သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည် ၂၂ ဦး တောင်ကိုရီးယားအစီအစဉ်သစ်အရ အခြေချခွင့်ရ


တောင်ကိုရီးယားအစိုးရရဲ့ ဒုက္ခသည် ရွှေ့ပြောင်းအခြေချရေး အစီအစဉ်သစ်အရ ပထမဆုံး အကျိုးခံစားရသူတွေအဖြစ် မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား ဒုက္ခသည် ၂၂ ယောက်ဟာ တောင်ကိုရီးယားနိုင်ငံကို ဆိုက်ရောက်လာကြတယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီကရင်တိုင်းရင်းသားမိသားစု ၄ စုဟာ တောင်ကိုရီးယားနိုင်ငံကို အခုလို လေကြောင်းခရီးနဲ့ ဆိုက်ရောက် မလာခင် မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရာမှာ ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အခုလို ပြန်လည်အခြေချဖို့ တတိယနိုင်ငံကို ရွေးချယ်တဲ့ အကြောင်းအရင်းများအနက် ပညာရေးကို ဦးစားပေးပြီး တောင်ကိုရီးယားကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီဒုက္ခသည်တွေကို F-2 အမျိုးအစား အခြေချနေထိုင်ခွင့်ဗီဇာ ထုတ်ပေးလိုက်တယ်လို့ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အခုနှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ ဒုက္ခသည် အစီအစဉ်အရ နှစ်စဉ် မြန်မာနိုင်ငံသား ဒုက္ခသည် ၃၀ အထိကို ၂၀၁၇ အထိ အစမ်းသဘော လက်ခံမှာ ဖြစ်ပါတယ်။ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်လေ့လာပြီး ဒီဒုက္ခသည်အစီအစဉ် ဆက်လက် ထားရှိ သင့် မသင့် ဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရပ်ခြားမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေ ရွှေ့ပြောင်း အခြေချနေထိုင်ခွင့် ပြုရေးအတွက် တောင်ကိုရီးယား အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကြား သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ၅ လ အကြာမှာ အခုလို စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG