သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးသမ္မတ နှုတ်ထွက်ဖို့ဆန္ဒပြပွဲ ၄ ပတ်မြောက်


 တောင်ကိုရီးယား သမ္မတ Park Geun-hye ရာထူးကနေ နုတ်ထွက်ပေးဖို့ ၄ ပတ်မြောက် ဆန္ဒပြတောင်းဆိုနေကြစဉ် Nov. 17, 2016.
တောင်ကိုရီးယား သမ္မတ Park Geun-hye ရာထူးကနေ နုတ်ထွက်ပေးဖို့ ၄ ပတ်မြောက် ဆန္ဒပြတောင်းဆိုနေကြစဉ် Nov. 17, 2016.
တိုက်ရိုက် လင့်ခ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ သမ္မတ Park Geun-hye နှုတ်ထွက်ရေးအတွက် သီတင်းပတ် ၄ ပတ်မြောက်အဖြစ် စနေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဆိုးလ်မြို့မှာ ပြုလုပ်တ့ ဆန္ဒြုပပွဲမှာ ပါဝင်သူ အရေအတွက်ဟာ ၁၇၀,၀၀၀ လောက် ရှိတယ်လို့ ရဲတပ်ဖွဲ့ပြောပေမယ့် ဆန္ဒပြပွဲကို စီစဉ်သူတွေကတော့ ဆန္ဒပြသူ ၆၀၀,၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲတွေများ အများအားဖြင့် အကြမ်းမှု မရှိဘူးလို့ ဆိုပါတယ်။ ဆန္ဒပြသူတွေ အတွက် ယာယီ တည်ဆောက်ပေးထားတဲ့ စင်မြင့်မှာ မိုက်ကရိုဖုန်းပါ တပ်ပေးထား တဲ့အပြင် ရီစရာ ဟာသပြောတဲ့သူတွေ၊ Rock ဂီတအဖွဲ့တွေပါ လာေ ရာက် ဖျော်ေြ ဖပေးနေတဲ့အတွက် အားလုံးရဲ့ စုဝေး ရာ နေရာဖြစ်လာနေပါတယ်။

ဒါ့အပြင် Pinata လို့ခေါ်တဲ့ သကြားလုံးတွေထဲ့ပြီး ကြိုးတန်းလန်း ဆွဲထားတဲ့ စက္ကူအရုပ်ကို ဒုတ်နဲ့ ရိုက်ခွဲတဲ့ မက္ကဆီကို ကစားနည်းကို ကလေးငယ်တွေ အတွက်ပါစီစဉ်ပေးထားတဲ့အတွက် ဒီ ဆန္ဒပြပွဲဟာ တဖြည်းဖြည်းနဲ့ မိသားစုတွေ ပါဝင်နိုင်တဲ့အခြေနေမျိုးကို ဖြစ်လာနေပါတယ်။ တိုင်းပြည်တဝှမ်းမှာ ရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေလည်း ဒီဆန္ဒပြပွဲမှာ လာရောက် ပါဝင်နေကြပါတယ်။

သမ္မတ Park Geun-hye ဟာ ဒေါ်လာ သန်းပေါင်းများစွာ ပါဝင်ပတ်သက်နေတဲ့ ကိစ္စနဲ့စုံစမ်းစစ်ဆေးမှု ခံနေရတာပါ။ သမ္မတဟာ အကျင့်ပျက်ခြစားမှု ရှိအောင် လုပ်လို့မရတဲ့ ခေါင်းဆောင်တယောက် အဖြစ်မြင်အောင် သမ္မတနဲ့ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မစ္စ Choi Soon-sil က သေသေချာချာ စီစဉ်ပြီး ပုံဖော်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာဖြစ်ပါတယ်။

XS
SM
MD
LG