သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်တာတို ဒုံးကျည် ပစ်လွှတ်မှု တောင်ကိုရီးယား စစ်ရေး တပ်လှန့်


 တောင်ကိုရီးယားသမ္မတ Park Geun-hye။ ( မတ်၊ ၂၀၁၆)
တောင်ကိုရီးယားသမ္မတ Park Geun-hye။ ( မတ်၊ ၂၀၁၆)

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အရှေ့ဘက်ကမ်းလွန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည် အများအပြား ဒီကနေ့ ပစ်ခတ်တယ် လို့ တောင်ကိုရီးယားကပြောပြီး စစ်ရေးအသင့်အနေအထား တပ်လှန့်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်အပေါ် တောင်ကိုရီးယားသမ္မတ Park Geun-hye က အခုလို တုန့်ပြန်ပါတယ်။

“မြောက်ကိုရီးယားအစိုးရအနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး တာဝန်မဲ့လုပ်နေတာကို စွန့်လွှတ်ဖို့နဲ့ မြောက်ကိုရီးယား လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ဖိနှိပ်ထားတဲ့ အာဏာရှင်အုပ်ချုပ်ရေးကို အဆုံးသတ် ဖို့ တောင်ကိုရီးယားအစိုးရအနေ နဲ့ ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမှာဖြစ်သလို တကမ္ဘာလုံးနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်။” လို့ တောင်ကိုရီး ယားသမ္မတ Park Geun-hye က ကိုရီးယားဘာသာစကားနဲ့ ပြောသွားတာပါ။

ပစ်လွှတ်တဲ့ ဒုံးကျည်အရေအတွက် အတိအကျနဲ့ သဘောသဘာဝကို သိရအောင် ကြိုးစားနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တုန့်ပြန်တာ ဖြစ်နိုင်ခြေရှိပါတယ်။ မကြာသေးခင်က နျူကလီးယားစမ်းသပ်တာနဲ့ တာဝေးဒုံးပျံ ပစ်လွှတ်ခဲ့တာတွေအတွက် မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့တာပါ။

XS
SM
MD
LG