သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား အတိုက်အခံပါတီ ရွေးကောက်ပွဲ မှန်းတာထက် အခြေအနေကောင်း


တောင်ကိုရီးယားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးအပြီး ကောက်ယူထားတဲ့ ရလဒ်တွေ အရ - လက်ရှိ သမ္မတ Park Geun-hye ရဲ့ ရှေးရိုးစွဲဝါဒီ Saenuri ပါတီနဲ့ ပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံပါတီက မျှော်လင့်ထားတာထက် အခြေအနေ ပိုကောင်းနေပြီး၊ အာဏာရပါတီက အမျိုးသားလွှတ်တော်မှာ အမတ်အများစုနေရာ ယူထားတာကိုတောင် ဆုံးရှုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။

မကြာသေးခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာတော့ - သမ္မတ ပခ့် ဟာ လူထုထောက်ခံမှုကို အခိုင်အမာရရှိထားကြောင်း ပြသနေပြီး၊ အထူးသဖြင့် မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုတွေ ကြီးထွားလာနေချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့ သူ့ရဲ့ပြတ်ပြတ်သားသား ရပ်တည်ချက်ကြောင့် ထောက်ခံခဲ့ကြတာပါ။

ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်နေရာ ၃၀၀ အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

မကြာသေးခင်က လူထုစစ်တမ်းတွေအရ လက်ရှိအာဏာရပါတီက အများစုနဲ့ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မယ်လို့ ပြသနေပေမဲ့ ဗုဒ္ဓဟူးနေ့က မဲရုံကနေ ထွက်လာသူတွေကို ကောက်ယူခဲ့တဲ့ ရလဒ်တွေမှာတော့ Saenuri ပါတီက အားနည်းနေတာတွေ့ရပြီး၊ ကိုယ်စားလှယ် နေရာ ၁၂၁ နေရာကနေ ၁၄၃ နေရာကြားလောက်သာ အနိုင်ရခဲ့တာပါ။

KBS ရုပ်မြင်သံကြားက မဲပေးအပြီး ကောက်ယူခဲ့တဲ့ ရလဒ်တွေအရ - အတိုက်အခံ မင်ဂျိုးပါတီက ကိုယ်စားလှယ်နေရာ ၁၀၁ နေရာကနေ ၁၂၃ နေရာကြား ရရှိထားပြီး၊ ကြိုတင်ခန့်မှန်းချက်ထက် သိသိသာသာ ပိုများနေတာ တွေ့ကြရပါတယ်။

XS
SM
MD
LG