သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့မဟာမိတ်စစ်ရေးလေ့ကျင်စဉ် တောင်တရုတ်ပင်လယ်ထဲ တရုတ်ကင်းလှည့်


This handout photo from the Armed Forces of the Philippines (AFP) released Apr. 7, 2024 shows ships participating in the first Multilateral Maritime Cooperative Activity between the Philippines, US, Australia and Japan, in South China Sea.
This handout photo from the Armed Forces of the Philippines (AFP) released Apr. 7, 2024 shows ships participating in the first Multilateral Maritime Cooperative Activity between the Philippines, US, Australia and Japan, in South China Sea.

ရေပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်း ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတေးလျတို့ ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြတဲ့ တနင်္ဂနွေနေ့မှာပဲ တရုတ်စစ်ဖက်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်ခဲ့ပါတယ်။ ဖိလစ်ပိုင်၊ ဂျပန်ခေါင်းဆောင်တို့နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ၃ နိုင်ငံထိပ်သီးအစည်းအဝေးပွဲမကျင်းပခင် ရက်ပိုင်းအလိုမှာ တောင်တရုတ်ပင်လယ်ရေပြင်အတွင်း ခုလို စစ်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ရေပြင်ပိုင်နက် အငြင်းပွါးမှုတွေကြောင့် တင်းမာမှုတွေတိုးလာတဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စကိုလည်း ထိပ်သီးအစည်းအဝေးပွဲမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် PLA တောင်ပိုင်းတပ်မှုးကတော့ တောင်တရုတ်ပင်လယ်ပြင်တွင်း ရေတပ်နဲ့ လေတပ်တို့ ပူးပေါင်းပြီး ကင်းလှည့်ခဲ့တာဖြစ်ပြီး ရေကြောင်းသွားလာမှုတွေ ရှုပ်ထွေးစေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ထားပါပြီလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တောင်တရုတ်ပင်လယ်ပြင်တွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ကြေညာချက်မှာ အထင်အရှားရည်ညွှန်းပြောဆိုထားတာပါ။ ဖိလစ်ပိုင်စစ်ဖက်ကတော့ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ ပင်လယ်ရေပိုင်နက်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုတွေ ပိုမိုအားကောင်းလာအောင် ဒေသတွင်းနဲ့ နိုင်ငံတကာကပါ အခိုင်အမာပူးပေါင်းဆောင်ရွက်တဲ့ လက္ခဏာဖြစ်တယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG