သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုစတင်


တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားအစိုးရဘက်က တားမြစ်နေတဲ့ ကြားကပဲ စတင်လိုက်ပြီဖြစ်ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုတွေဟာ သူတို့နိုင်ငံကို ကျူးကျော်ဖို့ လေ့ကျင့်တာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောဆိုနေတာပါ။ Key Resolve နဲ့ Foal Eagle လို့ နံမည်ပေးထားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို တနင်္လာနေ့မှာ စတင်လိုက်တာ ဖြစ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် တောင်နဲ့မြောက် နှစ်နိုင်ငံကြား သဘောတူထားတဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေး အစီအစဉ်တွေကို ရပ်ဆိုင်းပစ်မယ်လို့ မောက်ကိုရီးယားဘက်က အကြိမ်ကြိမ် သတိပေးပြောဆိုနေတဲ့ကြားကပဲ ခုလို စတင်လိုက်တာပါ။

Key Resolve လို့ နံမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကတော့ တပတ်သာ ကြာမြင့်မှာဖြစ်ပြီး ကွန်ပျူတာ ထိန်းချုပ်စနစ်နဲ့ အဓိက လေ့ကျင့်တာဖြစ်ပါတယ်။ Foal Eagle လေ့ကျင့်မှုကတော့ သီတင်းပတ် ၈ ပတ်အထိ ကြာမှာဖြစ်ပြီး ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှု သင်တန်းမျိုးစုံ ပါဝင်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ အင်အား ၂ သောင်း ၈ ထောင် လောက် ရှိပြီး တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရဲ့ ရန်စောင်မှုတွေကို ဟန့်တားနိုင်အောင် ကူညီဖို့အတွက်ပဲ ဖြစ်ပါတယ်။
XS
SM
MD
LG