သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ဂြိုဟ်တုတစင်း အာကာသထဲလွှတ်တင်


တောင်ကိုရီးယားနိုင်ငံသားတွေ ဂြိုဟ်တု လွှတ်တင်တာကို တယ်လီဗီးရှင်းမှ စောင့်ကြည့်နေကြစဉ်။ (ဇန်နဝါရီ ၃၀၊ ၂၀၁၃။)
တောင်ကိုရီးယားနိုင်ငံသားတွေ ဂြိုဟ်တု လွှတ်တင်တာကို တယ်လီဗီးရှင်းမှ စောင့်ကြည့်နေကြစဉ်။ (ဇန်နဝါရီ ၃၀၊ ၂၀၁၃။)
တောင်ကိုးရီးယားနိုင်ငံက ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ အာကာသအတွင်းကို ဂြိုဟ်တု တစင်း အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။

နိုင်ငံ့တောင်ပိုင်း Naro အာကာသ စူးစမ်းလေ့လာရေးဌာနက လွှတ်တင်ခဲ့တာဖြစ်ပြီး ဒါဟာ တောင် ကိုးရီးယား ပြည်သူလူထုရဲ့ အောင်မြင်မှုပဲလို့သိပ္ပံဆိုင်ရာ ဝန်ကြီး အီဂျူးဟိုက ပြောပါတယ်။

၂၀၀၉ ခုနှစ်အတွင်း တောင်ကိုးရီးယားက လွှတ်တင်တဲ့ဒုံးပျံဟာ အာကာသထဲရောက်ခဲ့ပေမဲ့ ဂြိုဟ်တု ကို ဖြုတ်ချလို့ မရခဲ့ပါဘူး။ ၂၁၀၁ မှာ လွှတ်တင်တဲ့ဒုံးပျံကတော့ စတက်ပြီး နှစ်မိနစ် အကြာမှာ မီးလောင်ပျက်စီးခဲ့ပါတယ်။

အခု တောင်ကိုးရီးယားက အောင်မြင်ခဲ့တဲ့ ဒုံးပျံလွှတ်တင်မှုကတော့ မြောက်ကိုးရီးယားက ဒုံးပျံ လွှတ် တင်မှုနဲ့ အချိန်တလပဲ ကွာပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက တာဝေးပစ် ဒုံးပျံစမ်းသပ်မှုတွေ မလုပ်ဖို့ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်ခဲ့တဲ့အပေါ် နိုင်ငံတကာက အသိုင်းအဝိုင်းက ရှုတ်ချကြပါ တယ်။ မြောက်ကိုးရီးယားကတော့ သူတို့လွှတ်တင်တဲ့ဂြိုဟ်တုဟာ ရာသီဥတုလေ့လာရေး အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG