တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှု အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားဘက်က မြန်မာ လုပ်သားတွေ ပိုပြီး ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။
တာင်ကိုရီးယားဘက်က မြန်မာ လုပ်သားတွေကို ခေါ်ယူနိုင်မယ့် အလားအလာ၊ အလုပ်အကိုင် အခြေအနေနဲ့ အလုပ်သမား အခွင့်အရေး၊ စီးပွားရေး အရရော တွက်ခြေကိုက်ပါသလား ဆိုတာတွေကို တောင်ကိုရီးယားမှာ အခြေချနေထိုင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံတကာ စည်းရုံးရေး ကော်မတီ တောင်ကိုရီးယား ဌာနရဲ့ ဥက္ကဌ ဦးရန်နိုင်ထွန်းနဲ့ ဆက်သွယ် မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။