သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည် တောင်ကိုရီးယားမှာ အသင့်ရှိ


တောင်ကိုရီးယားနိုင်ငံက Cruise ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်စဉ်။ ( ဖေဖော်ဝါရီလ ၁၄၊ ၂၀၁၃)
တောင်ကိုရီးယားနိုင်ငံက Cruise ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်စဉ်။ ( ဖေဖော်ဝါရီလ ၁၄၊ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံက ဘယ်နေရာကိုမဆို အချိန်မရွေး ချက်ခြင်း ပစ်ခတ်နိုင်တဲ့ Cruise ဒုံးကျည် ကို တောင်ကိုရီးယားနိုင်ငံက ကြာသပတေးနေ့မှာ ပြသခဲ့ ပါတယ်။ မြောက်ကိုရီးယားဖက်က
နောက်ဆုံး Nuclear စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ပြီး တဲ့နောက် တောင်ကိုရီးယားစစ်တပ်က အရေးပေါ် သတိပေးချက် ထုတ်ပြန် ထားပါတယ်။ မြောက်ကိုရီးယားရဲ့ အဲဒီ့ Nuclear စမ်းသပ် ဖောက်ခွဲမှုအပေါ် နိုင်ငံတကာ ရဲ့ ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ် မှာလည်း အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။

တောင်ကိုရီးယားက အခု ထုတ်ဖော် ပြသလိုက်တဲ့ Cruise ဒုံးကျည်ဟာ ပစ်မှတ်ကို မလွဲတမ်း ပစ်ခတ်နိုင်ကြောင်းနဲ့ အဲဒီ ဒုံးကျည်တွေကို အခု တပ်ဆင်ထားပြီးဖြစ်တဲ့ အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Min-Seok က ပြောပါတယ်။ ဒီဒုံးကျည်က အကွာအဝေး ဘယ်လောက်ကို ပစ်ခတ်နိုင်တယ်ဆိုတာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက မပြောပေမယ့် ရေငုပ်သင်္ဘောနဲ့ ဖျက်သင်္ဘောတွေက ပစ်ခတ်လိုက်တဲ့ အဲဒီဒုံးကျည်တွေက မြေပြင်မှာရှိတဲ့ ပစ်မှတ်ကို အတိအကျ ထိမှန်တဲ့ ဗွီဒီယို မှတ်တမ်းတွေကို ပြသခဲ့ပါတယ်။ ကြီးထွားလာနေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းချောက်မှု အန္တရာယ်က ကာကွယ်နိုင်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအကြား ဒုံးခွင်းဒုံး အစီအစဉ်တွေ တိုးချဲ့လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။
XS
SM
MD
LG