေမှာ ဒီနှစ် အတွက်တော့ နိုင်င့ပေါင်း ၁၄ နိုင်ငံထိ တိုးချဲ့မယ့် အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အင်ဒိုနီးရှားစစ်တပ်က ကြေညာခဲ့ပါတယ်။ ဒီထဲမှာ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ မလေးရှား၊ စကာၤပူနဲ့ ဗြိတိန် နိုင်ငံတို့လည်း ပါဝင်ပါတယ်။

သြဂုတ်လ ၁ ရက်ကနေ ၁၄ ရက်နေ့ထိ ကျင်းပမယ့် ဒီနှစ် စစ်ရေး လေ့ကျင့်မှုဟာဆိုရင် အင်ဒိုနီးရှားမှာ လုပ်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်း GBP Aerospace & Defence သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

အငြင်းပွား ပင်လယ်ပြင်မှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာချိန်မှာ အင်ဒိုနီးရှား ဘက်က အမေရိကန်နဲ့ တခြားသော အနောက် မဟာမိတ်တွေကို စစ်ရေး ထောက်ကူသူတွေ အဖြစ် ပိုပြီး သဘောထားလာနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ သြစတြေးလျ နိုင်ငံ New South Wales တက္ကသိုလ်က ဂုဏ်ထူးဆောင် နိုင်ငံရေ သိပ္ပံ ပါမောက္ခ Carl Thayer က အခုလို ပြောပါတယ်။

ဒီအချက်ကြောင့်လည်း အင်ဒိုနီးရှားက အမေရိကန်နဲ့ တခြားသော နိုင်ငံတွေကို အခုလို ရှုမြင်လာတာဖြစ်ပြီး အထူးသဖြင့် အမေရိကန်ကိုတော့ တန်ပြန် ချိန်ညှိမှု သဘောမျိုး ဖြစ်ပါတယ်။

နိုင်ငံရဲ့ ရေကြောင်းသွားလာမှု ဆိုင်ရာ လုံခြုံရေးနဲ့ နိုင်ငံရဲ့ ရေပြင် နယ်နိမိတ်ကို အကာအကွယ်ပေးရေး ဆိုင်ရာမှာ ပိုပြီး ခိုင်မာအားကောင်းစေမှု အပါအဝင် ပြည်တွင်းနဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြောင်းလဲပြီး အိန္ဒိယ သမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာကြားမှာ အင်ဒိုနီးရှားဟာ ကမ ္ဘာတလွှား ရေကြောင်း သွားလာမှု အချက်အချာ ဖြစ်လာမယ်လို့ သမ္မတ Joko Widodo က ၂၀၁၄ ခုနှစ် အတွင်းမှာ ပြောဆိုခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ကျွန်းပေါင်း ၁၇,၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ ကမ်းခြေစောင့် တပ်က တရုတ် အပါအဝင် တခြားသော နိုင်ငံတွေက တရားမဝင် ငါးဖမ်းသဘောၤတွေကို မောင်းထုတ်တာတွေ၊ သိမ်းယူတာတွေ လုပ်ပါတယ်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာတော့ တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်နဲ့ အခြေစိုက် စခန်းကို Natuna ကျွန်းစုမှာ ဖွင့်လှစ်ခဲ့ပါတယ်။ Oh Ei Sun ဟာ စကာၤပူ နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျူက အကြီးတန်း ပညာရှင် ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ တရုတ် နှစ်နိုင်ငံစလုံးက သူတို့ရဲ့ သီးသန့် စီးပွားရေး ဇုန်တွေမှာ နယ်မြေတွေ ထပ်တွေနဲ့ ကိစ္စကို ဖြေရှင်းတာမှာ ပိုပြီး ပြင်းထန်လာတယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ ဒီအချိန်မှာ ဆိုရင် ထိပ်တိုက်တွေ့မှုမျိုး ပိုပြီး တွေ့လာပါတယ်။

Chinese reaction

စစ်အေးခေတ်က ပြိုင်ဘက်တွေ ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ဟာ ဒီကနေ့မှာတော့ မဟာအင်အားကြီး ပြိုင်ဘက်တွေ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက အမေရိကန်ဘက်ကို ယိမ်းလာတဲ့ အပေါ် တရုတ်ဘက်က နည်းနည်းတော့ စိုးရိမ်နိုင်တယ်လို့လည်း Oh က ပြောပါတယ်။ အင်ဒိုနီးရှားဟာ အမေရိကန်နဲ့ အပြည့်အ၀ တသားတည်းဖြစ်နေတာ မဟုတ်သလို ယူကရိန်းနိုင်ငံတွင်း စစ်ပွဲ အရေးနဲ့ ပတ်သက်ပြီးလည်း ရုရှားကို ပြစ်တင် ရှုတ်ချမထားကြောင်း သူက ထောက်ပြပါတယ်။

ဒီနှစ် အတွင်း အင်ဒိုနီးရှားနဲ့ အမေရိကန်တို့ရဲ့ Garuda Shield စစ်ရေး လေ့ကျင့်မှုကို တိုးချဲ့မယ့် ကိစ္စကိုလည်း တရုတ် အစိုးရဘက်က မှတ်ချက်ပေး ပြောဆိုမှု မရှိသေးပါဘူး။ အင်ဒိုနီးရှား အနေနဲ့လည်း တရုတ် နိုင်ငံကို နှစ်စဉ် ဒေါ်လာ ၁၆ ဒသမ ၈ တန်ဖိုးရှိ ပို့ကုန်တင်ပို့ရာ ထိပ်တန်း နိုင်ငံ အဖြစ် အလေးထားသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံတွင်းမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ အားကောင်းလာမယ့် အရေးကို အင်ဒိုနီးရှား မူဆလင် လူထုက ကန့်ကွက်နိုင်တယ်လို့လည်း ဂျာကာတာက Bina Nusantara တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန ကထိက တဦး ဖြစ်သူ Paramitangrum က ပြောပါတယ်။

နိုင်ငံတွင်းက မူဆလင် အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ အမေရိကန်က ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်မယ့် အကြောင်း တရားရေး ဌာနက ပြောပါတယ်။ ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုက အင်ဒိုနီးရှားနဲ့ အပြန်အလှန် ဆိုတာထက် စစ်ရေး ဆက်ဆံမှု ပိုပြီး ခိုင်မာဖို့ အတွက်ဘဲ ချဉ်းကပ် ဆောင်ရွက်ချက်လို့လည်း သူမက ပြောပါတယ်။

တရုတ် အနေနဲ့ ဘာမှ မလုပ်သမျှ ကာလပတ်လုံး ဒါမှမဟုတ်လည်း သူတို့ဟာ အင်အားကောင်းသူတွေအဖြစ် ဖော်ပြတဲ့ ကြေညာချက်တွေ မထုတ်ရင် ဒါမှမဟုတ်လည်း သူတို့ရဲ့ အင်အားကို ပြသတာမျိုး မလုပ်ဘူးဆိုရင်တော့ အင်ဒိုနီးရှား အတွက်ရော အင်ဒိုနီးရှား ပြည်သူတွေ အတွက်တော့ အဆင်ပြေပါလိမ့်မယ်။
Wider trend in Asia
တရုတ်ကို သတိပေးတဲ့ အနေနဲ့ အမေရိကန် ရေတပ်ရဲ့ စစ်သဘောၤတွေ စေလွှတ်နေတဲ့ ကိစ္စကိုတော့ ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုမှာ ပါဝင် ပတ်သက်နေတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေက အသီးသီး ထောက်ခံထားကြတယ်လို့လည်း ကျွမ်းကျင်သူတွေက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG