သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဦးဆောင်တဲ့ ရေတပ်မဟာမိတ် ဗီယက်နမ်လိုလား


တရားဝင်သဘောမဟုတ်ဘဲ ရေတပ်မဟာမိတ်အဖွဲ့တခု အမေရိကန်ဦးဆောင် ဖွဲ့စည်းမယ့် အစီအစဉ်ကို ဗီယက်နမ်နိုင်ငံက အင်တာနက် လူမှုကွန်ယက် အသုံးပြုသူတွေက ကြိုဆိုလိုက်ကြပြီး၊ ဒါဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်မြေတိုးချဲ့မှုကို ထိန်းချုပ်ဟန့်တားနိုင်လိမ့် မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြကြပါတယ်။

အမေရိကန်ပစိဖိတ်ဒေသ ကွပ်ကဲရေးတပ်ဖွဲ့ အကြီးအကဲ Admiral Harry B. Harris Jr. က - အငြင်းပွားနေတဲ့ ရေပိုင်နက်တွေမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ထိန်းသိမ်းထားနိုင်ဖို့ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယရေတပ်တွေ ပူးပေါင်းကြဖို့ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အငြင်းပွားနယ်မြေတွေကို ပိုင်ဆိုင်ကြောင်း ပြသဖို့ တရုတ်က အပြင်းအထန် ကြိုးပမ်းမှုတဲ့အနေနဲ့ နယ်မြေချဲ့ထွင်မှုတွေ လုပ်ဆောင်လာနေတဲ့အတွက် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုဖြစ်နေတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဗီယက်နမ်အတွက် စိုးရိမ်မှုတွေ တိုးလာတဲ့အချိန်မှာ ဒီအဆိုပြုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ရေတပ်မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာတဲ့အခါ တရုတ်အစိုးရအနေနဲ့ အငြင်းပွားနေတဲ့ ရေနယ်နမိတ်တွေမှာ သူတို့ရဲ့ ပြင်းထန်တဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားရလိမ့်မယ်လို့လည်း အင်တာနက်သုံးစွဲသူ Vo Tan Hung က ဗွီအိုအေ-ဗီယက်နမ်ဌာနကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG