သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည်


အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye (၅ မေ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye (၅ မေ ၂၀၁၃)
အင်္ဂါနေ့မှာတော့ တောင်ကိုရီးယား သမ္မတ ပခ့် ဂွန် ဟေး (Park Geun-hye) ဟာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သမ္မတအိမ်ဖြူတော်မှာ နှစ်ဘက် ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ရှိပါတယ်။ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာကြောင့်၊ မြောက်ကိုရီးယားကိစ္စအပေါ် ဘယ်လို ပူးပေါင်းကိုင်တွယ်ကြမလဲဆိုတာကို အလေးပေး ဆွေးနွေး မယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားဘက်က ပြုမူလာတဲ့ စိန်ခေါ်ချက်တွေအပေါ်မှာ ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ တောင်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စကိုလည်း ဆွေးနွေးမှာဖြစ်ပြီး၊ အမေရိကန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေးဟာ အလွန်တရာကို အရေးကြီးတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရသူက ပြောသွားပါတယ်။

တောင်ကိုရီးယားလူမျိုး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တောင်ကိုရီးယားသမ္မတ ပခ့် ဂွန် ဟေး (Park Geun-hye) တို့အကြား တနင်္လာနေ့တုန်းက ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်းမှာလည်း မြောက်ကိုရီးယားကိစ္စက အဓိက လွှွမ်းမိုးခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က ရန်စမှုအပေါ်မှာ တောင်ကိုရီးယားသမ္မတသစ်ရဲ့ တုံ့ပြန်မှုဟာ ခိုင်ခိုင်မာမာရှိတယ်။ ဒါပေမဲ့ အတိုင်းအတာ ရှိတယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ချီးကျူးလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ မစ္စစ် ပခ့် ဟာ အမေရိကန် ပြည်ထောင်စုကို ၅ ရက်ကြာခရီး စတင်ရောက်ရှိနေပြီး၊ နယူးယောက်အပြင် ဝါရှင်တန်ဒီစီနဲ့ ကယ်လီဖိုးနီးယား ပြည် နယ်တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို လျော့ပါးသွားစေဖို့နဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းစေဖို့အတွက် သူ့အနေနဲ့ ကူညီ ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
XS
SM
MD
LG