သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုင်နက်အငြင်းပွားမှု နိုင်ငံတကာဆုံးဖြတ်ချက် တရုတ်လက်ခံမည်မဟုတ်


တောင်တရုတ်ပင်လယ်မှာ သူတို့ပိုင်နက်ဆိုပြီး တရုတ်က ပြောဆိုနေမှုတွေအပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်တန်းမှုအရ နိုင်ငံတကာ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု လက်ခံမှာ မဟုတ်တဲ့အကြောင်း စနေနေ့မှာပဲ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင် - ဒီအမှုဟာ ကုလသမဂ္ဂ ခုံသမာဓိအဖွဲ့က စီရင်ပိုင်ခွင့် မရှိဘူးဆိုပြီး - တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး Guan Youfei က ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေအရ ဖိလစ်ပိုင်နိုင်ငံက အမှုဖွင့် တိုင်ကြားပြီး၊ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်ကြောင်း ပြောဆိုမှု အပေါ်ု မေးခွန်းထုတ်နေတာ ဖြစ်ပါတယ်။

အမှုကိုတော့ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ တခုကနေ မကြာခင်မှာ ကိုင်တွယ်မယ်လို့ မျှော်လင့်ရပါတယ်။ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ တရားရုံးကတော့ တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားကဘဲ အမှုကို စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း မနှစ်တုန်းကပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Guan Youfei ရဲ့ အခု ကြေညာချက်ဟာ - နိုင်ငံတကာရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်မခံဘဲ - သက်ဆိုင်ရာ နိုင်ငံတွေအချင်းချင်းကြား နှစ်နိုင်ငံချင်းစီ ဆွေးနွေးပြီးတော့ နိုင်ငံတော်တော်များများနဲ့ သူတို့ရဲ့ အငြင်းပွားနေမှုကို ပြေလည်စေချင်တဲ့ တရုတ်နိုင်ငံရဲ့ နှစ်ရှည်လများ ရပ်တည်ချက်ကို ထပ်မံ ပြသနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG