သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးလက်နက်စနစ် တိုးချဲ့မည်


တောင်ကိုရီးယား ပဲထိန်းဒုံးလက်နက် စမ်းသပ် ပစ်လွှတ်ခဲ့စဉ်။ (ဓာတ်ပုံ -တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန)။ ဧပြီလ ၁၉ ရက်၊ ၂၀၁၂။
တောင်ကိုရီးယား ပဲထိန်းဒုံးလက်နက် စမ်းသပ် ပစ်လွှတ်ခဲ့စဉ်။ (ဓာတ်ပုံ -တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန)။ ဧပြီလ ၁၉ ရက်၊ ၂၀၁၂။
မြောက်ကိုရီးယားနိုင်ငံအနှံ့ ထိရောက်အောင် ပစ်နိုင်ဖို့ တောင်ကိုရီးယား နိုင်ငံရဲ့ မစ်ဇိုင်း (Missile) ဒုံးလက်နက်စနစ်ကို ၃ ဆ တိုးချဲ့ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ စီစဉ်နေတဲ့ အကြောင်း တောင်ကိုရီးယား နိုင်ငံက ကြေညာလိုက်ပါတယ်။

လောလောဆယ်ရှိနေတဲ့ ပဲ့ထိန်းတပ် ဒုံးလက်နက်ဟာ မိုင် ၂၀၀ အကွာထိသာ ပစ်နိုင်ပြီး အခု တိုးချဲ့မယ့် လက်နက်က မိုင် ၅၀၀ အထိ ပစ်နိုင်မှာဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက သတင်းထောက်တွေကို ဒီနေ့ပြောဆိုလိုက်တာပါ။ ၂၀၀၁ ခုနှစ်က အမေရိကန်နဲ့ သဘောတူညီချက်အရ ပဲ့ထိန်းဒုံးလက်နက်ကို မိုင် ၂၀၀ အထိသာ ပစ်နိုင်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဒီကြေညာချက်အပေါ် အမေရိကန်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါဘူး။

မြောက်ကိုရီးယားရဲ့ စစ်ရေးအရ ရန်လိုမှုကို အာရုံလွှဲတဲ့ အနေနဲ့ ပဲထိန်းဒုံးစနစ် လမ်းညွှန်ချက်ကို ပြန်လည် သုံးသပ်ဖို့က အရေးကြီးဆုံး ရည်ရွယ်ချက်ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးပြောခွင့်ရသူ Chun Young-woo ကပြောပါတယ်။

ဒီကြောညာချက်ကြောင့် မြောက်ကိုရီးယားက ဒေါသတကြီးနဲ့ တုံ့ပြန်မှာ ကတော့ သေချာသလောက်ပါပဲ။ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးလက်နက်စနစ်ဟာ တောင်ကိုရီးယား တနိုင်ငံလုံးကို သာမက ဒေသတွင်းတခြားနိုင်ငံ တွေအထိပါ ထိရောက်အောင် ပစ်နိုင်စွမ်း ရှိပါတယ်။
XS
SM
MD
LG