သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်


Workers of This Day newspaper protest and barricade the front office due to non payment of salaries, in Lagos, May 10, 2013.

တောင်ကိုရီးယား ရေတပ် တပ်ဖွဲ့တွေဟာ တကယ့်ကျည်တွေ သုံးပြီး ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်ခန်းတွေကို ဒုတိယပတ်အဖြစ် ဒီနေ့ စလုပ်နေပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို တောင်ကိုရီးယားနိုင်ငံရဲ့ ကမ်းခြေ ဒေသတွေမှာ လုပ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ဒီလို စစ်ရေး လေ့ကျင့်ခန်းတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်လာစေနိုင်တယ်လို့ သတိပေးထားတာကို ဂရုမစိုက်ဘဲ ဒီလေ့ကျင့်ခန်းတွေကို ဆက်လုပ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာမို့ တောင်ကိုရီးယား အစိုးရဟာ သူ့ပြည်သူတွေကို ကြိုတင် ပြင်ဆင်ထားတဲ့ အနေနဲ့ အရပ်သားဆိုင်ရာ ကာကွယ်ရေး လေ့ကျင့်ခန်းတွေကိုလည်း ဗုဒ္ဓဟူးနေ့မှာလုပ်ဖို့ စီစဉ်နေပါတယ်။ အဓိကကတော့ တိုက်ပွဲတွေ ဖြစ်လာရင် အရပ်သားတွေ အနေနဲ့ ကတုတ်ကျင်းထဲကို အမြန်ပြေးဝင် ခိုလှုံနိုင်အောင် ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးမှူးဟောင်း တဦးကတော့ မနေ့ကလုပ်ခဲ့တဲ့ အင်တာဗျူး တခုထဲမှာ မြောက်ကိုရီးယားဘက်က နောက်ထပ် စစ်ရေးလှုံ့ဆော် တိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တယ်၊ အဲဒါကြောင့် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ အကန့်အသတ်နဲ့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောခဲ့ပါတယ်။

သံတမန်ရေး စာမျက်နှာမှာတော့ အမေရိကန် စစ်ရေးကိုယ်စားလှယ် တဖွဲ့ဟာ ဆိုးလ်မြို့တော်မှာ ဒီနေ့ ဆွေးနွေးပွဲတခု လုပ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ တရုတ်ဘက်က မြောက်ကိုရီးယားနဲ့ ဒေသတွင်း အင်အားကြီးတဲ့ နိုင်ငံတွေကြားမှာ အရေးပေါ် ဆွေးနွေးပွဲတခု လုပ်ဖို့ ဆက်လက် ဖိအားပေးနေပါတယ်။

လက်တွေ့ပစ်ခတ်မှုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းကို ဒီနေ့ကနေ သောကြာနေ့အထိ ၂၇ နေရာမှာ လုပ်သွားမှာဖြစ်ပြီး ပင်လယ်ဝါ ကမ်းခြေဒေသက နေရာ ၁၅ နေရာလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားဘက်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြီး ပြီးကတည်းက တောင်ကိုရီးယား အစိုးရဟာ ပြန်တုံ့ပြန်ဖို့ အဆင်သင့် မဖြစ်ဘူး ဆိုပြီး ပြည်သူတွေရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ အဲဒါကြောင့် အခုလို စစ်ရေး လေ့ကျင့်ခန်းတွေကို ရုတ်တရက် ခဏခဏ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်ခန်းတွေထဲမှာ မြောက်ကိုရီးယားကို အင်အားပြဖို့အတွက် အမေရိကန် ရေတပ်နဲ့ ပူးတွဲလုပ်ခဲ့တဲ့ ရေတပ် လေ့ကျင့်ခန်းကြီး တခုလည်း ပါပါတယ်။

XS
SM
MD
LG