သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား မိုးကြီးမြေပြို လူ (၂၆) ဦးမက သေဆုံး


မိုးသည်းထန်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ၊ Yecheon မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ မီးသတ်သမားများ၊ ဂျူလိုင် ၁၅၊ ၂၀၂၃
မိုးသည်းထန်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ၊ Yecheon မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ မီးသတ်သမားများ၊ ဂျူလိုင် ၁၅၊ ၂၀၂၃

တောင်ကိုရီးယားနိုင်ငံမှာ မိုးကြီးနေတာကြောင့်အနည်းဆုံး လူ ၂၆ ယောက် သေဆုံးပြီး အခြား လူ ၁၀ ဦးတို့လည်း ပျောက်ဆုံးနေပါတယ်။ ခုလိုသေဆုံးတာတွေက တောင်ကိုရီးယားနိုင်ငံ ရဲ့ ဗဟိုနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ သောကြာ၊ စနေ ကဖြစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

အင်္ဂါနေ့ကတည်းကဆိုရင် အနည်းဆုံးလူ ၁၀ ယောက်ပျောက်ဆုံးနေပြီး အခြား လူ ၁၃ ယောက်လည်း ကြာသပတေးနေ့ကစလို့ အနာတရ ဖြစ်ခဲ့ကြတာပါ။လူပေါင်း ၅၅၇၀ ကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီး၊အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကျော်ဟာလွန်ခဲ့တဲ့ ရက်တွေအတွင်း မီးပြတ်နေခဲ့ကြပါတယ်။

စနေနေ့ညအထိလူပေါင်း ၄၂၀၀ တို့မှာလည်း ယာယီခိုနားရာစခန်းတွေမှာ နေထိုင်နေကြရပါတယ်။ လေယာဥ်ခရီးစဥ် ၂၀ ကျော် ကိုဖျက်လိုက်ရပြီး၊ မီးရထားနဲ့ ကျည်ဆံရထားတွေကိုလည်း ရပ်နားထားရတာပါ။ ရေကြီးတာကြောင့် လမ်းပေါင်း ၂၀၀ နီးပါးကိုလည်း ပိတ်ထားရပါတယ်။

ခုလို ရေးဘေးကို တုံ့ပြန်ဖို့အတွက် ရနိုင်သမျှအရင်းအမြစ်တွေ ကို အသုံးပြုဖို့ ဝန်ကြီးချုပ် Han Duck-soo ကို ယူကရိန်းကို ခရီးသွားနေတဲ့ သမ္မတ Yoon Suk Yeol က ပြောကြားထားကြောင်း သမ္မတရုံး က ပြောပါတယ်။

တချို့နေရာတွေက တနင်္ဂနွေအထိမိုးကြီးလိမ့်မယ်လို့ မိုးလေဝသဌာနကတော့ ပြောထားပါတယ်။ တိုင်းပြည်ရဲ့ အလယ်ပိုင်းမှာ အထူးသဖြင့် မိုးကြီးခဲ့ပြီး၊ Gongju နဲ့ Cheongyang ခရိုင်မှာ ဇူလိုင်လ ၉ ရက်နေ့ ကတည်းကဆိုရင် မိုးရေချိန် ၂၄ လက်မ ရွာသွန်းခဲ့ပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယား မိုးကြီးမြေပြို လူ (၂၆) ဦးမက သေဆုံး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG