သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရွေးကောက်ပွဲ Park Geun-hye အနိုင်ရ


ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာကျင်းပတဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ Conservative ပါတီ သမ္မတလောင်း ပက်ဂင်ဟဲ (박근혜/Park Geun-hye) က အနိုင်ရသွားပါပြီ။

တောင်ကိုးရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာတဲ့ အသက် ၆၀ အရွယ် ပက်ဂင်ဟဲ က မဲအရေ အတွက် ၅၀.၁% နဲ့ ပြိုင်ဘက် Liberal သမ္မတလောင်း မွန်ဂျဲအင် (문재인/Moon Jae-in) က ၄၈.၉% အသီးသီး ရရှိနေကြတယ်လို့ မဲပေးပြီးသူတွေဆီက ကောက်ယူတဲ့ စစ်တမ်းမှာဖော်ပြလိုက်ပါတယ်။

နိုင်ငံကို ၁၈ နှစ်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံကို ဆင်းရဲတွင်းက ကယ်တင်နိုင်ခဲ့သူ ၁၉၇၉ ခုနှစ်က လုပ်ကြံ ခံခဲ့ ရတဲ့ အာဏာရှင်ဟောင်း သမ္မတပက်ချုံဟီးရဲ့ သမီးဖြစ်သူ မစ္စပက် ဟာ အာဏာရ New Frontier Party ရဲ့ လွှတ်တော်အမတ်ဖြစ်ပြီး လွှတ်တော်သက်တမ်း ၅ ကြိမ်ဆက်တိုက် တာဝန် ထမ်း ဆောင်ခဲ့ သူဖြစ်ပါတယ်။ သူက ဒီကနေ့ ဆိုးလ်မြို့တော်မှာမဲပေးရင်း သူအနိုင်ရလိမ့်မယ် လို့ မျှော်လင့်တဲ့ အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သူ့ရဲ့ပြိုင်ဘက် Democratic United Party ရဲ့ သမ္မတလောင်း အသက် ၅၉ နှစ်အရွယ် မွန်ဂျဲအင် ကတော့ တောင်ပိုင်းက Busan ဆိပ်ကမ်းမြို့မှာ မဲပေးခဲ့ပါတယ်။ မစ္စပက်ရဲ့ ဖခင် သမ္မတပက်ချုံဟီး လက်ထက်မှာ လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ မစ္စတာမွန် အကျဉ်းကျခံခဲ့ရဖူး ပါတယ်။ တောင် ကိုရီးယားနိုင်ငံမှာ မဲပေးနိုင်သူ သန်း ၄၀ ရှိပြီး အနည်းဆုံး ၇၀% ကမဲပေးကြမှာသာ မစ္စတာမွန် နိုင်ခြေ ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
XS
SM
MD
LG