သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ


တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ရုပ်သံကတဆင့် စစ်အုပ်ချုပ်ရေးကြေညာကြောင်း တိုင်းပြည်ကိုပြောကြားစဥ်။ (ဒီဇင်ဘာ ၃၊ ၂၀၂၄)
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ရုပ်သံကတဆင့် စစ်အုပ်ချုပ်ရေးကြေညာကြောင်း တိုင်းပြည်ကိုပြောကြားစဥ်။ (ဒီဇင်ဘာ ၃၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေက လွှတ်တော်ကိုထိန်းချုပ်ထားပြီး နိုင်ငံတော်ကိုဆန့်ကျင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အတွက် ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာဘဲတိုင်းပြည်ကိုအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

သမ္မတ Yoon Suk Yeol က တိုင်းပြည်ကိုရုပ်မြင်သံကြားကနေမိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားလိုလားတဲ့အင်အား စုတွေကိုရှင်းလင်းဖယ်ရှားဖို့နဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပြဌာန်းထားတဲ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေစပြီး လူထုထောက်ခံမှုကျဆင်းလာတဲ့ သမ္မတ Yoon Suk Yeol ဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ သူ ၂၀၂၂ ခုနှစ်အာဏာရလာကတည်းက သူ့ရဲ့အစီစဉ်တွေ တင်သွင်းမှုအောင်မြင်ဖို့ အခက်အခဲ တွေနဲ့ရင်ဆိုင် နေရတာပါ။

သမ္မတ Yoon Suk Yeol ဦးဆောင်တဲ့ ရှေးရိုးစွဲ People Power Party က လွှတ်တော်မှာတင်သွင်းတဲ့ နောက်နှစ် အစိုးရအသုံးစရိတ်တင်သွင်းတောင်းခံမှုဟာ အတိုက်အခံ လွတ်လပ်တဲ့အယူအဆရှိတဲ့ ဒီမိုကရက်ပါတီကို မကျော်လွန်နိုင်ဘဲအခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဇနီးသည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်တဲ့ အဂတိလိုက်စားမှုပတ်သက်ပြီး စွပ်စွဲခံရတဲ့ကိစ္စကိုလွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ဖို့ကိုလည်း သူကပယ်ချထားပါတယ်။

သမ္မတ Yoon Suk Yeol က အခုလိုရေးပေါ်အခြေအနေကြေညာပြီးနောက် အတိုက်အခံ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက အရေးပေါ်အစည်းအဝေးခေါ်ယူထားပါတယ်။

တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG