သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား အဆောက်အဦးပြိုကျမှု ၉ ဦးသေ


တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး။ (၀၂/၁၇/၂၀၁၄)
တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး။ (၀၂/၁၇/၂၀၁၄)
တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ အဆောက်အဦးတခု ပြိုကျရာက လူ ၉ ဦးထက် မနည်း သေဆုံးပြီး နောက်ထပ် ဒါဇင်နဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ကျောင်းသားသစ်တွေကို မိတ်ဆက်တဲ့ အခန်းအနားအတွက် နိုင်ငံခြား ဘာသာစကားသင် ကျောင်းသား ၅၀၀ ကျော်လောက် စုဝေးရောက်ရှိနေတဲ့ တနင်္လာနေ့နှောင်းပိုင်းမှာ အဆောက်အဦး ပြိုကျခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ကျောင်းသား အများအပြား ဘေးလွတ်ရာ ထွက်ပြေးနိုင်ခဲ့ကြပေမဲ့ ဒဏ်ရာတွေရခဲ့ကြတဲ့ ၇၀ လောက် ကိုတော့ ဆေးရုံကို ပို့လိုက်ရကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေကတော့ ပိတ်မိသူတွေ ရှိမရှိ ဆက်လက်ရှာဖွေ နေကြပါတယ်။ အဆောက်အဦး ပြိုကျမယ့် အသံကို စကြားရတဲ့ အချိန်မှာပဲ ကျောင်းသားတွေ ထွက်ပြေးခဲ့ကြပေမဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းပြီး အဆောက်အဦး အနောက်ဘက်မှာ ထွက်ပေါက် တစ်ခုသာ ရှိတာကြောင့် အချိန်မီမပြေးနိုင်ကြတာလို့လည်း လွတ်မြောက်လာတဲ့ ကျောင်းသားတစ်ယောက်က ပြောပါတယ်။ အာဏာပိုင်တွေကတော့ ခေါင်မိုးပေါ်က ထူထပ်တဲ့ နှင်းတွေကြောင့် အဆောက်အဦး ပြိုကျရတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြတာပါ။

မကြာသေးခင်ကပဲ နှင်းတွေကျထားတဲ့ နေရာဖြစ်တဲ့အတွက်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
XS
SM
MD
LG