သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်


တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယူ မြောင်ဟွန်းဟာ သမီးဖြစ်သူကို သူ့ရဲ့ဝန်ကြီးဌာနမှာ အလယ်အလတ်တန်းအဆင့် ရာထူးနေရာ ခန့်ထားဖို့ ခွင့်ပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးက နုတ်ထွက်ခွင့် တောင်းခံလိုက်ပါတယ်။

သမ္မတ အီလ် မြောင်ဘာ့က်က ၀န်ကြီး ယူ ရဲ့ နှုတ်ထွက်လွှာကို ဒီကနေ့ စနေနေ့မှာ လက်ခံခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် သမီးဖြစ်သူ ယူ ဟွန်ဆန်းကို ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်အဖြစ် ခန့်ထားဖို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့တာဟာ မသင့်လျော်တဲ့လုပ်ရပ် ဖြစ်တယ်ဆိုပြီး ၀န်ကြီး ယူ က လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

အများပြည်သူကြားမှာ မကျေမနပ်ဖြစ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့သမီးဖြစ်သူဟာ ရာထူး လက်ခံထားတာကို ပြန်ရုပ်သိမ်းသွားပြီလို့ ယူက ပြောပါတယ်။ ဒါပေမဲ့ သမီးဖြစ်သူ ဟွန်ဆန်းကို အထူး အခွင့်အရေး ပေးခဲ့တယ်ဆိုတာကိုတော့ သူက ငြင်းပါတယ်။ သမီးကို ခန့်ထားဖြစ်စေခဲ့တဲ့ ရာထူးခန့်ထားရေး လုပ်ငန်းစဉ်ကို စုံစမ်းစစ်ဆေးဖို့ သမ္မတ အီလ် က ညွှန်ကြားထားပါတယ်။

XS
SM
MD
LG