သုံးရလွယ်ကူစေသည့် Link များ

တောင်ကိုးရီးယား ပဲ့ထိန်းတပ် ဒုံးလက်နက် လွှတ်နိုင်စွမ်းရှိပြီ


တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန က စမ်းသပ် ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ် ဒုံးကျည်အား တွေ့ရစဉ်။ မြောက်ကိုးရီးယား နိုင်ငံရှိ မည်သည့် ပစ်မှတ် မဆို ပစ်ခတ်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ ဧပြီ ၁၉၊ ၂၀၁၂။
တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန က စမ်းသပ် ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ် ဒုံးကျည်အား တွေ့ရစဉ်။ မြောက်ကိုးရီးယား နိုင်ငံရှိ မည်သည့် ပစ်မှတ် မဆို ပစ်ခတ်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ ဧပြီ ၁၉၊ ၂၀၁၂။

မြောက်ကိုရီးယား နျုးကလီးယားနဲ့ ဒုံးလက်နက်တွေရှိတဲ့ နေရာတွေကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ တပ်ဆင်ထားပြီးပြီလို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။

အဲဒီ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်လိုက်တဲ့အကြောင်း တောင်ကိုရီးယား စစ်ဖက်အရာရှိတဦးက တောင်ကိုရီးယား သတင်းထောက်တွေ နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားဖက်က မအောင်မြင်တဲ့ ဒုံးပျံ စမ်းသပ်ပစ်လွှတ် လိုက်ပြီး နောက်ထပ် နျုးကလီးယား စမ်းသပ်ဖောက်ခွဲမှုအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် အခုလို တပ်ဆင်တာလဲ ဖြစ်ပါတယ်။

အဲဒီ ပဲ့ထိန်းတပ်ဒုံးကျည်ကို ပစ်လွှတ်ပုံ၊ ဝေဟင်မှာပျံသွားပုံနဲ့ ပစ်မှတ်ကို ထိမှန်သွားတဲ့ ဗွီဒီယို မှတ်တမ်းတွေကို တောင်ကိုရီးယားအစိုးရက နောက်ပိုင်းမှာ ပြသခဲ့ပါတယ်။

အဲဒီ ဒုံးကျည်ဟာ မိုင် ၆၂၀ ကျော်အထိ အရောက်သွားနိုင်တာမို့ မြောက်ကိုရီးယားနိုင်ငံအတွင်းက ဘယ်နေရာကိုမဆို ပစ်လို့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ရှင်ဝန်ဆစ် (Shin Won-sik) က ပြောပါတယ်။

တောင်ကိုရီးယားက အခု တပ်ဆင်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ဟာ ရန်သူ့နယ်မြေအတွင်း ခပ်နိမ့်နိမ့်ပျံသန်းပြီး ပစ်မှတ်ကိုထိအောင် ပစ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG