သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားဆေးရုံတရုံ မီးလောင်မှု ၄၁ ဦးထက်မနည်းသေဆုံး


တောင်ကိုရီးယားဆေးရုံ မီးလောင်
တောင်ကိုရီးယားဆေးရုံ မီးလောင်

တောင်ကိုးရီးယားနိုင်ငံက ဆေးရုံတခုမီးလောင်မှုမှာ သေဆုံးသူ ၄၁ ယောက်ထိ ရှိသွားပြီဖြစ်သလို နောက်ထပ်လည်း တိုးလာဦးမယ်လို့ ခန့်မှန်းရပါတယ်။

မီးလောင်မှုကြောင့် လူပေါင်း ၇၀ ထက်မနည်း ဒဏ်ရာရသွားသလို ၁၀ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာရှိတဲ့ Miryang မြို့က Sejong ဆေးရုံရဲ့ အရေးပေါ်ခန်းကနေ ဒီကနေ့သောကြာနေ့မနက် အစောပိုင်းမှာ မီးစလောင်ပြီး ခပ်မြန်မြန် မီးကူးသွားခဲ့တယ်လို့ မီးသတ်သမားတွေကပြောပါတယ်။

မီးလောင်တဲ့အချိန်မှာ ဆေးရုံထဲလူနာပေါင်း ၂၀၀ ကျော်ရှိနေပြီး အနီးမှာလည်း လူအိုရုံတခုရှိနေတာပါ။ လူအိုရုံထဲက လူနာပေါင်း ၉၄ ဦးကိုတော့ ဘေးလွှတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ The Korean Herald သတင်းဌာနကပြောပါတယ်။ တောင်ကိုးရီးယားသမ္မတ Moon Jae-in ကသူ့ရဲ့ ထိပ်တန်းအကြံပေးတွေနဲ့ အရေးပေါ်အစည်းအဝေးတရပ်ကိုခေါ်ယူပြီး နောက်ထပ်သေဆုံးမှုတွေတိုးမလာစေဖို့ မီးဒဏ်သင့်ခဲ့တဲ့ လူနာတွေအတွက်လိုအပ်တဲ့ ဘယ်လို ဆေးဝါးအကူအညီမျိုးကိုမဆိုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မီးလောင်မှုကြောင့် သမ္မတကစိတ်မကောင်းဖြစ်ရကြောင်း ပြောခွင့်ကသူကဆိုပါတယ်။ မီးလောင်ဒဏ်သင့်သူတွေနဲ့ မိသားစုဝင် တွေကို လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံပါတီက ထိပ်တန်းအရာရှိတို့ အတူသွားရောက်ပြီး ဝမ်းနည်းစကားပြောဆိုခဲ့ပါတယ်။ ဒါဟာဖြစ်တောင့်ဖြစ်ခဲ့ စည်းလုံးမှုဖြစ်တယ်လို့လည်း Yonhap သတင်းအေဂျင်စီကပြောါပတယ်။ မီးညွှန့်တွေကို ၃ နာရီကျော်ကြာအောင် ငြိမ်းသတ်ခဲ့ရတာပါ။ မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ မီးသတ်အရာရှိချုပ် Choi Man-woo ကသတင်းထောက်တွေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG